part (2)

787 57 0
                                    

လပြည့်အိမ်ပြန်ရောက်တော့....."ဖေဖေ...."

"လာထိုင်အုံး....အခုကိစ္စကဘယ်လိုဖြစ်ရတာလည်းရှင်းပြပါအုံး..."

"လာလာသမီးလေးလာ.."လပြည့် မေမေလေးရဲ့ဘေးနားကိုဝင်ထိုင်လိုက်တယ်....

"ဖေဖေ.....သူ့မှာလည်းသူချစ်တဲ့သူရှိနေတယ်...သမီးလည်းသူ့ကိုချစ်မှမချစ်ပဲ.....သမီးငြင်းခဲ့တာပေါ့..သူလည်းအဆင်ပြေအောင်လေ...သမီးဘက်ကပဲအရင်စပြီးဖျက်ခဲ့တာပါ.."

"လပြည့်ဝန်း ဘယ်အချိန်ထိတစ်ယောက်ပြီးတစ်ယောက်ငြင်းနေမှာလည်း..သမီးအသက်အရွယ်ကိုကြည့်အုံး...အချစ် အချစ်နဲ့ ဒီအချစ်ဆိုတာကိုပါးစပ်ဖျားကမချနိုင်လောက်အောင် အရသာတွေ့နေသလား....မင်းအတွက်အချစ်မလိုဘူး...."

"ဖေဖေအဲလိုမပြောပါနဲ့...သမီးအတွက်အချစ်မပါပဲအိမ်ထောင်တစ်ခုကိုတည်ဆောက်နိုင်တယ်...ဒါပေမဲ့သူ့ကိုပဲချစ်တယ် သူတစ်နေ့ပြန်လာမယ်လို့လည်းယုံကြည်ထားတယ်.....သမီးလက်မထပ်ချင်သေးဘူးဖေဖေရယ်..."

"တော်စမ်း...ဟိုအရင်ကကိစ္စတွေကိုပြန်ပြောမနေနဲ့....မင်းသိပ်ချစ်ရတဲ့သူကဘယ်မှာလည်းတောင်မသိပဲနဲ့...မျှော်လင့်မနေနဲ့....ဒါပဲပြောမယ် အခုကိစ္စကိုငါကိုယ်တိုင်တောင်းပန်ပေးမယ်..အဆင်ပြေအောင်လုပ်ထား...."

"မလုပ်နိုင်ဘူးဖေဖေ...သမီးလက်ထပ်မှာမဟုတ်သလို စစ်နိုင်နဲ့ထပ်တွေ့မှာမဟုတ်ဘူး နောက်လည်းဘယ်သူနဲ့မှမတွေ့ဘူး...."

"ဘာရယ်...."

"ကဲပါအစ်ကိုရယ်..သမီးလေးကအခုမှ၂၅နှစ်ပဲရှိသေးတာ ငယ်ပါသေးတယ်....သမီးကိုအဲ့လောက်အတင်းအကျပ်မလုပ်ပါနဲ့...လက်ထပ်တယ်ဆိုတာ လူကြီးတွေဆန္ဒအပြင်ကလေးတွေရဲ့သဘောထားတွေပါရမယ်မလား..အတင်းအကျပ်မလုပ်ပါနဲ့.."

"မင်းတို့ကဆိုအမြဲအဲ့အတိုင်းပဲ....""ကောင်းပြီလေ....ငါစောင့်ကြည့်နေမယ်.."နောက်ဆုံးမှာမေမေ့‌လေးအားကိုးနဲ့ဖေဖေအရှုံးပေးလိုက်ရတော့သည်။လပြည့် မေမေလေးရဲ့ခါးလေးကိုဖက်ပြီး မေမေရဲ့ရင်ခွင်ထဲမှာကလေးတစ်ယောက်လိုလေးမှီပြီးချွဲနေတော့သည်။

"ဟာ...မမကြီး....."လပြည့်မေမေ့ပုခုံးပေါ်မှီထားတဲ့ခေါင်းလေးသည်‌သူမနာမည်ခေါ်သံလေးကြောင့်ထောင်လာတော့သည် ။

နှလုံးသားစေညွှန်ရာWhere stories live. Discover now