part (3)

902 66 1
                                    

လပြည့်ဖုန်းချပြီး အပေါ်ထပ်ကိုတက်မဲ့ဓာတ်လှေကားဆီကို‌လျှောက်လာခဲ့သည် ။ လပြည့်ရဲ့အခန်းကသုံးလွှာမှာ ပြန်ရောက်ရင်ဒဏ်ရာကိုဆေးထည့်ရဦးမည်။ ဒဏ်ရာရဲ့သွေးတွေကမတိတ်နိုင်သေးပဲတစ်စက်စက်နဲ့ကျနေလေသည်။ဘာမှကြီးကြီးမားမားမဖြစ်လို့ကျေးဇူးတင်ရမယ် ဟိုအဝါရောက်အကျီနဲ့အမျိုးသမီးကိုတိုက်မိသွားလေသလားမသိဘူး?..စိတ်ကသူမဆီပြန်ရောက်သွားရပြန်သည်. ။ ဓာတ်လှေကားကလူရှင်းနေတော့တစ်ယောက်ထဲအေးအေးဆေးဆေးတက်လာခဲ့သည်။ လပြည့် သူမအအခန်းဆီကိုလျှောက်လာခဲ့သည်။အခန်းနံပါတ်က308 အခန်းတံခါးဖွင့်နေတဲ့အချိန် ဘေးဘက်အခန်း307ဆီကိုအကြည့်တွေရောက်သွားသည် ။ အခန်းတံခါးကပွင့်နေပြီး တံခါးထောင့်လေးမှာလဲကျနေတဲ့ကလေးငယ်တစ်ဦး လပြည့်ရုတ်တရက်စိုးရိမ်ကြီးစွာဖြင့် ထိုကလေး အနားသို့ ‌ရောက်သွားလေသာ်။

ကလေးငယ်လေးမှာ တစ်ကိုယ်လုံးတုန်ရီနေပြီးချမ်းနေတော့သည်.."ကလေးလေး သားလေး..."လပြည့်ပါးလေးကိုလှုပ်ပြီးပုတ်နှိုးလိုက်တော့ကလေးလေးက"မေမေ...မေမေ..."

"သတိထားအုံးလေ...." ကလေးကိုပွေ့ချီလိုက်တော့...တစ်ကိုယ်လုံးကပူချစ်နေတာပဲ ကြည့်ရတာ ကလေးကတုတ်ကွေးဖြစ်နေတဲ့ပုံပဲ အဖျားသွေးရှိပြီး အရမ်းချမ်းနေတယ်ဘဲ ကယောင်ကတမ်းတွေလည်းဖြစ်လို့နေသည်....ကလေးကိုလပြည့်ပွေ့ပြီး"အိမ်ရှင်တို့..အိမ်ရှင်တို့.."လပြည့် ခေါ်နေ‌ပေမဲ့တစ်ဦးတစ်ယောက်ရဲ့ထူးသံကိုပြန်မကြားရတာနဲ့ပဲ အိမ်ထဲကိုဒီတိုင်းဝင်ချလာပြီး ကလေး‌ငယ်ကိုကုတင်လေးပေါ်တင်လိုက်သည်။ လပြည့်သူမအခန်းဆီကိုသွားပြီးဆေးအိတ်သွားယူလာခဲ့သည်...ကလေးပါးစပ်ကနေ ကယောင်ကတမ်းနဲ့"မေမေ မေမေ...."ဟုခေါ်ညီးနေလေသည်။လပြည့်ကလေးကိုဆေးတစ်လုံးထိုးပေးပြီး
စလိုင်းပါချိတ်ပေးထားလိုက်သည်. ။

ဆေးကအိပ်ဆေးထည့်ထားတာမလို့ကလေးကမှိန်းနေပြီးအိပ်မပျော်သေးပဲ သူမေမေကိုသာတမ်းတနေတာနဲ့ပဲ လပြည့်က"သား မေမေကပြန်လာတော့မှာမို့...မျက်လုံးလေးကိုမှိတ်ထားနော် တီလေးရှိတယ်သိလား...."ကလေးရဲ့ခေါင်းလေးကိုအသာလေးကိုင်ပြီးတယုတယပွတ်ပေးနေမိသည်....ဒီလုပ်ရက်တွေဟာလပြည့်အတွက်တော့ထူးဆန်းတဲ့ကိစ္စရပ်တစ်ခုမဟုတ်ပေမဲ့ ထိုကလေးအတွက်တော့အသုံးဝင်သွားမယ်ဆိုရမယ်....ခဏလေးအတွင်းမှာအိပ်ပျော်သွားတော့သည်...ကလေးကအဖျားကျသွားပြီးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွား‌လေသည်။လပြည့်အခန်းထဲကနေပြန်ထွက်လာခဲ့သည်။အခန်းလေးဟာပစ္စည်းတွေအပြည့်ရှိပေမဲ့သူ့နေရာနဲ့သူသပ်သပ်ရပ်ရပ်ကလေးရှိလှသည်.။ လပြည့်တစ်ချက်ပြုံးပြီးစိတ်ထဲကနေအိမ်ပိုင်ရှင်အမျိုးသမီးအားချီးကျူးနေမိသည်.။ ထိုကလေးရဲ့မေမေဟာအလွန်တော်တဲ့အမျိုးသမီးဖြစ်ရမည်လို့ကောက်ချက်ချနေမိသည်။

နှလုံးသားစေညွှန်ရာWhere stories live. Discover now