part (1)

3.8K 108 6
                                    

"မ...တောင်းပန်ပါတယ် ထားမသွားပါနဲ့...မ...ကလေးအနုအညွတ်တောင်းပန်ပါတယ်ထားမသွားပါနဲ့.....မ...."လပြည့်ကိုကျောခိုင်းပြီး ဟိုအဝေးကြီးကိုထွက်သွားတဲ့နောက်ကျောလေးကိုကြည့်ရင်း ပါးစပ်ကနေကယောင်ကတမ်းနဲ့အော်ခေါ်နေပေမဲ့...လပြည့်သိပ်ချစ်ရတဲ့သူမ ဟာလှည့်မကြည့်ဘဲရှေ့ကိုဆက်သွားနေတယ်။လပြည့်ပြေးလိုက်ပေမဲ့ဘယ်လိုမှမမှီနိုင်ဘူး။အရမ်းကိုဝေးကွာလွန်းလို့နေတယ်။လပြည့်ရင်ထဲကနေလှိုက်လှိုက်လှဲလှဲနဲ့အသံကုန်သုံးပြီး""မ....""နောက်ဆုံးအကြိမ်ခေါ်လိုက်တဲ့အချိန်မှာပဲ....လန့်နိုးသွားခဲ့တယ်။

အိပ်ရာပေါ်မှာချွေးတွေရွှဲနစ်နေပြီး ရင်ထဲမှာတစ်လှပ်လှပ်နဲ့မောဟိုက်လို့နေသည်။ကိုယ်ကိုအားယူပြီးထလိုက်တဲ့အချိန်ခေါင်းမူးသွားသည်။သက်ပြင်းတစ်ချက်အရှည်ကြီးချပြီး"မ...မဘယ်တွေရောက်လို့ ဘာတွေများလုပ်နေတာလည်းမရယ်....ဟောဒီကကောင်မလေးရဲ့ရင်ထဲမှာ မ ရှိနေသေးတယ်ဆိုတာ မ သိနိုင်ပါ့မလား...မ နဲ့ပက်သက်တဲ့အိမ်မက်ဆိုးတွေဟာအခုချိန်ထိကိုခြောက်လှန့်လို့နေတုံးပဲ...."လပြည့်မျက်နှာပေါ်မှာကျနေတဲ့ဆံပင်တွေကိုသပ်တင်ပြီး သူသိပ်ချစ်ရတဲ့ထိုမိန်းကလေးအကြောင်းတွေကိုတစ်ယောက်ထဲရေရွတ်နေမိသည်။ဘေးနားမှာရှိတဲ့ဖုန်းနာရီကိုကြည့်လိုက်မိတော့ အချိန်ကားညနေ3နာရီခွဲ။

နာရီကိုကြည့်ပြီး"ဟောဒီကကောင်မလေးရဲ့အိပ်ချိန်တွေမှာတောင် မ ရဲ့ပုံရိပ်တွေဟာစိုးမိုးထားတုံးနော်......"လို့တစ်ယောက်ထဲရေရွတ်နေမိသည်။"ဂွီ..ဂွီ...ဂွီ.."

လပြည့်မနေ့ညကတစ်ညလုံးdutyဝင်ရလို့မနက်၇နာရီလောက်မှတိုက်ခန်းကိုပြန်ရောက်ဖြစ်သည်။ပြန်ရောက်တော့လည်းမနက်စာစားပြီးအိပ်ပျော်သွားတာအခုမှနိုးလာသည်။နေ့ခင်းစာမစားရသေးတဲ့အတွက်ဗိုက်ကဆာလာတော့သည်။အဲဒါနဲ့ပဲ..အိပ်ရာထပြီး တစ်ခုခုစားဖို့ပြင်ပြီး..ဖုန်းဖွင့်ကြည့်လိုက်တော့....မေမေလေးဆီက...စာပို့ထားတာကိုတွေ့လိုက်ရတယ်..."သမီးလေးရေ...ညနေ၅နာရီလောက်နော်မေ့နေမှာစိုးလို့မေမေပြန်သတိပေးတာ..သမီးဆီကိုဓာတ်ပုံပို့ထားပေးတယ်နော်...ငါ့သမီးလေးအဆင်ပြေပါစေ...သမီးဖေဖေစိတ်မပျက်စေနဲ့"

နှလုံးသားစေညွှန်ရာWhere stories live. Discover now