Chapter_1

36 5 0
                                    

"ဘယ်လို Appa ကျွန်တော်...ကျွန်တော်က ဂျောင်ကုနဲ့လက်ထပ်ရမယ်"

"ဟုတ်တယ်...သားထယ်"

"ဟာ Appaရာ ကျွန်တော့်မှာ အစ်ကိုယွန်းဂျယ်ရှိတယ်ဆိုတာ Appaလည်းသိရဲ့သားနဲ့"

"မင်း ယွန်းဂျယ်အကြောင်းကိုဘာသိလို့လဲ ဟမ်!!! ငါမင်းကိုမပြောချင်လို့သာ မင်းနဲ့အဲ့ဒီယွန်းဂျယ်ဆိုတဲ့ကောင်ကို လွတ်ထားပေးတာ အခုတော့အဲ့လိုလွတ်ထားပေးဖို့အစီအစဉ်မရှိတော့ဘူး မင်းနောက်လကျရင် ဂျောင်ကုနဲ့လက်ထပ်ရမယ် သိထားလိုက် "

"Appa...ကျွန်တော်"

Appaကသူ့ကိုလေသံမာမာဖြင့်ပြောကာ အပေါ်သို့တက်သွား၏။ သူ့စကားကိုဆုံးအောင်တောင်နားမထောင်သွား...။

ထယ်ယောင်းစိတ်ပျက်စွာ ကြမ်းပြင်ပေါ်သို့ထိုင်ချလိုက်သည်။

ကျွန်တော် အစ်ကိုယွန်းဂျယ် ချစ်သူဖြစ်တာ၅နှစ်လောက်ရှိခဲ့ပြီ အကိုယွန်းဂျယ်က ကျွန်တော့်ကိုအရမ်းဂရုစိုက်တာ အရမ်းလည်းချစ်ပေးတယ် ကျွန်တော့်မျက်နှာမညိုးအောင် အမြဲအရိပ်တကြည့်ကြည့်နဲ့စောင့်ကြည့်ပြီးတော့ကိုချစ်ပေးခဲ့တာ ကျွန်တော်လည်း အကိုယွန်းဂျယ်ကိုအရမ်းချစ်တယ် အဲ့ဒီလိုချစ်ပြီး၅နှစ်တာတွဲခဲ့တဲ့လူကိုပစ်ပြီး မနေ့တနေ့ကမှသိပြီး ကျွန်တော်မချစ်မနှစ်သက်တဲ့ဂျောင်ကုနဲ့ကျွန်တော်ကလက်ထပ်လိုက်ရတော့မယ်ပေါ့ မဖြစ်နိုင်ဘူး ကျွန်တော်ဘယ်တော့မှဂျောင်ကုနဲ့လက်ထပ်မှာမဟုတ်ဘူး ကျွန်တော့်အတွက် အကို ယွန်းဂျယ် ရှိရင်ဖြစ်တယ် ကျန်တာဘာမှမလိုဘူး အခုအကြောင်းကို အကိုယွန်းဂျယ်ကိုပြောပြသင့်လား ဟုတ်တယ် အကိုယွန်းဂျယ်ကိုပြောပြရမယ်

ထယ်ယောင်းသူ့ဘေးနားမှာချထားတဲ့ ဖုန်းလေးကိုယူကာ ချစ်ရတဲ့အကိုယွန်းဂျယ်ဆိုတဲ့ Contactလေးဆီသို့.....။

~Love Me Back~

ယွန်းဂျယ် ယောင်းငယ်နဲ့ချိန်းထားသော ‌Cafe shopသို့ရောက်နေသည်မှာ နာရီဝက်လောက်ရှိပြီဖြစ်သည်။အခုထိ ယောင်းငယ်က မပေါ်လာသေး။ခါတိုင်းဆိုမနောက်ကျပါဘူး ယောင်းငယ်တခုခုများဖြစ်နေလို့လား။

LOVE ME BACK (U&Z)Where stories live. Discover now