Ch-2

1.2K 46 11
                                    

Unicode



ရှိန်းထက်လည်းဟန်ရဲ့အခန်းဆီသွားပြီး

" ဟန်လေး မောင်ပြန်ရောက်ပြီ "

" နေပါအုံး ဘယ်သူကမောင်လဲ? "

" ရှိန်းထက်ဆိုတဲ့ကျနော်လေ ဟဲဟဲ "

" ကြားပျင်းတယ်နော် ရှိန်းထက် ငါမအားဘူး
   လာမရှုပ်နဲ့ ပြန်တော့ "

" မတွေ့ရတာ၃ရက်တောင်ရှိပြီလေ
   ဒီနေ့အားလို့ လာတွေ့တာကို မောင်းထုတ်တယ်ပေါ့ "

" အဟမ်း အဲ့လိုလည်းမဟုတ်ပါဘူး "

" ဒါဆိုလည်းဟန်ရဲ့ဘေးနားမှာနေချင်လို့
   လာထိုင်အုံးမယ် ခနပါဘဲ "

" အင်း "

ရှိန်းထက်လည်းဟန်ရဲ့ဘေးမှာဝင်ထိုင်ရင်း
ပခုံးပေါ်မှီချလိုက်သည်

" ငါမင့်ကိုယ်ကြီးကိုမနိုင်ဘူးရှိန်းထက် ဖယ် "

" တစ်ခါထဲပါဟန်ရယ် မောင်ပင်ပန်းနေလို့ပါ "

" အော် "

ရှိန်းထက်လည်းပြုံးလိုက်ရင်း
ဟန်ရဲ့ပုခုံးကနေ ပေါင်ပေါ်ခေါင်းအုံးပြီး
လဲလိုက်တော့တယ်

" အိပ်အုံးမယ် 5မိနစ်လောက်ဘဲ "

" အင်း အင်း "

နာရီဝက်လောက်ကြာတော့
သူ့ရဲ့လက်ပ်တော့ကိုပိတ်ကာ
ရှိန်းထက်ရဲ့မျက်နှာကိုအသေးစိတ်ကြည့်နေလိုက်သည်
ပြောတော5မိနစ်ဆိုပြီးအိပ်နေတာနာရီဝက်တောင်ရှိပြီ
နှစ်ယောက်လုံးကကြမ်းပြင်ပေါ်မှာကြီး
အေးစက်စက်ကြမ်းပြင်ကြောင့်ရှိန်းထက်
အအေးမိမှာကိုလည်းစိုးရိမ်သည်
နိုးလည်းမနိုးချင် သူကလည်းမပွေ့နိုင်
သူ့ကိုယ်သူဘာလို့များအဲ့လောက်ပျော့ရတာလဲလို့
မေးခွန်းထုတ်ပါသေးတယ် အဖြေကတော့ထွက်မလာ
ရှိန်းထက်ရဲ့ခေါင်းကိုအသာမကာ
သူထလိုက်ရင်းကုတင်ပေါ်ကစောင်ကို
ခြုံပေးကာ ရှိန်းထက်ရဲ့ခေါင်းကို
သူ့ပေါင်ပေါ်ပြန်တင်လိုက်သည်

" ငါ့ကိုတကယ်ချစ်တာလားရှိန်းထက်
   ငါမယုံရဲဘူး ကြောက်တယ်
  ငါကယောကျ်ားလေးတစ်ယောက်
  မင်းလိုချင်တာတွေဖြည့်စည်းနိုင်မှာမဟုတ်ဘူး
   ပြီးတော့မင့်ရဲ့အနာဂတ်ရှိသေးတယ်
   မင့်မိသားစု ငါ့မိသားစု ပတ်ဝန်းကျင်
   ဒီဒဏ်တွေကိုခံနိုင်မယ်မထင်ဘူး
   ငါဘာဆက်လုပ်ရမလဲ ဘာကိုမှမကြည့်ဘဲ
   မင့်ကိုရွေးချယ်လိုက်ရမလား
   တစ်ခါတစ်လေတော့လည်း ပျော်ရွှင်မှုကိုရချင်တယ်
   ပြီးတော့အချစ်ခံချင်တယ် မေမေနဲ့ဖေဖေက
   ငါ့ကိုအပေါ်ယံမေတ္တာဘဲပေးတာ
   အရာအားလုံးကအခွံကြီးဘဲ မင့်အချစ်ကရော
   အခွံသပ်သပ်ကြီးလား ရှိန်းထက်? "

Rebellion-ဖောက်ပြန်ခြင်းWhere stories live. Discover now