Ch-5

953 40 2
                                    

Unicode





နေရောင်နုနုကမှန်ပြတင်းပေါက်ကို
ထိုးဖောက်လာတော့
မနက်ခင်းရောက်လာမှန်းသိရသည်
မျက်ဝန်းလှလှလေးကပွင့်လာသည်နှင့်အမျှ
မျက်ခုံးရိုးတို့ကလည်းကျုံ့လျက်သား
မူးနောက်နေတဲ့ခေါင်းကိုအသာဖိကိုင်ကာ
ကုတင်ခေါင်းရင်းကိုမှီရင်း
ခဏတာငြိမ်သက်နေတဲ့ ဟန်
နာကျင်နေတာမှတစ်ကိုယ်လုံး

မောင်ကတော့မနိုးသေး
မောင့်ရဲ့မျက်နှာကိုအသေးစိတ်ကြည့်မိသည်
အခုဆိုမောင့်ကိုသူအပိုင်ရပြီလေ

" မောင် မထေသးဘူးလား "

" အင်းးထပြီ မောင့်ရဲ့အသဲလေးက
   ခါးတွေမနာဘူးလား "

" နာတာပေါ့ အခုတောင်မထနိုင်ဘူး
   အဲ့တာမောင့်ကြောင့် "

" မောင်ကလူဆိုးကြီးပေါ့ "

" သိဘူးလေ ဟုတ်မှာပေါ့ "

" ဟန်ကတော့လေ ကဲမျက်နှာသွားသစ်ရအောင် "

" သွားမယ်လေ တစ်ကိုယ်လုံးနာနေတာ ပွေ့ "

" ဟုတ်ပါပြီဗျာ "

မနက်ခင်းမှာကြည်နူးစရာ
အပြုံးတို့က သာယာလှသည်
တီတီတာတာစကားဆိုရင်း
စ နောက်နေကြသည်
ဟန်တို့အတွဲဟာ ညားခါစလင်နဲ့မယားလို့ပါဘဲ

တစ်ဖက်မှာလဲ ရှိန်းထက်ကိုစောင့်နေတဲ့
အမျိုးသမီးတစ်ယောက်လဲရှိခဲ့သည်
သူ့အတွက်ကတော့အကျည်းတန်လှတဲ့
မနက်ခင်းဖြစ်မှာပေါ့

ဒါကသူရွေးခဲ့တဲ့လမ်းမို့
သူ့ဘဝနဲ့သူရှိလိမ့်မည် ရှိန်းထက်ကိုချစ်ခဲ့တဲ့စိတ်နဲ့
သူ့ရဲ့အတ္တဟာ သူ့အတွက်မီးတောက်တစ်ခုလိုပါဘဲ
လက်ဝယ်ကိုင်ဆောင်ထားတဲ့ အပြာရောင်မီးတောက်ပေါ့

မနက်စာစားဖို့ရှိန်းထက်ကိုစောင့်နေပေမဲ့
မောင်ကရောက်မလာ သူလည်းရုံးသွားရအုံးမှာမို့
သူစားပြီးမှ ရှိန်းထက်အတွက်ပြင်ထားပေးလိုက်သည်
ရှိန်းထက်ပြန်လာရင်စားရအောင်လို့လေ
ရုံးသွားဖို့ပြင်ဆင်ပြီးတာနဲ့
ကားဆီသွားရင်း အိမ်ကိုခနတာစွန့်ခွာရသည်

" မောင် အိမ်မပြန်သေးဘူးလား "

" ဘယ်အိမ်လဲ "

Rebellion-ဖောက်ပြန်ခြင်းWhere stories live. Discover now