Ch-3

1.2K 44 2
                                    

Unicode



ကြီးကျယ်ခမ်းနားလှတဲ့မင်္ဂလာပွဲမှာ
ပျော်ရွှင်နေတဲ့သတို့သမီးရယ်
မျှော်လင့်ချက်မဲ့နေတဲ့သတို့သားရယ်
သစ္စာဖောက်ခြင်းကိုခံလိုက်ရတဲ့
ကောင်လေးတစ်ယောက်ရယ်ရှိခဲ့သည်

ပျော်ရွှင်နေတဲ့သတိုးသမီးဟာ
သူလိုချင်တဲ့သူအရမ်းချစ်တဲ့ ရှိန်းထက်ကို
အပိုင်ရတော့မှာမို့ ပျော်ရွှင်နေခြင်းပင်

မျှော်လင့်ချက်မဲ့နေတဲ့သတို့သားကတော့
ချစ်တဲ့သူကိုမပိုင်ဆိုင်ရဘဲ
မချစ်တဲ့သူနဲ့လက်ထက်ခဲ့ရသည်
ချစ်ရသူ ဟန် ကိုကတိတွေအခါခါပေးပြီး
လက်တွေ့မှာစိတ်ကူးထဲကအတိုင်းဖြစ်မလာခဲ့တဲ့အတွက်
မျှော်လင့်ချက်မဲ့နေရခြင်းပင်

သစ္စာဖောက်ခြင်းခံလိုက်ရတဲ့
ကောင်လေးကတော့ သူ့ရဲ့သူငယ်ချင်း
အရင်းခေါက်ခေါက်က သူချစ်နေတဲ့
ယောကျ်ားတစ်ယောက်ကိုရအောင်လုသွားခဲ့သည်
ငယ်ပေါင်းဖြစ်တာမို့ ခံစားချင်တွေရင်ဖွင့်မိခဲ့တဲ့သူ
နောက်ကွယ်မှာလှောင်ရယ်နေရောပေါ့
ထိုသူမ ဘက်ကသူငယ်ချင်းသံယောဇဉ်ကို
ငဲ့ှတောင်မကြည့်ဘဲ ချစ်ရသူကိုအပိုင်ယူသွားပြီး
သူ့အပေါ်သစ္စာဖောက်သွားခဲ့တဲ့ မေသွန်းခ

" သတို့သားနဲ့သတို့သမီး အကြင်နာပေးနိုင်ပါပြီ "

မင်္ဂလာခန်းမရှိလူတွေကလည်း
ဆူညံစွာနဲ့ အားပေးအော်ဟစ်ကြသည်

" အာ အားတော့နာပါတယ် မနမ်းတော့ပါဘူး
  ဒီလောက်နဲ့ဘဲ အဆုံးသတ်ကြတာပေါ့ "

လို့ ရှိန်းထက်ကပြောတော့
မျက်စိမျက်နှာပျက်နေကြတဲ့နှစ်ဖက်မိဘနဲ့
ငြိမ်သက်သွားကြတဲ့ မင်္ဂလာခန်းမရှိလူတွေ

သတို့သမီးကလည်းနမ်းခါနီးမှ
သတို့သားဘက်ကရပ်လိုက်တာမို့ အောင့်သက်သက်
အဆိုးဆုံးကတော့ သူမရဲ့မိဘတွေနဲ့
လူအများကြီးရှေ့မှာကြောင့်ပင်

" ကဲကဲ အားလုံးဘဲ မင်္ဂလာပွဲအထမြောက်သွားပါပြီ "

fatherကဆိုတော့ ရှိန်းထက်လည်း
မေသွန်းခကိုမစောင့်တော့ဘဲ
ကားထားရာနေရာသို့ထွက်လာလိုက်သည်
သူ့ကိုကြည့်နေတဲ့ ဆွေးမှေ့မှေ့မျက်ဝန်းလေး
တစ်စုံကိုမမြင်လိုက်ဘူးပေါ့
ရှိန်းထက်လည်းကားသာမောင်းခဲ့တာ
ဘယ်သွားရမှန်းတောင်မသိချေ
အဖေပြောထားတာတော့ အိမ်ဝယ်ပေးထားတယ်တဲ့
မင်္ဂလာပွဲပြီးရင်အဲ့နေရာကိုသွားခိုင်းတာမို့
ထိုအိမ်ကိုဦးတည်ရသည်
အိမ်ကိုကြည့်တော့လှပါရဲ့ အဲ့အိမ္ကို
မေသွန်းခကအရင်ရောက်နေတော့
စိတ်တောင်ညစ်သွားရသည်

Rebellion-ဖောက်ပြန်ခြင်းWhere stories live. Discover now