UNICODE
“မီနိုရောက်နေတယ် ဟုတ်လား.?”
“ဟုတ်ကဲ့ အ..အိမ်ရှေ့မှာပါအစ်ကိုလေး”
ဂျောင်ဂုက သပ်ရပ်စွာဖြီးသင်ထားတဲ့ ဆံပင်အားသပ်တင်ကာ မျက်စိရှေ့၌ရှိနေသူအားကြည့်လိုက်သည်။ သူဘာမှမကြားသည့်အတိုင်း မနက်စာကိုသာငုံ့ကာ စားနေသဖြင့် ဂျောင်ဂု စိတ်တိုမိသည်။
မနေ့ညကတည်းက သူ့ကိုရှောင်နေတာဖြစ်ပြီး အကြည့်ချင်းလည်းမဆုံ။ညက ဘာဖြစ်ခဲ့မှန်းမသိ သူလည်းပြန်မမေးချင်သည်မို့ ကင်မ်ဆော့ဂျင်ရဲ့ မျက်နှာကိုသာမသိမသာ အကဲခတ်နေမိသည်။
သူဘာပြောပြော စွာစွာ ၊စွာစွာလည်း ပြန်မပြောဘဲ ဝီစီပိတ် ရွဲ့နေသလိုပင်။“အိမ်ထဲခေါ်လိုက် မ နက် စာ ဝင် စား လို့!!”
တစ်လုံးချင်းဆီပြောလိုက်တဲ့ စကားသံကြောင့် ဆော့ဂျင်သည် ဂျောင်ဂု အားမော့ကြည့်လိုက်သည်။ အလကား အရှုပ်ထုပ်တွေ။ မနက်စာကိုတောင်ဖြောင့်အောင် စားရမယ်မကြံဘူး ရှုပ်ရှုပ်ယှက်ယှက်တွေ မြင်ရအုန်းမယ် ။
ကင်မ်ဆော့ဂျင် ဆိုတဲ့ငါကကော မျက်စိရှေ့မှာ အရည်မရအဖက်မရတွေ ပြောပြီး ပလီပလာတွေလုပ်နေတာမျိုးကို ထိုင်ကြည့်နေမယ့်လူလား။ ဝေးသေးတယ် ဂျွန်ဂျောင်ဂု ရေ။
ဆော့ဂျင် မျက်ခုံးတစ်ဖက်မြင့်ပြတဲ့လူအား တစ်ချက်ကြည့်ပြီး ရေသောက်နေတုံးမီနိုဝင်လာသည်။
“oppa Jeon .. မီနို့ ကိုပစ်ထားတယ်”
ထမင်းစားခန်းထဲအား မျက်နှာလေးမဲ့ကာဝင်ပြီး ဂျောင်ဂုဘေးရှိ ထိုင်ခုံတွင်ထိုင်လာသော ကောင်မလေးမှာ ချစ်စရာအတိ။ ချစ်စရာကောင်းလှသည့် သူမသည် စိတ်သဘောထားဖြူစင်ပါသည်။ တဖက်လူအား ဂရုစိုက် ကြင်နာတတ်သည်။ ဒါပေမဲ့ သူကြည့်မရပါ ဒီကောင်မလေးတစ်ခါချွဲရင် တစ်ခါသူ့ကိုအောဂလီ ဆန်စေသည်။
“ဒီရက်ပိုင်း အလုပ်ရှုပ်နေလို့ပါ မီနိုရာ ..ဒီလောက်အေးနေတာကို အစောကြီးထလာတာ မီနိုလေးဘာလိုချင်လို့လဲ”
ကောင်မလေးရဲ့ နှာခေါင်းအား ဆွဲညှစ်ကာပြောတော့ ကောင်မလေးကလည်း ဂျောင်ဂု၏ လက်မောင်းအားမနာအောင်ထုသည်။
YOU ARE READING
SECRET HOPE ✓
Fanfiction". .တောင်းပန်ပါတယ် ။ ကိုယ်ကမင်းနဲ့ အတူရှိချင်ရုံပါ . . ဒါကြောင့် ကိုယ်အနားလေးမှာပဲ နေပေးနိုင်မလားဟင်𓂃 " Start Date - 2021.11.04 [Thursday] End Date - BY CHRYSANTHEMUM • jnochukoo