Episode - 10

1.2K 161 22
                                    

Unicode

မနေ့ညက သူနဲ့ဂျောင်ဂုအခန်းခွဲအိပ်ခဲ့သည်။
ဂျောင်ဂုက စိတ်ညစ်နေသူပိီပီ ခါတိုင်းလို သူ့ကိုတမင် တူတူအိပ်ခိုင်းတာမျိုးမလုပ်ပါ။

ဒီမနက် ဂျောင်ဂုမနိုးခင် သူ ဈေးကိုပြေးပြီး ဂျောင်ဂုအတွက် မနက်စာပြင်ပေးပြီးပြီဖြစ်သည်။ အခန်းထဲကအခန်းပြင် မထွက်တော့မယ့် ဂျောင်ဂုအကြောင်းသိတာမို့ မနက်စာအား ဗန်းထဲထည့်ကာ ဒုတိယထပ်သို့ တက်လာခဲ့သည်။

အခန်းတွင်းရောက်တော့ နိုးနေပြီဖြစ်တဲ့ ဂျောင်ဂုကိုတွေ့လိုက်ရသည်။  ဂျောင်ဂုက ကုတင်ခြေရင်းတွင်ထိုင်နေပြီး ရှပ်အဖြူနှင့်ဘောင်းဘီဒူးအထက်အား လူငယ်ဆန်စွာဝတ်ဆင်ထားသည်။ ဆံပင်တို့ကလည်း ရှေ့ကျနေတာမို့ မြင်နေကျနဲ့မတူ။

“မနက်စာ စားအုံး..”

“အွန်း”

ဂျောင်ဂုသည် ပေါ့ပေါ့ပါးပါး သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသည့်တိုင် မတူကွဲပြားစွာ မျက်ဝန်းအိမ်တို့ အနည်းငယ်ဖောင်းနေပြီး ‌ခပ်လေးလေး စကားတို့ဖြင့် တုံ့ပြန်သည်။

သူပြင်ပေးတဲ့ မနက်စားကိုလည်း စိတ်မပါစွာ စားနေ၏။ ဂျောင်ဂုကိုကြည့်ရတာ သူပါစိတ်မချမ်းမသာဖြစ်နေရသည်။

တကယ်တမ်း ဂျောင်ဂုတွင် အလုပ်ပင်ပန်းတာနဲ့ဆောင်းဂီရဲ့ပြဿနာက သူ့အားမည်သို့မျှ စိတ်ပင်ပန်းအောင် မလုပ်နိုင်ပါ။ သူခံစားနေရတာ တခြားဝေဒနာတစ်ခုဖြစ်သည်။ ထိုအရာတွေနဲ့ လားလားမျှ မသက်ဆိုင်သည့် အချစ် ကြောင့်ဖြစ်သည်။

ဟင်းချိုသောက်ဖို့လက်လှမ်းပေမယ့် သူ့လက်ချောင်းတွေတဆတ်ဆတ်တုန်ရီနေသည်။ သူ့ကိုကြည့်နေသည့် ကင်မ်ဆော့ဂျင်အား မသိစေချင်သဖြင့် ဇွန်းအားပြန်ချလိုက်ကာ..

“မပြန်သေးဘူးလား”

ဂျောင်ဂုအသံက ရှတတ ထွက်လာတာဖြစ်သည်။

“ ငါသိပါတယ်မင်းတစ်ယောက်တည်းနေချင်တာ တစ်ခုပဲ ငယ်လေးက မင်းနဲ့တွေ့ချင်တယ်တဲ့ ‌မင်းအဆင်ပြေရင်သူ့နဲ့ တွေ့လိုက်ပါအုံး”

“ အဆင်မပြေသေးဘူး ခင်ဗျားလည်းစံအိမ်ကိုပြန်ပါ ”

“ အွင်း.. ဂျောင်ဂု~ မင်းစိတ်တွေဘာဖြစ်နေလဲ ငါမသိပေမယ့်  မင်းအတွက်အဆင်မပြေတော့ရင် ငါတို့ကွာရှင်းရအောင်”

SECRET HOPE ✓Where stories live. Discover now