Episode - 8

1.4K 166 27
                                    

Unicode

“ Yarr..ဖြစ်ပါ့မလား”

“ Hyungieကလည်း ဖြစ်ပါတယ်ဆို လုပ်ပါနော်”

“ အေးကွာ ‌မင်းအကြံပိုင်ရင်ပြီးရော ”

“ဟီး..ဘယ်လိုပဲဖြစ်ဖြစ် တစ်ခုတ်ချက်နှစ်ချုပ်ပြတ်ပဲလေ”

ဆောင်းဂီရဲ့ စကားကြောင့်  ဟိုဆော့ တဟားဟားအော်ရယ်လိုက်တော့ နားမလည်သလို ဆူပုတ်ပုတ်ကြည့်လာသည်။

ထိုအခါ ဟိုဆော့ကမျက်နှာပိုးသတ်လိုက်ကာ..

“Sorry .. မင်းပြောတာမှားနေလို့ တစ်ချက်ခုတ်နှစ်ချက်ပြတ်ပါ”

ထိုအခါ ဟုတ်ပြီဆိုတဲ့ ပုံစံနဲ့ Sungieကခေါင်းညိမ့်ပြပြီး

“အဲ့ဒီ့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ကို ပြောချင်တာ”

“ဟားဟား..အေးအဲ့လိုလုပ်ပါ”

“အာဗျာ.. Hyungပြောတဲ့ဟာကြီးကို မပြောတတ်ဘူး အခု guard လက်ကလွတ်အောင်အရင်လုပ်ရအောင်”

“အွန်း..အွန်း”

ဟိုဆော့ သဘောတကျပြုံးစစပြောတော့ ဆောင်းဂီ က ရှင်သလိုလည်ပင်းကိုပွတ်သပ်ပြီး mask တပ်လိုက်သည်။

Osaka Concert ပြီးပြီ ဖြစ်သည့်တိုင် ‌မနက်ဆိုရင် Seoulကိုပြန်ရတော့မည်။ ဒါကို ဆောင်းဂီ ကမကျေနပ်။ သူဟိုဟိုဒီဒီ လျှောက်သွားချင်တာကို မသွားရဘူးလေ။ ဒါ‌ကြောင့် ဒီညခိုးထွက်ရတာ။ သူသွားချင်တဲ့နေရာဖြစ်တဲ့ နေရာတွေကို လွတ်လွတ်လပ်လပ်သွားချင်သဖြင့် လိုက်ပို့ခိုင်းခြင်းဖြစ်သည်။ တကယ်ဆို ကိုယ့်ကိုတောင်သူကခေါ်ချင်သည်မဟုတ်။ အတင်းမေးပြီး ခြိမ်းခြောက်မှ ခေါ်သည်လေ။ ဟိုတယ်‌ခန်းရှေ့ရှိ Guard တွေကို ဆောင်းဂီ ကျေနပ်အောင် ပထုတ်သည့်အမူအရာပြလိုက်ပြီး သူနဲ့ ဆောင်းဂီ ကရှေ့ကအရင်သွားလိုက်သည်။ guardတွေကိုတော့ ဖြေးဖြေးချင်းနောက်ကလိုက်ခိုင်းထားရ၏။

သူတို့နှစ်ဦးလုံး Kobe Port Tower ကိုရောက်ရှိနေလေပြီ။ ထိုနေရာက Osaka ၏ပင်မဆိပ်ကမ်းအနီး မြို့ပြင်တွင်ရှိသည်။ ညဘက်ဖြစ်သည့်အတွက် Tower မီးအရောင်တွေကြောင့် မြို့တစ်ခုလုံးလင်းလက်နေသယောင်။ မြို့လယ်နဲ့အနည်းငယ်‌ဝေးတဲ့နေရာဖြစ်ပေမယ့် ခရီးသွားဧည့်သည်တွေကိုဖမ်းစားထားတဲ့နေရာဖြစ်ပြီး တော်တော်လေးလှသည်။  အနီရောင်စတီးလ် များဖြင့်တည်ဆောက်ထားသည့်ငလျင်ဒဏ်ခံနိုင်သော အဆောက်အဦကြီးသည် 108 မီတာမြင့်ပြီး ခေတ်မှီ‌သောအသွင်အပြင်များဖြင့် လှပနေသောညမြင်ကွင်းက ရင်မောဖွယ်ကောင်းနေပြန်၏။

SECRET HOPE ✓Where stories live. Discover now