Forgive Me💙

72 7 2
                                    

Zawgyi

ကျင်းရီ ကျောင်းရောက်တော့
တယောက်ထဲ ထိုင်နေမိသည်...

သူ့မှာ သငယ်ချင်း မရှိဘူးလို့
ပြောရင်ယုံမလား...

လွန်ခဲ့တဲ့ 3နှစ်လောက် က
ခင်ခဲ့တဲ့ သငယ်ချင်း တယောက် တော့
ရှိသည် တဦးတည်းသော သငယ်ချင်း ပေါ...

သူမဒီနေ့ကျောင်းနောက်ကျသည်
မဟုတ်ဘူး နေ့တိုင်းပင်...

"ဟဲ့"

"ဟမ်"

ကျင်းရီ ရှင်းရှင်း အသံမို့
လှည့်ကြည့်လိုက်တော့
ပြုံးပြနေသောသူမ...

"ငါ့လာတာတောင် မိသိအောင်
ဘာတေ စဉ်းစားနေတာ လဲ"

ဟုတ်သားပဲ သူတော်တော်
အတွေးလွန်ခဲ့သလား...

"ဒီတိုင်းပါပဲ ဟာ နင်အိပ်ယာထ
နောက်ကျပြန်ပီလား"

ကျင်းရီ မေးလိုက်တော့
ရှင်းရှင်းက...

"ဒါပေါ့ ငါဘယ်တုန်းကများ
အစောကြီး ထနိုင်လို့လဲ"

ကျင်းရီ သူမကို လက်လံပါသည်
အိပ်ရာထနောက်ကျတာတောင်
သူက ဂုဏ်လာဆာနေသေး...

"ငါသိသားပဲ "

ရှင်းရှင်း မနက်စာ မစားရသေးတာမို့...

"ငါ မနက်စာမစားရသေးဘူးဟ
ကန်တင်း လိုက်ခဲ့အုံး"

ကျင်းရီ မလိုက်လို့ မရ
သူမကသူ့ကို သေချာပေါက်
ပါအောင် ဆွဲခေါ်သွားမှာမို့...

"နင် မြန်မြန်စားမှ ရမှာနော်
8ခွဲရင် အတန်းတက်ရမှာ"

သူစကားမဆုံးခင်ပဲ ရှင်းရှင်း
ဆွဲခေါ်ရာနောက် ပါသွားလေပီ...

"ပြောနေတာမှကြာသေးတယ်
လာစမ်းပါဟာ"

..............

ရှင်းရှင်း မနက်စာစားရင်း
ကန်တင်းထဲဝင်လာတဲ့ စစ်ကျွေးကောတို့
သငယ်ချင်တေကို တွေ့တာမို့...

"ဟဲ့ ဟိုမှာ နင့် အကို မလား"

ကျင်းရီ ရှင်းရှင်း ရဲ့ နင့်အကိုဆိုသော
အပြောကြောင့် ကြည့်လိုက်မိတော့
တကယ် ကိုကို ပင်...

သူ့သငယ်ချင်း တွေနဲ့ ပြုံးပျော်လို့...

"အင်း ဟုတ်သားပဲ "

Forgive Me💙(ငါ့ကိုခြင့္လွြတ္ပါ /ငါ့ကိုခွင့်လှွတ်ပါ )Where stories live. Discover now