Ch7-Part 35(Unicode)

1.3K 127 20
                                    

မဲမှောင် နေသော အဖြူရောင် အခန်းငယ်လေးတစ်ခု။
ခြောက်ကပ်လို့ နေသော အညိုရောင် တိုက်အိမ်ကြီး။

လူ မရှိ၍ တော့ မဟုတ်ပါ။
တိတ်ဆိတ် နေခြင်း လဲ မဟုတ်ရ။
ထို့ အတူ အလွန်တစ်ရာ ကျယ် လောင်နေခြင်းလဲ မဟုတ်။

အမှန်က ထိုအိမ်ကြီးရဲ့ အခန်းငယ် လေးတစ်ခု အတွင်းမှာသာ အသံ ထွက်ပေါ်နေခြင်းရယ်ပါ။
ဒါကြောင့်ပင် အလွန်တစ်ရာ တိတ်ဆိတ် ခြောက်ကပ် နေခြင်းမဟုတ်ဟု ပြောရခြင်း။

ထိုအခန်းငယ် လေးအတွင်း မှာပင် အတိုင်းထက် အလွန် ကို စိတ်ဆိုးစိတ်မကောင်းဖြစ်နေဟန်တူသော လူကြီးတစ်ယောက် နှင့် ထိတ်လန့်တုန်လှုပ်ကာ အတုန်တုန် အယင်ယင် ဖြစ်နေသော မိန်းမ တစ်ယောက် တို့ မျက်နှာ ချင်းဆိုင် ရပ်၍ နေကြသည်။
လူကြီးရဲ့ ဘယ်ဘက်မျက် ဝန်းအိမ်မှ မျက်ရည် တို့က ဖြေးညင်းစွာတစ်လိမ့်လိမ့်စီးကာကျလို့ ရှိနေ၏။
မိန်းမကြီး မှာတော့ ချွေးစေ တွေ ပြန် ကာ လက် တို့ မှာ တစ်ဆတ်ဆတ် တုန်ယင်လို့ နေကြ လေသည်။
သူမလက် တွေ ရဲ့ တုန်ပုံတုန်နည်းမှာ ဓာတ်များလိုက် နေသလားလို့ပင် မေးလို့ရလောက်ပါ၏။
ဓာတ်ကြိုးတစ်ခု ကို ပလပ်ပေါက် တွင် တပ်ဆင်၍ တမင် တစ်ကာ များခန္တာကိုယ် မှာ တပ်ထား လားဟူ၍ လည်း မေးလို့ရပါသည်။

ဒါပေမဲ့လဲ ဘယ်လို မှကို မတုန် ပါနှင့်ဟုသူမကိုယ်သူမ ထိန်းလို့ ရပုံမပေါ်ပါ။
ဟုတ်သည်။
သူမ အရမ်းကိုကြောက်နေသည်။
ဒေါ်ရွှေလရောင် အရမ်းကို ကြောက်ရွံ့နေပါသည်။
မကြောက် ခံနိုင် မည်လား။
ပိရိလှပြီဟုထင်လှသော သူမရဲ့ လုပ်ငန်းစဥ် ကြီး တစ်ခုလုံးကို ယောင်္ကျား ဖြစ်သူ ကိုမင်းအောင်က သိနေသည် တဲ့။
အကုန်လုံးကို သိနေသည် တဲ့။

'ဒ ဒါဆို ရင် သိရဲ့သားနဲ့...
ကိုမင်းအောင်က သိရဲ့သားနဲ့....
ပြီးတော့ ဘယ် တုန်းက ဘယ်တုန်းက သိ သိခဲ့တာလဲ....
ဘာလို့ ဘာလို့မပြော ရတာလဲ...'

'ဘာလို့ သူမကို သူမကို အရင် လိုပဲ ဆက်ဆံနေရတာလဲ...'
အပြင်ဘက်ဆီကို ထွက် မလာရဲသော မေးခွန်းတို့ မှာ လည်ချောင်းဝ တွင် ပင်စို့တစ် ပျောက်ရှကုန်သည်။
တံတွေးကို မျို ချလိုက်ကာ သာ ကိုမင်းအောင်ကို ကြည့် ၍ ဘာမှ မလုပ် နိုင်အောင် ဖြစ်နေမိပါသည်။

ဝသုန် ဤမြေ တိုင်တည်ခဲ့သည်Dove le storie prendono vita. Scoprilo ora