Part-13

6.1K 468 22
                                    

Unicode

"နှေး ဒီနားလာဦး"

နံနက်ကတည်းက ကုသမင်းထင်ကို မမြင်ရသဖြင့် သူ့ကို ကွက်ကြည့်ကွက်ကြည့် ကြည့်နေကြသည့် အစ်မများကိုရှောင်နေသော်လည်းမရတော့။ ဗိုက်ဆာ၍ တစ်ခုခုစားရန် မီးဖိုသို့ဆင်းအလာ ဝတ္ထုစာထိုင်ဖတ်နေသည့် အစ်မနှင့်မျက်တန်းမိသွားသည်။

"မကြီး ဘာခိုင်းမလို့လဲ"

"ဟယ် နင့်လို ကိုယ်ဝန်သည် နှလုံးရောဂါသည်ကို ငါကခိုင်းမလား။ လားစမ်း နင့်လင်ဘယ်ပျောက်နေတာလဲ တမနက်လုံးအရိပ်တောင်မမြင်ရဘူး။ "

မန္တလေးသွားတာကို အစ်မတွေမနိုးခင် အစောကြီးထွက်သွားသည်ကလည်း စပ်စုလွန်းသည့် အပျိုကြီးကြောင့်ဖြစ်သည်။ ကုသမင်းထင် ထွက်တုန်းက တစ်အိမ်လုံး နွမ်းရိနှင့် နှေးသာသိ၏။ ခရီးဖြောင့်ဖြောင့် သွားရအောင်ဆို၍ အစ်မဖြစ်သူကို တမင်မပြောပြခြင်းသာ။

"ဟဲ့...ပြောလေ... ငါအော်ထည့်မိတော့မယ်"

"အလုပ်ရှိလို့ သွားတာနေမှာပေါ့"

"မယုံဘူး ဒီရက်သူ့အလုပ်ပိတ်ရက်၊ တစ်ခုခုပဲ နင်ကလည်း ကိုယ့်လင်ဘယ်သွားလဲ မသိဘူးလား"

"နှေးက အတင်းလိုက်မေးနေရမလား မကြီးကလည်း"

"မေးရမယ်...မတော်လို့ နောက်ကွယ်မှာ တခြားလူတွေနဲ့ဖောက်ပြန်နေရင် ဘယ်လိုလုပ်မလဲ။ နင်ဟာလေ... ကိုယ့်လင်ကို နိုင်အောင်မထိန်းနိုင်ဘူး"

အပျိုကြီးမမကို ကြည့်၍ နှေးစိတ်ပျက်လာ၏။

"ထိန်းစရာမှမလိုတာ... ပြီးတော့ ကုသက အလုပ်သွားနေတာလေ။ အချိန်တိုင်းအတင်းကပ် ချုပ်ချယ်လို့မှမရတာ"

"နှေး ပေါ့ပေါ့တန်တန်တွေးလို့မရဘူး ယောက်ျားဆိုတာ လှလှပပမြင်ရင် လိုချင်နေတဲ့အမျိုး"

"ဟာ..နားကိုငြီးနေတာပဲ တော်ပြီ နေ့လယ်စာလည်းမစားတော့ဘူး။ မကြီးတို့အရမ်းဇီဇာကြောင်လို့ လင်မရတာ"

ဒေါသကထွက်ချင်လာသောကြောင့် ဗိုက်ပူပူလေးကို ပိုက်ပြီး ခြေဆောင့်ကာ လှေကားထစ်အတိုင်း တက်လာခဲ့၏။ အစ်မများက ပါးစပ်အဟောင်းသားနှင့် သူ့ကို ကြည့်နေကြသည်။

လေထဲ၌ လှပ်၍ [ေလထဲ၌ လွပ္၍] [COMPLETE]Where stories live. Discover now