အခန်းထဲ ပိတ်လှောင်ခံရတာ ဘယ်နှစ်ရက်မြောက်နေ့လည်း မသိတော့ပါ။ ဦးသီဟလက်က သူ့ကို သေအောင်လုပ်နေမှန်း သိခဲ့လျှင် ကျွန်းအထိ လိုက်လာခဲ့မည်မဟုတ်။ မှောင်ခိုလောကလူတွေရဲ့ အကြောင်းကို သူအသိဆုံး။ တစ်ဖက်လူကို မကျေနပ်တာနှင့် အဲ့လူရဲ့ လက်အောက်ခံလူတွေကို ဖမ်းဆီး နှိပ်စက်ကြသည်။
သူကလည်း အနှိပ်စက်မခံရသော်လည်း ဘယ်နေ့သေမလဲ မသိနိုင်။ မသေခင်လေးတော့ Bossရဲ့ ကလေးကို မြင်သွားချင်သေး၏။ ဒီလောက ဝင်လာကတည်းက Bossကပဲ သူ့ကို စောင့်ရှောက်ပေးလာခဲ့သည်။ Boss အတွက် အလုပ်လုပ်ပေးခဲ့သော်လည်း Bossက သူ့ရဲ့ကျေးဇူးရှင်ဆိုတာမမှား။
"Boss"
"မင်းတို့ကောင်တွေ ထွက်သွား"
တံခါးပွင့်လာသည်နှင့် အပြင်ကိုလှမ်းကြည့်မိသည်။ သို့သော် အမြဲတမ်းမှောင်နေသည့် အခန်းထဲတွင် နေ့လားညလား သူမသိပါ။ ဦးသီဟလက်သူ့ဆီလာသည်နှင့် မှိန်ဖျော့ဖျော့ မီးရောင်ဖွင့်လိုက်မှ အခန်းကို သေချာမြင်ရတော့၏။
သူတွေးထားသည်ထက် အခန်းက ကျဥ်းပြီး ခုတင်တစ်လုံးရယ် စားပွဲခုံတစ်ခုကလွဲပြီး ဘာမှမရှိ။ တံခါးမကြီး တစ်ပေါက်ကလွဲပြီး ပြတင်းပေါက်တောင်မပါ။ အုတ်နီခဲဖြင့် စီထားသည့် အခန်းငယ်ကို မီးရောင်ဖျော့ဖျော့အောက်၌ မရှင်းမလင်း မြင်နေရ၏။
"ဦးသီဟလက်! ခင်ဗျား ကျုပ်ကို ဖမ်းဆီးခွင့်မရှိဘူး"
သူ့ရဲ့စကားကြောင့် ဦးသီဟလက်က မျက်နှာသေဖြင့် လှည့်ကြည့်ရင်း တိတ်ဆိတ်နေ၏။ ဘယ်နှစ်ရက်ရှိနေပြီမှန်း မသိသော်လည်း ဦးသီဟလက်ရဲ့ ချောင်ကျနေသည့် မျက်နှာကို မြင်တွေ့ရသည်။
"Sorry မင်းကို ကိုယ်ချုပ်နှောင်မထားချင်ဘူး။ ဒါပေမယ့် လူတစ်ယောက်ကို ချစ်လာအောင် မလုပ်တတ်လို့"
"ခင်ဗျား ကျုပ်ကို အသုံးချဖို့ မကြံနဲ့ သတ်ချင်ရင် တစ်ခါတည်း သတ်သွား"
"ရှူး! ချာတိတ် မင်းလူတစ်ယောက်ကို ချစ်ဖူးလား"
ရီဝေဝေနှင့် မေးလာသည့်အတွက် သူကနားမလည်စွာ ပြန်ကြည့်နေ၏။
YOU ARE READING
လေထဲ၌ လှပ်၍ [ေလထဲ၌ လွပ္၍] [COMPLETE]
Ficción Generalလေထဲကစတင်ခဲ့တဲ့အနမ်းတစ်ပွင့်ဟာ တစ်သက်လုံးနမ်းရှိုက်ခွင့်ရချင်တဲ့ နူတ်ခမ်းတစ်စုံသာ ဖြစ်မယ်။