Part-6

8.5K 639 20
                                    

Unicode

"မင်း! ခွင့်ပြုချက်မရှိဘဲ ဘာလို့ ငါ့အိမ်ပေါ်တက်လာတာလဲ"

"အမ်... ဟို ဟို"

မွေ့ယာထက် ဖြန့်ထားသည့် လက်နက်များကို စောင်ဖြင့် ဖုံးအုပ်လိုက်ပြီး အခန်းတံခါးသို့ လျှောက်လာခဲ့သည်။ နှေးမဟော်လွမ်းကတော့ သူ့ကိုကြည့်ပြီး အနောက်ဆုတ်လာ၏။

"ထွက်သွား!... ငါ့အိမ်ကနေ"

"မထင်ရဘူးနော်... ဟား...ဟား"

နူတ်ခမ်းစေ့ထားပြီးမှ မအောင့်နိုင်တော့သည့်အဆုံး နှေးမဟော်လွမ်း အသံကျယ်ဖြင့် အော်ရယ်လေတော့၏။ သူကတော့ အော်ရယ်နေသော နှေးမဟော်လွမ်းကို မျက်မုန်းကျိုး စိုက်ကြည့်နေ၏။

"မသွားသေးဘူးလာ!"

"ဟား...ဟား... ရုပ်နဲ့မလိုက်ဘူးနော်၊ ဒါမျိုးကစားရတာ ကြိုက်တာလား"

မျက်ရည်များပင် ဝေ့တက်လာပြီး နှေးမဟော်လွမ်း အူတက်နေအောင် ရယ်လေတော့၏။ နောက်မှ သဘောပေါက်သွားသောကြောင့် ခါးကြားက သေနတ်ကို ဆွဲယူကာ ...

"မင်းအခု ချက်ချင်း ငါ့ခြံကထွက်သွား!"

"ဟား...ဟား... ငါကြောက်မယ်လို့ထင်လား... ကလေးကစားစရာကို..."

သူ့လက်ထဲကနေ ရုတ်တရက် သေနတ်ဆွဲလုခံရသောကြောင့် မျက်ခုံးများတွန့်သွားပြီး ပြန်လုချိန်မရလိုက်။ လက်ချောင်းသေးသေးဖြင့် သေနတ်မောင်းကို ဆွဲပြီး အခန်းထောင့်က ပန်းအိုးကို ချိန်လိုက်သည်။

"ကျည်ဆံ ရှိလား၊ "

"မင်း... ချလိုက်စမ်း... ဘာလုပ်နေတာလဲ"

"ပစ်ကြည့်မလို့လေ... ငါလည်း ကစားကြည့်ချင်တယ်"

ကုသမင်းထင်ရဲ့ ရင်ဘက်တည့်တည့်ကို ချိန်၍ မျက်နှာကို စေ့စေ့ကြည့်ပြီးမှ အခန်းထောင့်က ပန်အိုးဆီသို့ ပြန်ချိန်လိုက်သည်။

ဒိုင်း!

ခွမ်း!

လျှပ်တပျက်အတွင်း ဖြစ်သွားသည့် အခြေအနေကြောင့် ခေါင်မိုးထက်နားနေသော ကျေးငှက်များပင် လန့်ဖျပ်၍ ထွက်ပြေးကြ၏။ အခန်းထဲတွင် ကွဲကြေသွားသည့်ပန်းအိုးနှင့် လူနှစ်ယောက်လုံး မှင်သေနေကြ၏။

လေထဲ၌ လှပ်၍ [ေလထဲ၌ လွပ္၍] [COMPLETE]Where stories live. Discover now