အပိုင်း ၃ ခိုးနားထောင်ခြင်း

102 18 1
                                    

Unicode

ငါလေးက ကလေးပေါက်စ မာဖီးယားဂိုဏ်းချုပ် ဖြစ်လာခဲ့တယ်
အပိုင်း (၃)

"ခိုးထားနားထောင်ခြင်း"


တကယ်တော့ တံခါးကို လုံးဝပိတ်ခဲ့တာမဟုတ်ဘူး ။

အကယ်၍ တစ်စုံတစ်ယောက်က အန္တရာယ်ပေးချင်တဲ့သူ ဖြစ်နေမယ်ဆိုရင် သူမရဲ့ အခန်းထဲကို အလွယ်တကူ ဝင်လာနိုင်ပြီး သူမကို လုပ်ကြံသတ်ဖြတ်နိုင်တယ်။


" လုံခြုံရေးကဘာလို့ အားနည်းနေရတာလဲ၊ ဒီအိမ်က ချမ်းသာတဲ့ မိသားစုရဲ့ အိမ်ဆိုတာသိသာပါတယ်။ " Ainsworth က အခန်းအတွင်းထဲက‌နေ ရှုတ်ချနေခဲ့တယ်။

မျက်နှာကျက်ကိုတော့ ရွှေရောင်ခြယ်ထားပြီး နံရံကတော့ ပန်းရောင်ဖြစ်တယ်။


အခန်းထဲမှာရှိတဲ့ပစ္စည်းတိုင်းက လမ်းလျှောက်တတ်စ ကလေးငယ်တစ်ဦးနဲ့ သက်ဆိုင်ပြီး တန်ဖိုးကြီးတယ် ။ အရုပ်အစား သေနတ်အရုပ်အနည်းငယ်ရှိ‌ ပေမယ့်လည်း ထူးဆန်းသည့်အရာမဟုတ်သေးပါဘူး ။

"ဟား...အရုပ်တွေအစား အရုပ်သေနတ် ဒါက ဘယ်လိုမျိုး မိသားစုလဲ ။ လူသတ်သမားမိသားစုလား ??" Ainsworth က တံခါးကိုအစွမ်းကုန် ဖွင့်ရင်း ထိတ်လန့်သွားတယ် ။ ဒါပေမယ့်လည်း သူမရဲ့ခန္ဓာကိုယ်‌ ဝင်လို့ရအောင်လေးသာ သူမ တံခါးကို ဖွင့်နိုင်ခဲ့တယ် ။

စွန့်စားကြည့်ကြတာ‌ပေါ့ ။

Ainsworth အခန်းထဲက‌နေထွက်လာတာနဲ့ သူမမြင်လိုက်ရတာကတော့ အဖြူနဲ့အမည်းရောင်‌တွေနဲ့ အလှဆင်ထားတဲ့ခေတ်မီပရိဘောဂတွေ ။..... ခင်းထားတဲ့ကော်ဇောနီကလဲ ဂရမ်မီ(Grammy ) ဆုပေးပွဲ‌တွေမှာ အသုံးပြုတဲ့ပုံစံအတိုင်း တစ်ဖက်မှတခြားတစ်ဖက်သို့ ဆန့်တန်းခင်းထားတယ် ။

"ဟမ် ချမ်းသာတဲ့ မိသားစုပဲ" Ainsworth ကတော့ကောက်ချက်ချလိုက်တယ် ။ စင်္ကြံရဲ့အတွင်းပိုင်းက ရိုးရှင်းပေမယ့် ပရိဘောဂတွေကို ရွှေချထားတာကြောင့် ခမ်းနားထည်ဝါနေတယ် ။

အဖြူရောင် မျက်နှာကျက်မှာ ချိတ်ဆွဲထားတဲ့ မီးပဒေသာပင်ကတော့ နည်းနည်းကြီးတယ် ။ တောက်ပနေတဲ့ အနက်ရောင်စကျင်ကျောက်နံရံတော့ 'ကြီးစိုးခြင်း' ဆိုတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်တယ် ။

ဒါက မာဖီးယား ဒါမှမဟုတ် ယာကူဇာ (Yakuza ဂျပန်လူသတ်ဂိုဏ်း) လား??

အဲ့လိုဂိုဏ်းတွေနဲ့တူတယ် ။

ငါလေးက ကလေးပေါက်စ မာဖီးယားဂိုဏ်းချုပ်ဖြစ်လာခဲ့တယ်Where stories live. Discover now