Unicode
ငါလေးက ကလေးပေါက်စ မာဖီးယားဂိုဏ်းချုပ် ဖြစ်လာခဲ့တယ်
အပိုင်း (၄)
"မှောင်မိုက်သောအနာဂတ်"အကြီးအကဲ ၇ ယောက် ၊အစောင့်အရှောက် ၃ ယောက်နဲ့ တက်သစ်စ ၅ ယောက် ဆိုတာကြီးက အထက်တန်းလွှာအချို့နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းနဲ့တူတယ် ။
Ainsworth အံကြိတ်လိုက်မိတယ် ။ သူမက အဲ့နာမည်တွေကို မသိပေမယ့်လည်း နားစွင့်နေခဲ့တယ် ။'ဒါနဲ့ Sloan Family .. ဒါဆိုဒီခန္ဓာကိုယ်ပိုင်ရှင်ရဲ့ မိသားစုနာမည်က Sloan ပေါ့ ။ဒါပေမယ့် ... ဘယ်လိုမိသားစုမျိုးလဲ' ။
တကယ်တော့ Ainsworth ဟာ ဒီမိသားစုရဲ့ ပုံစံအမှန်ကို ခန့်မှန်းမိသားပါ ။ ဒါပေမယ့် သူမက အဲ့တာကို ဝန်ခံဖို့ ကြောက်နေမိတာ ။
ဟုတ်တယ်၊ အဲ့တာက တကယ် မဟုတ်လောက်ပါဘူးလေ ။အခန်းထဲက အေးဆေးတည်ငြိမ်တဲ့လူရဲ့အသံကို မကြားခင်အချိန်ထိ သူမ ငြင်းဆန်ခဲ့တယ် ။
"အဲ့ဒီသုံးယောက်တော့ မဖြစ်နိုင်ဘူး ။ သူတို့က Boss အသစ်ဖြစ်ဖို့ အရည်အချင်းမပြည့်မှီဘူး ။ Boss အသစ်က မိသားစုရဲ့အမွေဆက်ခံသူ , ငါတို့ရဲ့ မမလေး Ainsley ဖြစ်သင့်တာမဟုတ်ဘူးလား"
Ainsley တဲ့လား !
Ainsworth ကအခုမှပဲ သူမနာမည်နဲ့ သိပ်မကွာတဲ့ ဒီခန္ဓာကိုယ်ပိုင်ရှင်ရဲ့အမည်ကို သိခဲ့ရတယ် ။ အဲ့ဒါကြောင့် သူမက အခုချိန်မှစပြီးတော့ Ainsley ဆိုတဲ့နာမည်ကို သူ့နာမည်အဖြစ် အမြန် ခံယူခဲ့လေတယ် ။
Ainsley ၊ Ainsley Sloan သူမက ဒီမိသားစုရဲ့အမွေဆက်ခံသူပဲ ။
အခု Ainsley ဖြစ်လာတဲ့ Ainsworth က သူမ အချက်အလက်တစ်ခုကိုရရှိလိုက်တော့ ပြုံးလိုက်တယ် ။
ဟမ်၊ ဒီခန္ဓာကိုယ်ပိုင်ရှင်ကောင်မလေးက ၃ နှစ်လောက်ပဲရှိသေးပေမယ့် သူမက အမွေဆက်ခံပြီးသားဖြစ်နေပြီလား။ ဒါက အစကောင်းနေပြီပဲ ။
နံရံကို မှီနေတဲ့ Ainsley ဟာ အခန်းထဲက စကားပြောသံဖြစ်တဲ့ သူမ မျှော်လင့်ထားမိတဲ့ သတင်းကောင်းလေးကို သူမ ကြားသိပြီးနောက် တခစ်ခစ်ရယ်နေမိတယ် ။
"မင်းရူးနေလား? မိသားစုက မျိုးဆက်ပြတ်လုနီးနိီးအချိန်မှာ ဒီ 3 နှစ်သားအရွယ် လမ်းလျှောက်တတ်စ ကလေးငယ်လေးကို မိသားစုရဲ့ခေါင်းဆောင်အဖြစ် ထားချင်တယ် ဟုတ်လား ။" အခန်းထဲက အမျိုးသမီးရဲ့ အသံ ထွက်ပေါ်လာခဲ့တယ် ။
သူမရဲ့ အသံက အေးစက်နေတော့ Ainsley တောင် တုန်လှုပ်သွားတယ် ။
ဘာ? မိသားစုက မျိုးဆက်ပြတ်လုနီးပါး ဖြစ်နေပြီ...? ဒါက မျိုးနွယ်စုတစ်ခု ဒါမှမဟုတ် တစ်ခုခုပဲလား ။ မိသားစုတစ်ခုက ဘာလို့ ဒီလိုမျိုးပြိုလဲသွားရမှာလဲ။ ဒါမှမဟုတ် နောက်ဆို ပုန်ကန်မှု တွေရှိလာမှာလား။ ဒါပေမယ့် ဒီမိသားစုက
အဆင့်မြင့်တယ်လို့ ငါထင်မိတယ်လေ ။
မိသားစုအကြောင်းပြောတဲ့အခါမှာတော့ Ainsley က အောက်နှုတ်ခမ်းကိုကိုက်ထားပြီး သူမရဲ့ နှင်းဆီရောင်မျက်နှာကလဲ တဖြည်းဖြည်း ဖြူဖျော့လာတယ် ။
YOU ARE READING
ငါလေးက ကလေးပေါက်စ မာဖီးယားဂိုဏ်းချုပ်ဖြစ်လာခဲ့တယ်
Fantasyစာရေးဆရာ : Zehell2218 ခေါင်းစဥ် : I Become Baby Mafia Boss ဘာသာပြန်သူ : KawaiiDemon အမျိုးအစား : Comedy,Fantasy,Romance Source : Webnovel Status : Ongoing Both Zawgyi and Unicode #Unicode စွမ်းအားရှင် ကမ္ဘာကြီးတစ...