~~Dinnerကပြန်လာပီးထဲကယွန်းစိတ်နဲ့ကိုယ်မကပ်တော့ဘူးယွန်းရဲ့စိတ်နှလုံးတစ်ခုလုံးအန်တီဆိုသောအမျိုးသမီးထံသိုကပ်ပါသွားသလိုပင် ဘာလုပ်လုပ်အန်တီအကြောင်းပဲတွေးမိနေတယ်...ဖုန်းကြည့်တာတောင်အန်တီရဲ့တည်ငြိမ်တဲ့မျက်နှာကိုပဲမြင်နေမိတယ်......"ဟူး...ယွန်းရေဘာဖစ်နေတာလဲ...အဲ့တာအမေအရွယ်လေမဖစ်သင့်ဘူးစိတ်ထဲကထုတ်လိုက်နော်....''
~~ယွန်းတစ်ယောက်အဲ့အန်တီကြောင်းရူးသွားသလိုပင်မိမိကိုယ့်ကိုနှစ်သိမ့်နေရင်းသက်ပြင်းသာခနခနချမိနေတော့သည်...ယွန်းကlgbtဆိုပေမဲ့ယွန်းအကြိုက်များကငယ်ငယ်ချောချောကောင်မလေးများသာဖြစ်သည်ခုတော့အန်တီတစ်ယောက်ကြောင့်ယွန်းရင်ခုန်သံတွေရောစိတ်တွေပါထိန်းချုပ်မရဖြစ်နေရသည့်မိမိအဖစ်ကိုမကျေနပ်မိတာတော့အမှန်ပါပဲ........
"သမီးရေ....ယွန်းထတော့လေကွယ်....''
"ဒေါက်....ဒေါက်!!
"သမီးရေ....''
"ဗျာ...မေမေယွန်းနိူးပီ...ခနနေဆင်းလာခဲ့မယ်နော်...''
"အေးအေး သမီးလေး...''
~~မေမေအသံကြားမှမဖွင့်ချင်သောမျက်လုံးများကိုအားယူဖွင့်ပီးရေချိုးခန်းဝင်အလှပြင်ပီးအခန်းပြင်သို့ထွက်လာခဲ့လိုက်သည်......
"သမီးလေး နောက်ကျတယ်နော်..''
"ဟုတ်ဖေဖေ ယွန်းညကနည်းနည်းနောက်ကျသွားတယ်''
~~~မနက်စာစားပီးသည်နှင့်ကြယ်စင်တို့နဲ့ချိန်းထားသောနေရာသို့ထွက်ခဲ့သည်......
"ယွန်းနင်နောက်ကျတယ်နော်...ညကဘယ်ကောင်မလေးနဲ့chatနေတာလဲပြောပါအုံး...''
~~ငယ်ငယ်ထဲကပေါင်းလာတဲ့ကြယ်စင်နဲ့အကျော်မတို့ကယွန်းlgbtဖစ်တာကိုသိသောကြောင့်မေးခြင်းဖစ်သည်....
"ဘယ်ကောင်မလေးနဲ့မှ မChatပါဘူး အတွေးလွန်ပီး အိပ်တာနောက်ကျသွားတာ''
"ဘာတွေများတွေးစရာရှိလို့လဲအေ နောက်ထပ်ကောင်မလေးပြောင်းဖို့လား..?
"မဟုတ်ပါဘူးအကျော်ရယ်..''
~~ယွန်းသူငယ်ချင်းနှစ်ယောက်ကယွန်းရဲ့ဖြစ်တည်မှုကိုလက်ခံသလိုယွန်းအကြောင်းကောင်းကောင်းသိကြ၏...
YOU ARE READING
သို့ ...ချစ်ရပါသောအန်တီ
Любовные романыအန်တီတွေမှကြိုက်တဲ့ကောင်မလေးများအတွက်ဖတ်ကြည့်ပေးအုံးနော်