သို့ ချစ်ရပါသောအန်တီ ep.1

1.3K 70 1
                                    


ရုတ်တရက် မိုးသဲထန်စွာ ရွာသွန်းလာချိန်မိုးစိုမှာဆိုး၍ ထီးဆောင်းသူကာင်း မိုးကာဝတ်သူကဝတ်နှင့် အလုပ်ရှုပ်နေစဥ် ရွာချလာသောမိုး​ကိုပင် ဂရုမစိုက်ပဲပုံမှန်အတိုင်း လမ်းလျှောက်နေမိတယ်....အထီးကျန်ခြင်းဆိုတာမိုးထက်မြင့်ဆိုတဲ့သူမအတွက်ထာဝရအဖော်တစ်ခုလိုပါပဲခုလဲမိုးရေစက်တွေကိုမထီမဲ့မြင်ပြုပီးလမ်းလျှောက်နေမိတော့သည်..

"ဟဲ့ ယွန်း နင့်ဘာတွေကြည့်နေတာလဲ''

~~ဘေးကကြယ်စင်အသံကြားမှထိုးအမျိုးသမီးကိုသတိလက်လွတ်ငေးနေမိတဲယွန်းအဖြစ်ကိုသတိရတော့သည်.....

"ဘာမှမကြည့်ပါဘူးဟာ နင်ဘာပြောမလို့လဲပြောလေ''

"အမလေးဟယ်.. ငါကနင့်ကိုမတ်တပ်ကြီးသေသွားတာထင်နေတာ ခေါ်တာအခါ၁၀၀လောက်ရှိပီ''

"Sorryပါဟယ် ...ပြောချစ်သူငယ်ချင်းလေးဘာလဲဆိုတာ''

"အိမ်တန်းပြန်မှာလားလို့... မေးနေတာ မပြန်သေးရင်မုန့်သွားစားမယ်အကျော်မနဲ့''

"အကြယ်မနော် ဘာအကျော်လဲ နင့်အမေဂျီးတော် အကျော်လား အောင်အောင်လို့ခေါ်ပါဆိုနေတာကို ခက်တယ်တကယ်ပဲ😏😏''

"ကဲ အကျော်လဲတော်တော့ အကြယ်လဲတော် ကိုက်မနေကြနဲ့😂😂''

"ဟာ ပိုးထိုးမနော်😡😡''

~~နှစ်ယောက်သားသံပြိုင်ယွန်းအာ့အော်လိုက်တော့သည်.. ဟုတ်လဲဟုတ်တယ်လေရှိတာမှသူငယ်ချင်းလေး၃ယောက်ကိုသူတို့ကအမြဲတွေ့တာနဲ့ကိုက်နေကြတာအကျော်ဆိုတာယွန်းတို့သူငယ်ချင်းထဲမှukeလေးဖစ်သည်ယွန်းဘဝမှာအချစ်ဆုံးနဲ့တွယ်တာရဆုံးသူနှစ်ယောက်ဆိုလဲမမှားပေ....

"မုန့်မစားတော့ဘူး ယွန်းအိမ်ပြန်ရမယ် Dadကခုညသူ့မိတ်ဆွေရဲ့ဧည့်ခံပွဲ လိုက်ခဲ့ရမယ်တဲ့ စိတ်ရှုပ်လိုက်တာဟာ.. အဲ့လိုမျိုးတွေတကယ်မကြိုက်ဘူး စိတ်ကျဥ်းကျပ်တယ် ဟူးး'...'

"လိုက်သွားလိုက်ပါယွန်းရယ်နော်..''

"အေးပါကွာ''

~~သူငယ်ချင်းများအားနူတ်ဆက်ပီးအိမ်သို့ပြန်လာခဲ့တော့သည်..အိမ်ပြန်ရောက်တော့ရေချိုးပီးမသွားချင်သောDadမိတ်ဆွေရဲ့dinnerအတွက်ပြင်ဆင်ရပြန်သည်.....

"ယွန်း သမီးရေ...''

"ဗျာ mon ''

"ပြင်ပီးရင်ဆင်းခဲ့တော့ သမီးdadရောက်နေပီ အပြန်နောက်မကျအောင် စောစောသွားရအောင်နော်..''

"ဟုတ် mon ယွန်းဆင်းခဲ့မယ်နော်''

"အေးအေး..''

~~dinnerသို့ရောက်တော့dadနဲ့monကသူ့မိတ်ဆွေတွေနဲ့စကားပြောနေတယ်..ယွန်းကတော့အပေါ်ယံအပြုံးတုတွေကြားမှာနေရတာမွန်းကြပ်လာတာကြောင့် လူရှင်းတဲ့ဒေါင့်စွန်းဝိုင်းလေးမှာmonကိုပြောပီးတစ်ယောက်ထဲဖုန်းသုံးနေတာဘယ်လောက်ကြာသွားလဲမသိ ယွန်းကိုခေါ်တဲ့အမျိုးသမီးအသံကြားမှပန်ဝန်းကျင်ကိုသတိထားမိတော့သည်.....

"ဟိတ်!! ချာတိတ်!''

"ဗျာ...ဟင်.. ယွန်းကိုခေါ်တာလား?''

"အင်းလေ ..ဒီမှာချာတိတ်ပဲရှိတာ ဒို့ကမင်းကိုမခေါ်လို့ ဘယ်သူကိုခေါ်ရမှာလဲ''

~~ဖုန်းသုံးနေရင်းခေါ်သံကြောင့်လန့်ပီးဗျာတွေရောဟင်တွေပါထူးမိကုန်သည်..သေချာကြည့်တော့ယွန်းဟိုနေ့သင်တန်းအပြန်ငေးမိတဲ့အရမ်းလှပီးထက်မြတ်တဲ့အမျိုးသမီးပဲ....

"ဟိတ်!!.. ဘာတွေငေးနေတာလဲ.. စကားပြန်ပြောအုံးလေ''

~~အံ့သြပီးငေးမိနေတုန်းထိုအမျိူးသမီးထံမှစကားသံထပ်ထွက်လာသောကြောင့်ယွန်းရှက်ရှက်နဲ့စကားစလိုက်မိသည်....

"သြော် ဟုတ်ဘာကိစ္စလဲမသိဘူးရှင့်''

"ဒို့ဒီဝိုင်းမှာ ထိုင်လို့ရလားလို့မေးတာလေ အဲ့ဒါ ရလားလို့ပါ...''

"အာ့... ဟုတ်ရပါတယ် ယွန်းနည်းနည်းအတွေးလွန်းသွားလို့ပါအန်တီထိုင်ပါရှင့်''

"thanks..''

~~ကျေးဇူးတင်စကားပြောပီးတည်ငြိမ်စွာယွန်းရှေ့မှာထိုင်နေသောထိုအမျိုးသမီးအားယွန်းသတိလက်လွတ်ငေးနေမိတော့သည်.....

~~မိုးထက်မြင့်သူလဲအရှေ့ကထိုင်ကြည့်နေသောကလေးမကြောင့်နေရခက်လာသည်ဒီကောင်မလေးမိမိစကားပြောတော့လဲကြောင်အအနဲ့ခုလဲငေးနေလိုက်တာများမြင်မကောင်းဘူးမိန်းကလေးအချင်းချင်းအဲ့လောက်ငေးစရာလိုလို့လားယောက်ျားလေးတစ်ယောက်သာဆိုထရိုက်ပီနေလောက်ပီဒီကလေးမတစ်ခုခုပဲ ဟူးးးပွဲထဲမှာစိတ်ရှုပ်လို့ဒေါင့်ဝိုင်းမှာလာထိုင်ပါတယ်ဆိုဘယ်လိုဟာလေးနဲ့တွေ့နေလဲမသိပါဘူး ဟုစိတ်ထဲကတွေးပီးသက်ပြင်းသာချနေမိတော့သည်...

(အပျိုကြီးတစ်ယောက်ရင်ခုန်နေတာပါ အဟိ)

သို့ ...ချစ်ရပါသောအန်တီWhere stories live. Discover now