Part-3

348 42 0
                                    

Yoshi-Ruto မင်းဒီနေ့လေ့ကျင့်ဖို့မသွားဘူးလား?

Ruto-ခနနေရင်သွားမှာ Hyungရောမသွားဘူးလား?

Yoshi-မင်းနဲ့အတူသွားမယ်လေ

Ruto-အင်း အင်း

နောက်နှစ်ပတ်ဆိုရင်ကျောင်းအားကစားပြိုင်ပွဲရှိသည်!
ထိုပွဲမှာRutoတို့အသင်းကဘောလုံးဝင်​​ပြိုင်ဖြစ်သည်

..........
Ruto-Hyung ဒီမှာဘာလာလုပ်နေတာလဲ?

Junkyu-အာ ဒီအတိုင်းငါပျင်းလို့လေ့ကျင့်နေတာကိုလာကြည့်တာ

Ruto-အော်...ဟိုဘက်တိုး

Junkyu:မင်းသွားလေ့မကျင့်ဘူးလား

Ruto-သွားမှာပါ ခနထိုင်တာ

Junkyu-အော် Ruto yaa မင်းဒီဝတ်စုံနဲ့ကြည့်ကောင်းတယ်

လက်မတစ်ထောင်ထောင်နဲ့Rutoပုံစံကိုသဘောကိုသဘောကျကြောင်း​ပြောနေတဲ့Junkyuကအသည်းယားစရာ!

Ruto-Hyungကကြိုက်လို့လား

Junkyu-အင်း ငါဘောလုံးကန်ရတာလဲကြိုက်တယ်

Ruto-ဒါဆိုပြိုင်ပွဲကိုဝင်ပြိုင်လေ

Junkyu-ငါကအားနည်းတယ်အမောမခံနိုင်ဘူးပြီးတော့ပြိုင်ပွဲကလဲနီးနေပြီကိုအခုမှဝင်လေ့ကျင့်ပြီးဘာလုပ်လို့ရမှာလဲ

Ruto-အာ...ဒါဆိုနောက်ကျရင်ကျွန်တော်နဲ့အတူဆော့ကြည်မလား?

Junkyu-ဟမ်? အာ..ဒါဆိုရင်မင်းတော်တော်စိတ်ရှည်မှရလိမ့်မယ်

Ruto-ဟ ရပါတယ်ဗျာ

Yoshi-ကြည့်နူးနေတာတွေရပ်ပြီး လေ့ကျင့်ဖို့လာသင့်ပြီRuto

Junkyu-yaaa!ဘာကိုကြည်နူးတာလဲ စကားဆင်ခြင်နော်

Yoshiကစသလိုလိုနဲ့ပြောလိုက်တော့Junkyuမျက်နှာမှာခရမ်းချဥ်သီးလုံးပမာ ခရမ်းချဥ်းသီးလုံးလိုဖြစ်နေတဲ့Junkyuကိုကြည့်ပြီးRutoကြိတ်ရယ်လိုက်မိ!

Ruto-နောက်ကျမှတွေ့မယ်Hyung

Junkyu-အွန်း ကောင်းကောင်းလေ့ကျင့်ခဲ့

Ruto-အွန်း သိပါပြီ

...............
ခြေလှမ်းလေးတွေတရွေ့ရွေ့နဲ့ကျောင်းရဲ့အပြန်လမ်းကအထီးကျန်နေသယောင်မို့သက်ပြင်းရှည်းရှည်တစ်ချက်ချလိုက်မိ..

Junkyu-ဟူး.................Park Jihoon!Park Jihoon သူငယ်ချင်းတောင်သတိမရတဲ့ကောင်အခုဘယ်ရောက်နေလဲမသိဘူး

Ruto-ပွစိပွစိနဲ့တစ်ယောက်တည်းဘာတွေပြောနေတာလဲ?

Junkyu-အွန် မင်းလေ့ကျင့်တာပြီးသွားပြီလား

Ruto-အင်း ပြီးသွားပြီ အတူပြန်ကြရအောင်

Junkyu-အင်း ငါလဲပျင်းနေတာနဲ့အတော်ဘဲ

နှစ်ယောက်သားလမ်းမှာစရင်းနောက်ရင်းဘတ်စ်ကားဂိတ်ထိရောက်လာပြီလေ
ကားဂိတ်ကခုံတန်းတွေပေါာမှာထိုင်ရင်းအိမ်အပြန်ကိုလာကြိုမယ့်ဘတ်စ်ကားကိုမျှော်နေသူကတစ်ယောက် တစ်စုံတစ်ယောက်ကိုငေးမောနေပြန်သူကလဲတစ်ယောက်မျက်လုံးချင်းမဆုံနိုင်ဘဲခိုးပြီးသူ့မျက်ဝန်းတွေဆီကြည့်ကြည့်နေရတဲ့ကောင်းလေးကချစ်ရသူကိုရောဖွင့်ပြောနိုင်ပါ့လား?

Junkyu-အိုး မိုး...မိုးရွာလာပြန်ပြီ

Ruto-ကားလဲမလာသေစဘူး ဘယ်လိုလုပ်မလဲ

Junkyu-Ruto yaa ဒါကိုတစ်ချက်ကြည့်ပါ မိုးစက်သေးသေးပိစိလေးတွေ

Ruto-မိုးရေထဲထွက်မနေနဲ့လေအအေးမိမယ်

Junkyu-ပျော်ဖို့ကောင်းတယ်မင်းလာကြည့်

Rutoတောင်ခြေတစ်လှမ်းနောက်ကျနေပါပြီပြောလို့တောင်မဆုံးသေးဘူးJunkyuကမိုးရေးထဲထွက်နေပြီလေမတတ်သာတော့သည်မို့Rutoလဲသူ့အပေါာကုတ်ကိုခပ်မြန်မြန်ချွတ်ရင်းJunkyuခေါင်းအထက်မှတင်ခြုံပေးလိုက်သည်

Ruto-ကဲ မထူးတော့ဘူး ဒီအတိုင်းပြန်ရအောင် လာ

Junkyu-ဟူး...

လက်တစ်ဖက်ကိုပြေးဆွဲရင်းမိုးရေးစက်တွေကြားထဲပြေးလွှားပြီးပျော်မြူးနေကြတဲ့သူတို့နှစ်ယောက်ကကလေးတွေအလား...
RutoကJunkyuလက်ကိုမလွတ်တမ်းဆွဲထားရင်းရှေ့ကဦးဆောင်ကာမိုးစက်တွေကြားထဲဆော့နေတဲ့ကလေးလိုလိုသူကလဲနောက်ကပြေးလိုက်ရင်းမို့ကြည်းနူးစရာအခိုက်အတန့်သဖွယ်ဖြစ်နေသည်မှာအမှန်

💎Treasure💎

GENTLY EMBRACED{နူးညံ့စွာထွေးပွေ့မိသော}Where stories live. Discover now