မိုးတွေကလဲစရွာတုန်းကထက်ပိုသဲလာတာမို့ပြေးရင်းအနီးနားကမိုးလုံရာတစ်နေရာJunkyuကိုဆွဲရင်းခေါသွင်းလိုက်ပြီးအမောဖြေနေကြရင်းတောင်RutoကJunkyuလက်ကိုမလွတ်တမ်းတင်းတင်းဆွဲထားသေး....
Junkyu-ပျော်စရာကြီးနော်တကယ်မိုက်တယ်
Ruto-ဒီလိုနဲ့ဖျားတော့မှာဘဲ
Junkyu-ဆေးရုံတွေဆေးခန်းတွေမှတစ်ပုံကြီးဟာ
Ruto-ဟ အဲ့တာတော့ Hyungပြောမှလားဗျကျွန်တော်လဲသိတာပေါ့ နေမကောင်းဖြစ်ရင်အနည်းဆုံးသုံးလေးရက်ကတော့ကောင်းကောင်းကြီးခံရမှာလေ
Junkyu-မင်းကဘာလဲ မင်းဖျားမှာအဲ့လောက်ကြောက်နေတာလား အင်းပါ အင်းပါ ငါမှာပါတယ်
Ruto-ကျွန်တော်ဖျားမှာမဖျားမှာကိုပြောတာမဟုတ်ဘူး Hyungကိုပြောတာ Hyungအတွက်စိတ်ပူလို့ပြောတာ
Junkyu-အာ..... ငါ့ကိုပြောတာလား
Ruto-အွန်း!
Junkyu-အင်းပါ အင်းပါ စိတ်မဆိုးပါနဲ့
Ruto-ဘယ်သူကစိတ်ဆိုးတယ်ပြောနေလို့လဲ
Junkyu-အေးတယ်ဟ
Ruto-အများကြီးအေးနေလား
Junkyu-အမ်..... နည်းနည်း
Ruto-ရရဲ့လား အဆင်ပြေလား
Junkyu-အင်းပြေတယ်ဘာမှအဲ့လောက်ကြီးမဖြစ်ပါဘူး
Rutoတစ်ယောက်Junkyuကိုဂရုစိုက်ပေးနေရင်းပင်သူ့ကိုယ်သူတောင်ဂရုမစိုက်မိပါစိတ်အာရုံအားလုံးကJunkyuတစ်ယောက်ဆီမှာ Junkyuသာဖျားရင်ဆိုတဲ့အတွေးကြီးနဲ့Rutoမွန်းကျပ်မိတာအမှန် သဲထန်နေတဲ့မိုးပေါက်ပြင်းပြင်းတွေကလဲတဖြည်းဖြည်းစဲလာသည်ကနောက်ဆုံးမိုးစက်သေးသေးလေးတွေတစ်ပေါက်နှစ်ပေါက်သာကြတော့သည်အထိ
Ruto-ပြန်ကြရအောင်မိုးစဲနေပြီ
Junkyu-အွန်း
................
Ruto-ဝင်တော့ရေတွေပြောင်အောင်သုတ်နွေးနွေးထွေးထွေးနေအုန်းJunkyu-မင်းပြန်ရမှာဝေးတယ်မဟုတ်လား မင်းအတွက်မင်းလဲပူအုန်းငါ့အတွက်ချည်းပူမနေနဲ့
Ruto-ကျွန်တော်ကဘာမှမဖြစ်ဘူး တော်ရုံတန်ရုံနေမကောင်းလဲမဖြစ်တတ်ဘူးHyungသာဂရုစိုက်
Junkyu-အင်းပါမြန်မြန်သွားတော့ တော်ကြာအအေးမိနေမယ်
Ruto-အွန်း မနက်ဖြန်တွေ့မယ်
အချင်းချင်းနှုတ်ဆက်ပြီးတာနဲ့Junkyuအဆောင်ထဲပြေးဝင်လာရတော့သည်အပြင်မှာကြာကြာနေရင်ရေခဲတောင်ဖြစ်မလားဘဲ
Junkyu-Jihoonie.....မင်းပြန်ရောက်ပီ.....
Junkyuခြေတောင်မချတော့ပါPark Jihoon မင်းငမွှေလေးကအငြိမ့်သားထိုင်နေရင်းTvကြည့်ပြီးသူ့စားထားတဲ့မုန့်အိတ်အခွံတွေအချိုရည်ဘူးခွံတွေကိုကြမ်းပြင်တစ်လျှောက်ဖြန့်ကြဲထားသည်
Junkyu-Park Jihoon...........!!
Jihoon-အဲ အဲ Junkyu yahh
Junkyu-မင်း...!
Jihoon-မင်းတစ်ကိုယ်လုံးရေတွေရွှဲနေပါလားဘာလဲမိုးမိလာတာလား
Junkyu-ငါ့ကိုအသာထားမင်းဖွထားတာတွေကိုကြည့်အုန်း
Jihoon-ဟဲ ဟဲ ငါပြန်သိမ်ပါ့မယ်
Junkyu-ဟူး.....ပြီးရင်ငါနဲ့အတူသိမ်းမယ်
Jihoon-အရင်အဝတ်အစားသွားလဲပါအုန်း
Junkyuအဝတ်အစားလဲပီးထွက်လာတော့Jihoonဖွထားမိသမျှအရာတွေအကုန်ရှင်းပီးနေပီဖြစ်တာမို့Junkyuစိတ်ကျေနပ်မိသည်မှာအမှန်အမြဲမတည့်ဘဲရန်သာဖြစ်နေတာJihoonကသူ့ကိုအတော်ဂရုစိုက်ပေးတာတော့ပြောစရာမလိုလောက်အောင်...
Junkyu-အကုန်ရှင်းပြီးပြီဘဲ
Jihoon-ခုနကRutoလာသွားတယ်
Junkyu-ဟမ်?
Jihoon-ဒါတွေလာပေးသွားတယ်
ဘေးမှာချထားတဲ့အထုပ်ကိုJihoonမြှောက်ပြလိုက်တော့အိပ်ထဲမှာပါတာတွေကဆေးတစ်ချို့နဲ့မုန့်တွေ
Junkyu-ဒီကိုတစ်ချက်ကမ်း
Jihoon-ရော့
Junkyu-လာပို့သွားတာကြာပီလား
Jihoon-နည်းနည်း ဒါနဲ့ Rutoလဲမိုးမိထားတဲ့ပုံဘဲ ခေါင်းမှာရေတစ်ရွှဲရွှဲနဲ့တစ်ကိုယ်လုံးမှာလဲရေတွေရွှဲနေတာဘဲ
Junkyuစိတ်ပူသွားမိတယ် အိမ်တောင်မှပြန်ရောက်ရဲ့လားJihoonပြောပြုံအရဆိုရင်အိမ်တောင်အရင်မပြန်ဘဲသူ့အတွက်အရင်ဒါတွေပြန်လာပို့တာဖြစ်မယ်Rutoဒီလိုနဲ့ဖျားတော့မှာဘဲ
Junkyu-ငါစာသွားကျက်အုန်းမယ်
Jihoon-အေးအေး
💎Treasure💎
Zawgyiနဲ့တောင်းထားတဲ့သူလေးရေအမဖုန်းပသိပ်အဆင်မပြေလို့ကြိုးတော့ကြိုးစားကြည့်နေတယ်နည်းနည်းစောင့်ပေးနော်
![](https://img.wattpad.com/cover/293882050-288-k781537.jpg)
YOU ARE READING
GENTLY EMBRACED{နူးညံ့စွာထွေးပွေ့မိသော}
Romance"အားးးးးးးးးးHaruto မင်းတကယ်ကိုရူးနေတာဘဲ" "ကျွန်တော်ဒီထက်ပိုပြီးရှေ့ဆက်တိုးအုန်းမှာမို့အသင့်ပြင်ထားလိုက်" #Harukyu #merryella4524