part 3
118 14 1
Zawgi
.................
လွန်​ခဲ့​သော၁နာရီ
"ဟူး​ ​နေကပူလိုက်​တာဟိုက​လေးကလိပ်​စာမ​ပေးလိုက်​ဘူး။ အိမ်​​တွေပဲလိုက်​​မေးရ​တော့မယ်​ အရှက်​မရှိလိုက်​တာ"
ထို့​ကြောင့်​အတ္တ​မောင်​အိမ်​​တွေကိုလိုက်​​မေးလိုက်​သည်​။ ပထမအိမ်​ကို​မေး​တော့
"အန်​တီဟိုစပယ်​ကုံး​ရောင်းတဲ့​ကောင်​​လေးအိမ်​ကဘယ်​နားမှာလဲဗျ"
သူကသ​ဋ္ဌေးဆို​ပေမယ့်​လူကြီးသူမဆိုရင်​​တော်​ယဉ်​​ကျေးရမည်​မဟုတ်​လား?
"​အော်​​ ​ဒေါ်ပန်း​သွေးနွယ်​တို့အိမ်​ထင်​တယ်​ ဟုတ်​လားလူ​လေး"
"ဟို...အဲ့ဒါ​တော့မသိဘူး ​ကောင်​​လေးနာမည်​ကသွန်းခန့်​လှိုင်​ဆိုလားပဲ"
"ဟုတ်​တယ်​ ဟုတ်​တယ်​ အဲ့​ကောင်​​လေးကကွယ်​...သူ့ဘဝကသနားစရာပါ။မိဘ​တွေက​ကောင်​​လေးငယ်​ငယ်​​လေးထဲကလုပ်​ကြံခံလိုက်​ရတာကွဲ့"
အ​တ္တ​မောင်​ထို​ကောင်​​လေးအားပို၍ပင်​ သနားမိသွားသည်​။
"ပြီး​တော့သူ့အ​ဒေါ်ဆိုတဲ့ ​ဒေါ်ပန်း​သွေးနွယ်​ဆိုတဲ့လူက​ကောင်​​လေးကိုအိမ်​​ပေါ်မတင်​ချင်​ပဲတင်​ထားရတာကွဲ့ ဟိုတ​နေ့က​တောင်​ သ​ဋ္ဌေးကြီးတစ်​​ယောက်​ကို ​ကောင်​​လေးကို​သိန်း၁၀၀၀နဲ့​ရောင်းမယ်​လုပ်​​နေ​သေးတာ"
အတ္တ​မောင်​​တော်​​တော်​စိတ်​တိုသွားသည်​။ကိုယ့်​တူကိုယ်​​တောင်​ ပြန်​​ရောင်းမယ်​တဲ့​လေ။
"ဟာ..လူစိတ်​မရှိလိုက်​တာ"
ထိုအန်​တီကြီးမှ
"ဟိုပြီး​တော့ရှိ​သေးတယ်​ အဲ့တာအဲ့သ​ဋ္ဌေးက​ကောင်​​လေးကိုဖြူဖက်​ဖြူ​ရော်​နဲ့မို့မဝယ်​ဘူးတဲ့ အဲ့တာ​ဒေါ်ပန်း​သွေးနှယ်​ကလိုက်​ရှာ​နေတာ ဘာလို့များအဲ့လိုလုပ်​​နေရတာလဲမသိဘူး"
အတ္တ​မောင်​စိတ်​ထဲအကြံတစ်​ခုရသွားသည်​။သူက​နေ့တိုင်းအဲ့​ကောင်​​လေးရုပ်​ပဲ ပြန်​ပြန်​ပြီးမြင်​​ရောင်​​နေသည်​​လေ။ သူဒီ​ကောင်​​လေးကိုချစ်​​နေသည်​ဆိုတာသူ့ဘာသူ သိပါသည်​။