part 5
99 14 9
Zawgyi
သွန်းခန့်​ ပုဇွန်​နဲ့ဓာတ်​မတဲ့လို့ ​ဆေးရုံ​ရောက်​သွားသည်​။သူ့အ​ဒေါ်ကို​ခေါ်​တော့ဖုန်းမကိုင်​ ဒါနဲ့ပဲကိုယ်​က ကုမ္ပဏီအလုပ်​ရှိ​သေးလို့ ကျွန်​​တော့်​ သူငယ်​ချင်း ထူးခန့်​ကိုကို ကိုပဲ​လူနာ​စောင့်​ဖို့လှမ်း​ခေါ်လိုက်​ရတယ်​။
ထူးခန့်​ကိုကို ​ရောက်​လာ​တော့
"​ဟျောင့်​ မင်းသူငယ်​ချင်း ​ဆေးရုံ​ရောက်​​နေတယ်​ဆို ငါက​စောင့်​ရဦးမှာ​ပေါ့ ဟူးးးး "
"​​အေး ငါကုမ္ပဏီမှာလုပ်​လက်​စ ရှိ​နေ​သေးလို့မင်းကို​ခေါ်လိုက်​တာ "
"​အေးပါကွာ မင်းက​ရောဒီကိုမလာ​တော့ဘူးလား"
"အလုပ်​ပြီးရင်​ ဒီကိုလာမှာ မင်းကလဲ ​စောက်​ရမ်းစပ်​စုတာပဲ"
ထူးခန့်​ကိုကို အတ္တ​မောင်​အား ဂျိုကြည့်​ ကြည့်​လိုက်​သည်​။အ​မောင်​​ရေခဲတုံးက​တော့ သူမျက်​​စောင်းထိုးတာ​တော့ မမြင်​လိုက်​ရ​ပေ။
ထိုနှင့်​ သူ့ သူငယ်​ချင်းဆိုတဲ့သူဆီပဲသွားလိုက်​​လေသည်​။
➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳
တခြား​ကောင်​​လေးနှင့်​ စကား​ပြော​နေရင်း ဖုန်းဝင်​လာ​သော​ကြောင့်​ထို​ကောင်​​လေးအား
"ခဏ​နော်​ လင်းပြည့်​​လေး"
"ရပါတယ်​ ကိုကိုရဲ့ ဖုန်း​အေး​ဆေး​ပြော"
ထိုနှင့်​ဟိုဘက်​ခဏ ထွက်​သွား၍ဖုန်းကိုင်​လိုက်​သည်​။
"ဟယ်​လို"
*​အေး ထူးခန့်​*
တစ်​ဖက်​မှထွက်​လာ​သောအသံသည်​အတ္တ​မောင်​၏အသံပင်​။သူ့အသံကအရင်​ကဆိုတည်​ငြိမ်​ ​နေ​ပေမယ့်​ အခုတုန်​ရီ​နေသည်​။
"​အေး​ ​ပြော ဘာဖြစ်​လို့လဲ"
*ဟို..ဟို ငါ့​ကောင်​​လေး အဲ့ ငါ့သူငယ်​ချင်း​ဆေးရုံ​ရောက်​​နေလို့ မင်း​စောင့်​​ပေးဦး*
"ကျစ်​ မင်းကွာ ငါလင်းပြည့်​​လေးနဲ့ စကား​ပြော​နေတယ်​​လေ"