Part-9
36 5 2
Zawgyi
"မုန်းတယ်​!မုန်းတယ်​!!ငါ့မိဘ​တွေကိုသတ်​​တဲ့လူ​တေအကုန်​လုံးကို မုန်းတယ်​!"
ညသန်း​ခေါင်းယံကြီး သွန်းခန့်​တစ်​​ယောက်​ အိမ်​မက်​ဆိုး မက်​သည်​ထင့်​။ချွေး​တွေလည်း စိုရွှဲလို့။
အတ္တ​မောင်​ ဒီ​နေ့မှသွန်းခန့်​​ဆေးရုံကဆင်းလာသည်​မို့ သူနှင့်​အတူ လာအိပ်​ခိုင်းလိုက်​သည်​။
သွန်းခန့်​​ ​အော်​သံ​ကြောင့်​ လန့်​နိုးလာရသည်​။ကိုယ်​ပူစမ်းကြည့်​​တော့ ပူကျစ်​လို့။
ဒီ​နေ့မှ​ဆေးရုံ ဆင်းလာတာကို ကျစ်​!
ထိုနှင့်​ အိပ်​မ​ပျော်​​သော​ကြောင့်​ ​ရေပတ်​တိုက်​​ပေး​နေရင်း သွန်းခန့်​က ထပ်​​ယောင်​သည်​။
"အတ္တ​မောင်​ ဆိုတဲ့သူကို အရမ်းမုန်းတယ်​!"
သူလန့်​သွားသည်​။သွန်းခန့်​က သူ့ကိုမုန်းသည်​တဲ့လား။မဖြစ်​နိုင်​တာ။ဒီက​လေး ကသူ့ကိုအရမ်းချစ်​တာ​လေ။
"မဖြစ်​နိုင်​ဘူး"
"ဖြစ်​နိုင်​ပါတယ်​ ဟက်​"
အောက်​ကိုငုံ့ ကြည့်​ ​တော့ ​ကောင်​​လေးက နိုး​နေပြီဖြစ်​သည်​။
"သူများမိဘကို သတ်​တဲ့သူရဲ့သား! ကြီးကြီး ငါ့ကို ​ဒေါ်​လေးနဲ့အတူထားခဲ့ကတည်းက ငါဒီကိစ္စကို ​မေ့​ဖျောက်​ဖို့ မနည်းကြိုးစားခဲ့တာ အဲ့​တော့ မင်းကငါ့ရန်​သူပဲ ဒါ​တောင်​ငါ့ကို ထပ်​ပြီး နှိပ်​စက်​​သေးတယ်​​ပေါ့ ထားပါ ဒါ​တွေကပြီးခဲ့ပြီပဲ ခု​တော့ နှိပ်​စက်​လို့မရ​တော့ဘူး ဟက်​"
သွန်းခန့်​၏ အရင်​ကမျက်​လုံး​တောက်​​တောက်​​လေးများမှာ ခု​တော့ အသက်​မရှိသည့်​ဟန်​။
သူဒီကိစ္စကို​မေ့ပစ်​ခဲ့တာကြာပါပြီ။ကြီးကြီး​ရောဂါ ​ကြောင့်​ဆုံးသွား ကတည်းက ဒါမှမဟုတ်​ ​ဒေါ်​လေးနဲ့ အတူစ​နေကတည်းက။အတ္တ​မောင်​ဆိုသည်​ နာမည်​ကို သူဦး​နှောက်​ထဲမှာကို မထား​တော့တာ အဲ့​နေ့ကစပြီး​တော့။မေ့ဖို့ကြိုးစားခဲ့သည်​။မေ့ခဲ့ ပါသည်​။
ဒီကိစ္စကို​မေ့ပြီး ဘဝကို ရိုးရိုးသားသား ဖြတ်​သန်းခဲ့သည်​။ဒုတိယအကြိမ်​ ကြားရသည်​​တောင်​ ထိုအတ္တ​မောင်​ဆိုသည့်​ နာမည်​ကို မမှတ်​မိခဲ့ပါ။