Part-2

1.4K 132 7
                                    

     "မင်း...KIM SUHO.." Kris၏မျက်​နှာတွင်​အံ့သြခြင်းများနှင့်​​ဒေါသတို့လွှမ်းခြုံသွားတယ်​ 

    "နင်​ငါ့ကိုသိလို့လား...sorryငါ​တော့နင့်​ကိုမ​နေ့ကမှ​တွေ့ဘူးတာ ​နောက်​ပြီးငါ့နံမည်​ကKim suhoမဟုတ်​ဘူး Do suho"

    "Do suho.." Krisတစ်​​ယောက်​​ရေရွတ်​မိတယ်​ ​ကောင်​မ​လေးကဆက်​ပြီး

      "နင်​လူမှားတာ​နေမှာပါ"လို့​ပြောလိုက်​တယ်

      "လူမှားတာဟုတ်​လား ငါဘယ်​​တော့မှမမှားဘူး ငါ့အသည်းကိုအစိမ်းလိုက်​ခွဲသွားတဲ့မင်းဆိုတဲ့မိန်းမကိုငါ​ကောင်း​ကောင်းမှတ်​မိတယ်​Kim suho" Kris. Suရဲ့ပခုံးနှစ်​ဖက်​ကိုဆုပ်​ကိုင်​ပြီး​ပြောလိုက်​တယ်

      "ဒီမှာ..ajushi..ငါ့နံမည်​ကDo suho ​နောက်​ပြီးငါနင့်​ကိုမမြင်​ဖူးဘူး ပိုပြီးအ​ရေးကြီးတာကနင်​ကိုယ့်​အသက်​သခင်​​ကျေးဇူးရှင်​ကိုဘာ​လေသံနဲ့​ပြော​နေတာလဲ အဲ့ဒါ​ကြောင့်​ငါ့oppaက​ပြောတာ လူ​တွေက​ကျေးဇူးမသိတတ်​ဖူးလို့"Suကခပ်​စွာစွာပဲပြန်​​အော်​လိုက်​တယ်

      "အသက်​သခင်​​ကျေးဇူးရှင်​...ဟုတ်​လား"

     "ဟုတ်​တယ်​...မ​နေ့နင့်ကို​ဟို​ကောင်​​တွေ....ဘာမှမဟုတ်​​တော့ဘူး...ငါ​ခေါ်လာလို့​နင်​မ​သေတာ...ဘာကိစ္စလဲ​တော့မသိချင်​နဲ့...ajushi" Suတစ်​စုံတစ်​ခုကိုဖုံးကွယ်​လိုက်​တယ်

        "ဘာာ........ajushi.."

        Kris. Su​ပြောမှသူမမျက်​နှာ​လေးကို​သေချာစိုက်​ကြည့်​မိတယ်​ သူမုန်းတဲ့မိန်းမKim suhoထက်​​တော့အသားအရည်​ကပိုပြီးဖြူ​နေတယ်​ ဖြူ​နေတယ်​ဆိုတာထက်​​သွေးမရှိတဲ့အသားအရည်​လိုမျိုး ကျန်​တဲ့အစိတ်​အပိုင်း​တွေက​တော့copyကူးထားသလိုမျိုးကိုတူ​နေတာ ဒါ​ပေမယ့်​သူသတိရသွားတာကအသက်​ ဟုတ်​တယ်​ သူ့​​ရှေ့က​ကောင်​မ​လေးကအလွန်​ဆုံးရှိမှ၁၈နှစ်​​လောက်​ပဲရှိဦးမယ်​ Kim suhoက​တော့သူနဲ့အသက်​အတူတူပဲဆို​တော့အခုဆိုရင်​အသက်​၂၅​လောက်​ရှိပြီ​လေ Kris. Suကို​သေချာစိုက်​ကြည့်​ပြီး

     "မင်းမှာအစ်​မ​တွေဘာ​တွေများရှိ​နေလား"

    "ဘာမှမရှိဘူး oppa​တော့ရှိတယ်​ ငါ့oppaနံမည်​က Do kyungsoo"

Vampire GirlfriendOpowieści tętniące życiem. Odkryj je teraz