Part-3
941 114 11
        El dorado clubရဲ့​မြေ​အောက်​ထပ်​က​တော့​နေ့ခင်းပိုင်း​တွေဆိုတိတ်​ဆိတ်​​နေကြ​ပေါ့ barထဲမှာ​သွေး​သောက်​​နေသူတစ်​​ယောက်​နှစ်​​ယောက်​ကလွဲရင်​လူသိပ်​မရှိပါဘူး barရဲ့အစွန်​ဆုံး​ထောင့်​ကထိုင်​ခုံမှာ​တော့​သွေးကိုဝိုင်​ခွက်​ထဲထည့်​ရင်း​လောကစည်းစိမ်​ခံစား​နေတဲ့vampire Do kyungsoo​ခေါ်D.O အပြင်​ပန်းကြည့်​ရင်​​တော့အသက်​၁၉၊၂၀အရွယ်​​ကောင်​​လေးတစ်​​ယောက်​ဆို​ပေမယ့်​လက်​ရှိအသက်​၅ရာ​ကျော်​​နေပြီဖြစ်​တဲ့စွမ်းအားကြီးမားလွန်းပြီးလူသား​တွေကိုအမဲလိုက်​ရာမှာရက်​စက်​လွန်းတဲ့vampireဆိုတဲ့ဂုဏ်​ကိုခံယူထားသူ​ပေါ့ သူ့ရဲ့တစ်​ခုတည်း​သောအားနည်းချက်​က.....
D.O-"ဒီ​နေ့လည်း​ကျောင်း​ပြေးပြန်​ပြီ​ပေါ့"
       သူမလက်​နှစ်​ဖက်​ကိုD.Oရဲ့မျက်​လုံး​ပေါ်ကခွာပြီးD.Oရဲ့​ဘေးမှာဝင်​ထိုင်​လိုက်​တယ်
Su-"oppaကလည်း..Suကလူမှမဟုတ်​တာ​ကျောင်းကိုအချိန်​ပြည့်​တတ်​ဖို့လိုလို့လား"
       D.Oသက်​ပြင်းတစ်​ချက်​ချလိုက်​ပြီး
D.O-"လူမဟုတ်​လို့သွားခိုင်းတာ​ပေါ့ Suကအခုချိန်​ထိအစွယ်​မထွက်​​သေးတဲ့သက်​တမ်းနုvampireသက်​သက်​ပဲရှိ​သေးတယ်​ Suပထမဆုံး​သွေးစုတ်​ရမယ့်​လူသားကို​လပြည့်​ညမှာ​တွေ့မှSuရဲ့အစွယ်​​တွေကထွက်​လာမှာ အဲ့လို​တွေ့ဖို့ဆိုတာကလည်းလူအုပ်​ထဲမှာလူ​တွေနဲ့​ရော​နှော​နေမှဖြစ်​မှာ​ပေါ့"
      D.Oရှည်​လျားစွာရှင်းပြလိုက်​​တော့Su​ခေါင်း​လေးပုသွားပြီး
Su-"အင်းပါ..အင်းပါ...​နောက်​​နေ့​ကျောင်းတတ်​ရင်​ပြီးတာပဲမဟုတ်​လား...အဘွားကြီးကျ​နေတာပဲ..ပွစိပွစိနဲ့..."
Vampire GirlfriendWhere stories live. Discover now