မပြည့်စုံခြင်း သီအိုရီ

813 15 3
                                    

မပြည့်စုံ​ခြင်း သီအိုရီ

လူ​သားတွေ​ရဲ့ သဘာဝ
မပြည့်စုံတဲ့ လိုအင်ဆန္ဒကြောင့်
​ပြီးပြည့်စုံတဲ့ အချစ်ပန်းတွေ
မိုးကုတ်စက်ဝိုင်းပေါ်ကနေ
မွေးဖွားခဲ့ကြ

အချစ်ပန်းတွေ ဖြစ်တည်နေဖို့
နေရောင်ခြည်မလိုဖူး...
ကလိုရိုဖီးလ်မလိုဖူး...
ပန်းဝတ်မှုံမလိုဖူး...
ဟော်မုန်းမလိုဖူး...
သုတ်​ကောင်​မလိုဖူး...
မျိုးဥမလိုဖူး...
ဥယျာဥ်မှုးမလိုဖူး...
ဒြပ်ရှိဆဲလ်တစ်ခုလည်းမလိုဖူး...

ပုထုဇဥ် လူနှစ်ယောက်
မပြည့်စုံတဲ့ တွယ်တာရောင် ဆန္ဒနှစ်ခု
ဒါပဲ လိုတယ်

လူတစ်ယောက် ကမ္ဘာတစ်ခုမှာ
အနည်းဆုံး တစ်ခေါက်
အများဆုံး တစ်ခေါက်
မပြည့်စုံတဲ့ အဖော်မွန်နဲ့ ဆုံတွေ့ပြီး
ပြီးပြည့်စုံတဲ့ သက်တန့်ပုံစံ
အချစ်ပန်း​​တွေပွင့်တယ်

တစ်ခါတုန်းက
မပြည့်စုံတဲ့ ငါ့ကမ္ဘာထဲ
ပြီးပြည့်စုံတဲ့ အချစ်ပန်း ဖူးပွင့်ခဲ့

လရောင်စမ်းတဲ့ ညချမ်းမှာ
နေပူစာလှုံရင်း နွေးခဲ့
မပြည့်စုံတဲ့ လူသားနှစ်ယောက်
ပြည့်စုံခြင်းတွေနဲ့ ထွေးခဲ့

သံယောဇဉ် ရထား​လေး
ရင့်ကျက်ခြင်း ဘူတာမှာ ရပ်တန့်သွားတဲ့အချိန်
မပြည့်စုံခြင်း ကမ်းစပ်မှာ ​​နေထိုင်​တဲ့မင်းက
မပြည့်စုံခြင်း သမုဒ္ဒရာမှာ လက်​ပြစ်ကူးနေရတဲ့ငါ့ကို
အသက်ရှူသံခြင်း ထပ်တူမကျလို့ ငြိုငြင်တယ်

မင်းရှိတဲ့ ကမ်းစပ်
ကြိုးစားကူးခတ် အရောက်လာခဲ့တော့လည်း
ရှင့်ရဲ့ အိပ်ကပ်ထဲမှာ
ရောင်နီတွေ မရှိတော့လို့ဆိုပြီး
အချစ်ပန်းလေးဟာ
​တစ်ခုတည်းသော ပြီးပြည့်စုံခြင်းလေးဟာ
တစ်ခြား စကြာဝဠာဆီသို့
ခုန်ကူးသွားတယ်

ငါ့ကမ္ဘာထဲ နဂိုမူလ မပြည့်စုံခြင်းများနဲ့
ပွင့်ဖက်ကြွေများသာ ကျန်ရစ်ခဲ့

ဝမ်းနည်း​ခြင်း အထိမ်းအမှတ် အနေနဲ့
လင်ဇီးမှိုပေါက်နေတဲ့ စီးကရက်ကို
ဓာတ်ပုံအဟောင်းတွေနဲ့ မီးညှိ
နှလုံးအိမ်ထဲထိ ရှိုက်သွင်းပြီး
ချယ်ရီပန်းတွေ မှုတ်ထုတ်ပြစ်လိုက်တယ်

မင်းမရှိတဲ့နောက်....

ငါ့ကမ္ဘာထဲ ပြီးပြည့်စုံတဲ့ ပန်းပွင့်တွေ
နောက်ထပ် ဘယ်တော့မှ မတွေ့ရတော့ဖူး။

၃၀.၉..၂၀၂၁

၂၄ မျက်နှာ

မပြည့်စုံခြင်း သီအိုရီDonde viven las historias. Descúbrelo ahora