🐯 Baby Kookie 🐰 [3]

3.3K 244 47
                                    

Unicode

ဆယ်နှစ်ကုကီးလေးဆယ်နှစ်ရှိပြီ။ သူကတော့ ၁၇ နှစ်ရှိပြီလူပျိုပေါက်စလေးဖြစ်ပြီပေါ့။ ကုကီးဒီအရွယ်ထိရောက်လာအောင်သူ့မှာဟိုခွေးကြီးမျက်လုံးရှေ့ကနေကာကွယ်လာရတာ။ တော်သေးတယ်အဲ့ခွေးကြီးနိုင်ငံခြားကပြန်မလာတာငါးနှစ်ရှိပြီမို့လို့။ အိမ်မှာအမေနဲ့လည်းနေ့တိုင်းရန်ဖြစ်နေရတယ်။ ကျတော်က၁၇နှစ်၁၈ပြည့်တော့မယ်လေ။ အဲ့တော့အဲ့ခွေးကြီးကိုအလုပ်နားခိုင်းပြီးကျတော့်ကိုနိုင်ငံခြားလွှတ်အလုပ်လုပ်ခိုင်းတော့မယ်လေ။ ပြောရရင်မသွေားချင်ဘူးကုကီးလေးကိုစိတ်မချလို့။ ကုကီးလေးကအခုဆိုအချောအလှချစ်စရာလေးဖြစ်နေပြီ အရင်ကလိုလုံ့းလုံးပုပုလေးမဟုတ်တော့ဘူး။ ကျောင်းလည်းတက်နေရပြီ။ စကားလေးတောင်ပီနေပြီဗျာ။

"ကိုကိုရေ!!"

ဟော်တွေ့လားပြောရင်းဆိုရင်းရောက်ချလာတာပဲ။

"ပြောလေကုကီး"

"ကိုကိုကုကီး banana milk တွေသောက်ပစ်တာမဟုတ်လား"

"အယ်..ကိုကိုမသောက်ပါဘူးကုကီးရဲ့"

"မညာနဲ့နော်ကုကီးသိတယ်"

"ကဲဗျာကိုကိုသောက်မိတယ်ဟုတ်ပြီလား"

"ဟွန့်..ကိုကိုမကောင်းဘူးဘာလို့အကုန်သောက်ပစ်တာလဲ"

"တစ်ဘူးထဲရှိတာပါကုကီးရယ်"

"အေ့လေ..တစ်ဘူးထဲရှိလို့အကုန်သောက်ပစ်လို့ပြောနေတာပေါ့"

"အင်းပါကိုကိုကျောင်းကပြန်လာရင်ဝယ်လာခဲ့ပေး‌မယ်နော်"

"အများကြီးဝယ်လာရမှာနော်"

လက်ကိုကားပြီးပြောနေတဲ့ကုကီးလေးကသူ့ရဲ့ banana milk တွေသောက်မိလို့မကျေမနပ်ဖြစ်ကာနှုတ်ခမ်းလေးကထော်‌ထားလေရဲ့။

"ဟုတ်ပါပြီဗျာ..အများကြီးဝယ်လာမှာပါ"

"ပြီးရောမဝယ်လာရင်ကိုကို့ကိုစိတ်ဆိုးပစ်မှာ!"

"စိတ်တော့မဆိုးလိုက်ပါနဲ့ကုကီးလေးရယ်ကိုကိုဝယ်လာပါ့မယ်"

"ဟွန့်..ပြီးရော"

"ကုကီးကလေတစ်နေ့တစ်ခြားချစိဖို့အရမ်းကောင်းလာတာပဲကွာ..ကိုကိုကတော့ချစ်လွန်းလို့ရူးတော့မယ်"

🐰 Baby Kookie 🐰[아기 쿠키] (ရပ်နား!!!)Where stories live. Discover now