🐯 Unicode 🐰
မနက်ခင်းနေရောင်ခြည်ကပြတင်းပေါက်နေထိုးဖောက်ကာ မျက်နှာပေါ်ကျရောက်လာကြောင့်ထယ်ယောင်းနိုးလာခဲ့သည်။ ထမလို့ကြံလိုက်ပေမယ့်သူ့ရင်ဘတ်ပေါ်ကလေးနေတဲ့အရာတစ်ခုကြောင့်ငုံ့ကြည့်မိတော့သူ့ရဲ့ကုကီးလေး။ စောင်လွတ်နေတဲ့အပေါ်ပိုင်းနေရာတွေမှာသူပေးထားတဲ့အနီရာတွေကအပြည့်။ အိပ်နေတဲ့ကောင်လေးကိုသူပြုံးပြုံးလေးကြည့်နေတုန်းမှာပဲအကောင်ပေါက်လေးကလှုပ်လာလေသည်။
"အင့်..ကိုကို"
မနက်ခင်းစောစောစီးစီးချစ်ရသူဆီကကိုယ့်ကိုခေါ်တဲ့နာမ်စားလေးကိုကြားရတာကျက်သရေရှိလိုက်တာဗျာ။ (ရီးဇားမရှိတဲ့လူတွေကဒီခံစားချက်ကိုမသိ🥴)
"ဗျာ..ကုကီးလေးနာနေလို့လား"
"ဟင့်အင်း..မဟုတ်ပါဘူး..ဒါမယ့်ကိုက်ခဲနေတယ်" (ကိုက်ခဲမှာပေါ့ကြမ်းထားတာကို🤭)
"အင်းပေါ့..မျက်နှာသစ်တစ်ခုခုစားပြီးရင်ဆေးသောက်ရမယ်"
"ဟုတ်..ကိုကို"
"အခုတော့မျက်နှာသစ်တော့နော်..ကုကီးထနိုင်ရဲ့လား"
"ထနိုင်ပါတယ်..အာ့"
ထနိုင်ပါတယ်ဆိုပြီး ထလိုက်တော့အောက်ပိုင်းတစ်နေရာကဆစ်ခနဲ။
"လာ..ကိုကိုချီသွားမယ်"
"ဟုတ်"
သူ့ကိုချီပြီးရေချိုးခန်းထဲအထိလိုက်ပို့ပေးတဲ့ကိုကိုကြောင့်သူအချစ်ပိုရပြန်တယ်။
"ကိုကိုအခန်းထဲသွားတော့မယ်နော်..ဟိုအဖိုးကြီးမနိုးခင်"
"ဟုတ်ကဲ့"
ဂျောင်ဂုလည်းရေမိုးချိုးအဝတ်စားလဲပြီးအောက်ထပ်ဆင်းလာလိုက်သည်။ အကျီကတော့လည်ပင်းကအမှတ်သားတွေမပေါ်တဲ့အကျီပဲဝတ်ရတာပေါ့။ ဦးလေးမသိအောင်လေ ဒါပေမယ့်လမ်းလျှောက်ရင်နာနေလို့လူကကွတကွတနဲ့ မနဲထိန်းပြီးလျှောက်နေရတယ်။
သူလည်းအောက်ရောက်ရောသူ့ထက်အရင်ပြီးနေတဲ့ကိုကိုကဦးလေးကြီးနဲ့တောင်မနက်စာအတူတူစားနေပြီ။
"အာ..လာလေဂျုံးဂု"
ဦးလေးကြီးပြောလိုက်မှကိုကိုကသူ့ကိုလှည့်ကြည့်လာသည်။ အခုမှသူ့ကိုတွေ့တာထင်တယ်။
YOU ARE READING
🐰 Baby Kookie 🐰[아기 쿠키] (ရပ်နား!!!)
RomanceVkook 🐯🐰 Top ၊ V 🐯 Bottom ၊ Kook 🐰 😍 Cute & Sex 🔞 fic Unicode & Zawgyi (ရပ်နား!!!)