🐯 Unicode 🐰
တီ..တီ..တီ
ထယ်ယောင်းရဲ့နံနက်ခင်းကိုဖုန်းမြည်သံကအနှောင့်ယှက်ပေးလိုက်သလိုပင်။ သူကိုင်လိုက်တော့သူ့ရဲ့မိခင်ဆီက
"ဟယ်လိုအမေ"
"သားလေးအမေဒီမှာအလုပ်တွေမနိုင်တော့လို့ပြန်လာပါလားသားရယ်"
"ဟာဗျာ အမေကလည်းသားပြန်မလာချင်ပါဘူး..အမေ့ယောင်္ကျားကိုခေါ်လိုက်လေ..သားကဒီမှာအလုပ်ရှိတယ်"
"သားရယ်ဘာလို့ပြောရခက်နေရတာလဲကွယ်..သားအဖေကသားကိုပြန်ခေါ်ခိုင်းနေတာ"
"အမေ..သားကငယ်ငယ်ထဲကအဲ့ရောက်ပြီးအလုပ်လုပ်နေရတာနော်..ဒီကြားထဲမှာကုကီးနဲ့ခွဲခဲ့ရတာအကြာကြီး..ကျတော်ပြန်မလာနိုင်ဘူး..အမေ့ယောင်္ကျားကိုပဲပြန်ခေါ်"
"သား..ကုကီးကအဲ့လောက်တောင်အရေးကြီးတာလား..သားစိတ်မချဘူးဆိုလည်းသားရဲ့အဖေရှိနေတာပဲလေ"
"အဲ့တာကြောင့်ကိုပိုစိတ်မချတာ"
"အမေမေးတာဖြေနော်"
"အင်း"
"သားကုကီးအပေါ်ညီအကိုတစ်ယောက်ထပ်ပိုနေတာလား"
ထယ်ယောင်းတစ်ယောက်သူ့အမေရဲ့အမေးကြောင့်ခနတိတ်ဆိတ်သွားသည်။
"ဟမ်..အမေမေးနေတယ်လေ"
"ဟုတ်တယ်အမေ..ငယ်ငယ်ကမသိခဲ့ပေမယ့်ကျတော်ကုကီးကိုညီအကိုတစ်ယောက်ထပ်ပိုတယ်..ကျတော်သူ့ကိုချစ်တယ်အမေ..အဲ့တာကြောင့်ကျတော်အဲ့အဖိုးကြီးနဲ့သူ့ကိုမထားခဲ့နိုင်ဘူး..အမေကျတော့်ကိုနားလည်ပေးနိုင်ဖို့မျှော်လင့်ပါတယ်"
"ဒါမယ့်သားတို့ကယောင်္ကျားလေးတွေဆိုတာသိထားဦးလေ"
"ကျတော်သိတယ်..အချစ်ကအချစ်ပါပဲကျားမမခွဲပါဘူး"
"သားကိုအမေဘယ်လိုပြောပြရမလဲမသိတော့ဘူးကွယ်"
"ဘယ်လိုမှမပြောပါနဲ့..ကျတော်ကနားထောင်မှာမဟုတ်လို့"
"အဲ့တာဆိုလည်းအမေသားအဖေကိုပြောကြည့်ပါဦးမယ်..အဲ့တာဆိုဒါပဲနော်သားလေး..အမေသားကိုအရမ်းချစ်တယ်"
YOU ARE READING
🐰 Baby Kookie 🐰[아기 쿠키] (ရပ်နား!!!)
RomanceVkook 🐯🐰 Top ၊ V 🐯 Bottom ၊ Kook 🐰 😍 Cute & Sex 🔞 fic Unicode & Zawgyi (ရပ်နား!!!)