Part 59-အတိတ်ကိုချန်ထားခဲ့။

15.5K 2K 81
                                    

Unicode

၁ရက်တိတိသတိမေ့နေရာကနေ ပြန်နိုးလာပြီးတော့ မိသားစုဆရာဝန်ကဒန်နီရယ်နေကောင်းပြီလို့ပြောမှ အကုန်လုံးကစိတ်အေးသွားကြတယ်။

"ဘာလုပ်နေတာလဲ?။ဆရာဝန်က အနားယူဖို့ပြောထားတယ်လေ။" လွမ်မင်လေးကို ချီရင်းချော့သိပ်နေတဲ့ ဒန်နီရယ့်ဆီကို လောင်ထရန်းကလျှောက်သွားရင်း ပြောလိုက်တယ်။အယ်လ်ဖာက ဒန်နီရယ်ရဲ့သွယ်လျတဲ့ခါးလေးကို သူ့လက်နှစ်ဖက်နဲ့ဖက်လိုက်ပြီး သူရဲ့ပူနွေးတောင့်တင်းတဲ့ခန္ဓာကိုယ်နဲ့ဆွဲကပ်လိုက်တယ်။

"တစ်နေ့လုံးအိပ်ရာထဲလှဲနေတာပဲ။ဒါလေးလုပ်တာနဲ့ ကျွန်တော်မပင်ပန်းပါဘူး။" ဒန်နီရယ်ကလွမ်မင်လေးကိုကြည့်ရင်း ပြုံးပြီးပြောတယ်။ဒီမိုမိသားစုနဲ့ဆို လွမ်မင်လေးကလုံခြုံမှန်းသိပါတယ်။ဒန်နီရယ်လာ ကလည်းအဖမ်းခံလိုက်ရပြီလေ။ဒါပေမဲ့ အကယ်၍များဆိုပြီး သူတွေးတွေးမိနေတယ်။အဖြစ်အပျက်တွေက သူ့ကိုထိတ်လန့်စေခဲ့တယ်။ဒါပေမဲ့ သူ့ရဲ့မိသားစုအတွက် ဒန်နီရယ်က သန်မာချင်တယ်။အဲ့ဒီ့အကြောင်းကိုမတွေးမိဖို့နဲ့ အရမ်းစိတ်မလှုပ်ရှားဖို့ သူတတ်နိုင်သလောက်အကောင်းဆုံးကြိုးစားနေတယ်။

"မင်းသူ့ကို ဒီလိုအမြဲချီထားနေရင် သူအကျင့်ဖြစ်သွားလိမ့်မယ်။" လောင်ထရန်းကပြောတယ်။လွမ်မင်လေးက အခုအိပ်ပျော်သွားဖြစ်တဲ့အတွက် လောင်ထရန်းက ကလေးကိုပုခက်ထဲထည့်လိုက်ဖို့ ဒန်နီရယ့်ကို မသိမသာတွန်းအားပေးနေတယ်။

"ကလေးဆိုတာချီထားပေးရတယ်လေ လောင်ထရန်း။" ဒန်နီရယ်ကမျက်မှောင်ကြုတ်ပြီး လွမ်မင်လေးကိုလက်မောင်းပေါ်မှာချီထားရင်း ဘယ်ညာယိမ်းနေတယ်။သူ့သားလေးကိုချီထားရင်း ချော့သိပ်ရတဲ့ ခံစားချက်ကိုသူကြိုက်တယ်ဆိုတာမငြင်းနိုင်ဘူး။တစ်ခါတလေကျရင် ရပ်လို့ကိုမရဘူး။

"ဟုတ်ပါတယ်။ဒါပေမဲ့ အချိန်တိုင်းတော့မဟုတ်ဘူးလေ။" လောင်ထရန်းကအထွန့်တက်လိုက်တယ်။သူနဲ့ဒန်နီရယ်ရဲ့တူနှစ်ကိုယ်အချိန်တွေကတဖြည်းဖြည်းနည်းလာတာကိုဝမ်းနည်းနေတယ်။ အတူရှိတဲ့အချိန်ရှိပြန်တော့လည်း အိုမီဂါလေးကအနားယူဖို့လိုအပ်နေပြန်တယ်။

ချစ်တတ်လွန်းသောအယ်လ်ဖာ [Myanmar Translation-Book 1]Où les histoires vivent. Découvrez maintenant