Part 57-သူမရဲ့ထင်ယောင်ထင်မှားဖြစ်ခြင်းကနေနိုးထခြင်း။

16.1K 2.3K 137
                                    

Unicode
[T/N-နှစ်ပိုင်းအပ်ထားတာပါ။အပေါ်ကတစ်ပိုင်းနိုတီမတွေ့မှာစိုးလို့။]

"နင်က ဒီမိသားစုကိုကျက်သရေယုတ်အောင်ထပ်လုပ်ပြန်ပြီ။အရှက်မရှိတဲ့ဟာမ!။နင့်ကြောင့်ပဲ ဆူလန်မိသားစုပျက်ဆီးရတာ။နင့်ကြောင့်ပဲ နင့်အမေနဲ့ငါ လူကဲ့ရဲ့ခံရတော့မှာ။နင်ဒန်နီရယ့်ကိုအဲ့လိုလုပ်ဖို့အတွက်ကို?!။အခုငါတို့အဖြစ်ကိုကြည့်တော့။မိုမိသားစုက ငါတို့လည်ပင်းကိုတက်နင်းထားပြီ။နင့်အမေနဲ့ငါ သူ့ကိုဆူလန်မိသားစုကထွက်သွားအောင်နေမောင်းထုတ်ခဲ့တာက မလုံလောက်ဘူးလား?။" ရဲစခန်းက သီးသန့်အခန်းထဲမှာရှိနေတဲ့သူ့ရဲ့တစ်ဦးတည်းသောသမီးကို အော်ပြောလိုက်တယ်။ဒန်နီရယ်လာကလက်ထိပ်ခတ်ခံထားရပေမဲ့ နောင်တရနေတဲ့ပုံလုံးဝမပေါ်ဘူး။ဒန်နီရယ့်ကိုတောင်းပန်ဖို့ သူမကိုပြောထားတာ၁ရက်တောင်မပြည့်သေးဘူး။နောက်ထပ်ကျက်သရေမရှိတဲ့ပြဿနာတစ်ခုကပေါ်လာပြန်ပြီ။ချိတ်ဆက်ကြည့်ပြီးတော့ မိုမိသားစုကသူတို့မိသားစုကိုဖျက်ဆီးချင်နေတာမှန်းသိလိုက်ရတယ်။

"ဒန်နီရယ်ကဘာများထူးခြားနေလို့လဲ?။သူကအိုမီဂါတစ်ယောက်ပဲလေ။သနားကမားပုံစံလုပ်တဲ့နေရာမှာပဲတော်တာ။သမီးကမှ သူ့ထပ်ပိုထူးချွန်တာ!။သမီးကိုသာအခွင့်အရေးတစ်ခုထပ်ပေးရင် မိုလောင်ထရန်းသမီးကိုကြိုက်လာစေရမယ်။" ဒန်နီရယ်လာကမကြောက်မရွံ့သူ့အဖေကိုပြန်အော်တော့ ဂျော့ဂျ်ကသူမရဲ့ပါးကိုဖြတ်ရိုက်လိုက်တယ်။ဒန်နီရယ်လာကခုံပေါ်ကနေပြုတ်ကျသွားတယ်။ဂျော့ဂျ်ဆူလန်မှာသာနှလုံးရောဂါရှိခဲ့ရင် ဒီအခြေအနေမှာဒေါသထွက်လွန်းလို့မေ့လဲနေလောက်ပြီ။

"ထင်ယောင်ထင်မှားဖြစ်နေတာတွေရပ်လိုက်တော့ ဒန်နီရယ်လာ။မိုလောင်ထရန်းကဖြင့် ဒန်နီရယ့်ကိုလက်ထပ်ထားတာကြာလှပြီ။အစကတည်းက နင့်မှာအခွင့်အရေးကိုမရှိတာ။" ဂျော့ဂျ်ဆူလန်ကပြောပြလိုက်တော့ ဒန်နီရယ်လာကလေပြင်းမုန်တိုင်းတိုက်ခံလိုက်ရသလိုဖြစ်သွားတယ်။

"ဘ-ဘာ?။" ဒန်နီရယ်လာကထစ်ထစ်ငေါ့ငေါ့နဲ့ပြောတယ်။ဘယ်သူမှမသိလိုက်ဘဲ မိုလောင်ထရန်းကဒန်နီရယ့်ကိုလက်ထပ်မယ်လို့မထင်ခဲ့ဘူး။သူမ ယုံကြည်တာက မိုလောင်ထရန်းလိုလူမျိုးသာလက်ထပ်ရင် လူတိုင်းကိုကြေညာပြီး ပြောမယ်လို့။သူတို့သေချာပေါက်ခမ်းနားတဲ့မင်္ဂလာပွဲလည်းလုပ်မယ်ပေါ့။

ချစ်တတ်လွန်းသောအယ်လ်ဖာ [Myanmar Translation-Book 1]Tempat cerita menjadi hidup. Temukan sekarang