Jin ၊အသက်အားဖြင့် ၂၀၊မုဆိုးမအမေနှင့်Seoulကတန်ဖိုးနည်းတိုက်ခန်းလေးတစ်ခုတွင်နေထိုင်သူ။ Seoulအနုပညာကျောင်းတွင်သရုပ်ဆောင်ပညာကိုဆည်းပူးနေသောစကော်လာရထူးချွန်ကျောင်းသားတစ်ဦး။မချမ်းသာပေမယ့်အပူအပင်မရှိ။
သို့ပေမယ့်ကံမကောင်းအကြောင်းမလှစွာသူ့မိခင်ထံလွန်ခဲ့သော၆လကကင်ဆာဟူသည့်ရောဂါကြီးရှာဖွေတွေ့ရှိခဲ့သောကြောင့်ကျောင်းစားရိတ်မပူရသော်လည်းအမေ့ဆေးဖိုးကထောင်းလာသည်သော် ကျောင်းချိန်ပြင်ပမှာအချိနိပိုင်းအလုပ်များကိုကုန်းရုန်းလုပ်ရလေတော့သည်။
"ဟေး Jimin နေကောင်းလား"
Jin၏အချစ်ဆုံးသူငယ်ချင်းJiminဆိုသည်မှာအလယ်တန်းကတည်းကအတန်းဖော်၊ရန်ဖြစ်ဖော်ရန်ဖြစ်ဖက်၊ပုပုသေးသေးငွေရောင်ဆံပင်လေးကလေအလွင့်မှာဝဲလို့၊ Jinကိုပြန်ရီပြလာသောမျက်ဝန်းတို့မှာမှိတ်လျှက်။
"ငါကတော့ Goodပဲကွာ၊မင်းအမေကောနေရတာသက်သာရဲ့လား Jin"
"အင်းအရင်ကထက်စာရင်တော့နည်းနည်းနေလို့ကောင်းပါတယ် ဒါပေမယ့်ဆေးတွေအရှိန်နဲ့အားနည်းနေတုန်းပဲ" ပြုံးပြီးပြောလိုက်သောJinမျက်နှာမှာဖျော့တော့စွာ။
"အင်းအင်း ဒါနဲ့မင်းလူကြီးကော"
"သူလဲနေကောင်းပါတယ်" အပြုံးတုနှင့်ပြောရပြန်သည်။
"ဟားဟား အသေးစိတ်ပြောပြစမ်းပါကွာ မင်းတို့အခြေအနေကို"
"ငါတို့တွဲနေကြတာ ၄လရှိပြီ ဒါပဲလေ ဒီထက်ဘာမှပြောစရာမရှိတော့ဘူး"
Jiminရဲ့မေးခွန်းကိုဖြေရတာတော်တော်တော့ဂွကျသည်။သူနှင့်လူကြီးအကြားတွင်ဘာမှမည်မည်ရရပြောစရာကိစ္စမရှိ။အတွေးတွေကတော့လွန်ခဲတဲ့၄လ လူကြီးနှင့်စတင်ဆုံတွေ့ခဲ့တဲ့နေ့ဆီသို့။*****
ထိုနေ့အလုပ်တွေပြီးလို့အိမ်ပြန်မယ်လုပ်တော့အသက်၃၀ကျော်အရွယ် ချောချောအမျိုးသားတစ်ဦးကကျွန်တော့်ရှေ့မှာလာရပ်ကာမိတ်ဆက်သည်။
"ကိုယ့်နာမည် Kim Taehyung၊မင်းကိုကိုယ်စိတ်ဝင်စားလို့"
ဒီလိုတည့်တိုးကျလွန်းသောနည်းနဲ့ချည်းကပ်လာတာကိုသိပ်သဘောမတွေ့လှပေမယ့်သူအလုပ်လုပ်နေကျဆိုင်ရဲ့အဓိကVIPဖောက်သည်ဖြစ်တာတာလဲပါတာကြောင့်ဆော့ဂျင်ခင်မင်ခွင့်ပြုခဲ့သည်။လူကြီးကကြိမ်ဖန်များစွာချစ်ရေးဆိုခဲ့သော်လည်းကိုယ့်ထက်၁၇နှစ်မျှအသက်ကြီးသော လူတစ်ယောက်နှင့်မတွဲလို၍ဆော့ဂျင်အတွင်တွင်ငြင်းခဲ့သည်၊သို့သော်ထိုငြင်းဆိုမှုကလူကြီး၏ကြွယ်ဝမှုအကြောင်းကိုဖန်သားပြင်နှင့်အင်တာနက်သတင်းများတွင်မတွေ့ရခင်အချိန်ထိသာ။...။
YOU ARE READING
Forbidden Love (Taejinkook)
Storie d'amoreWhen forbidden love between two human beings grow unconsciously..... Would they break laws and rules just for their love or would they refrain their feelings for everyone's sake? Let's go on a Taejinkook journey with me 😘