"Hello host: system 801ကကြိုဆိုပါတယ်"
ငါဘယ်ရောက်နေတာလဲ။ငါဘာလို့တခုမှမမှတ်မိရတာလဲ။စဉ်းစားလိုက်တိုင်း ခေါင်းတွေအရမ်းကိုက်လာတယ်.....
"မင်းဘယ်သူလဲ..ငါကရောဘယ်သူလဲ။ဒီနေရာကရောဘယ်နေရာလဲ"
"ကျနော်ကsystem801ပါ။အခုhostရောက်နေတာက system spaceလို့ခေါ်တဲ့ နူးညံ့ခြင်းဥယျာဉ်ပါ"
"ငါဘာလို့တခုမှမသိရတာလဲ။ငါ့နာမည်ကရောဘာလဲ။"
"Host နာမည်က ပိုင်မင်ရှဲ့ပါ။hostကမှတ်ဉာဏ်ဖျောက်ခံထားရတာပါ"
"ဪ.....ဒါနဲ့ မင်းနာမည်က ဘာ.. system 80...."
"System 801 ပါhost"
အဟင်း စာလုံးသုံးလုံးလေးဂိုမေ့နေသေးတယ် ငါ့host ကလဲ
"မင်းမှာနာမည်မရှိဘူးလား"
"မရှိပါဘူး host . systemတွေမှန်သမျှ code တွေကိုပဲသုံးကြတာပါ"
"အက်ဒါဆို ငါမင်းကို ရှောင်လန် လို့ခေါ်မယ် "
ဟုပ်တယ် ရှောင်လန် အဲ့နာမည်ငါရင်းနှီးနေသလိုပဲ
Dinn.....
[နာမည်ပေးခြင်းပီးဆုံး]"ဟမ် ဘာလား။ကဲ ရှောင်လန်ရေ ငါကဒီမှာ ဘာလုပ်ရမှာလဲ ငရဲပြည်ဆင်းရမှာလား လူ့ပြည်သွားရမှာလား ဒါမှမဟုတ် နတ်ပြည်တတ်ရမှာလား "
ဟွန့် သေချာပါတယ် ငါကနတ်ပြည်တတ်ရမာ ဟဟ
Hostအတွေးတွေကိုကြားနေရတဲ့ ရှောင်လန်မှာ မရယ်မိအောင် ကိုယ့်လျှာကိုယ်ပြန်ကိုက်ထားရသည်။
"အဟမ်း host ...... host တွေးနေတာတွေကြားရပါတယ်နော်"
"အဟဲ ငါဘာမှမတွေးပါဘူး"
"Hostက ဝိဉာဉ်အားနည်း နေတဲ့အတွက် systemကဖန်ဆင်းထားတဲ့ ကမ္ဘာ 10 ခုကိုသွားပီ ဝိဉာဉ်စွမ်းအားစုဆောင်းရပါမယ် host ဝင်တဲ့ကိုယ်ရဲ့ မပီးမြောက်သေးတဲ့အလုပ်တွေ ဖြစ်ချင်တဲ့ဆန္ဒတွေကို သူတို့ကိုယ်စား host ကပီးမြောက်အောင်လုပ်ရမှာပါ 10 ကမ္ဘာပီးလို့ ဝိဉာဉ်စွမ်းအား အပြည့်အဝရရှိခဲ့ရင် host မူလဘဝကိုပြန်လည်ရရှိမှာပါ ....အမလေး မောလိုက်တာ....."
"ဪ......"
"ဟမ် host ဒါပဲလား..."
ရှောင်လန်ခဗျာ အာပေါက်မတတ်ရှင်းပြပြီးမှ ရလာတဲ့အဖြေက ဪတဲ့ တွေ့မရ် host စုတ် ခက်ခဲတဲ့ကမ္ဘာတွေကိုပို့ပစ်မယ်