အပိုင်း (၁) ( ပန်းလေးတွေကမလှဘူးလား )
Unicode (hee-fei)
နာရီ အချက်ပေးသံ တစ်ချက်ချက်မြည်သံနှင့်အတူ တိတ်ဆိတ်ပြီး နေချင်စဖွယ်တစ်စက်လေးတောင်မရှိသော ဆေးရုံထဲက အခန်းငယ်လေးထဲ၌
အသက်သမျှချစ်နေရပါသော ကျွန်တော့်ရဲ့ကလေးငယ်လေးက အောင်ဆီဂျင်ပိုက်တန်းလန်းနဲ့
ဆေးရုံဝတ်စုံ နဲ့ ကလေးငယ်လေးက မလိုက်ဖက်လွန်းပေ။
အမြဲတမ်း ကလေးငယ်လေး ဘေးကပဲ့ ရပ်ပြီး ကြည့်နေခဲ့ရတဲ့ ကျွန်တော်က အခုလိုကလေးငယ် မနိုးထနိုင်သေးတဲ့ အချိန်မှာလည်း ဘေးကပဲ့ကြည့်နေခဲ့ရပြန်တယ်။
ပြင်းထန်လွန်းတဲ့ accident ကြောင့် သေလုမြောပါးအသက်လုနေခဲ့ရတဲ့ကလေးငယ်။
အဖြူရောင်ဝတ်စုံနဲ့ ကုတင်ပေါ် မှေးစက်နေတဲ့ ကလေးလေး နံဘေးမှာထိုင်ပြီး နူးညံ့လှသည့်လက်ခပ်နွေးနွေးလေးတစ်စုံပို ဆုပ်ကိုင်ထားမိသည်။
" ကလေးငယ်လေး ထလာပါတော့အခုဆို ကလေးငယ်လေး အိပ်နေတာ သုံးလတောင်ရှိနေပြီမလို့ ထလာပါတော့နော်ကလေးငယ်လေး။ ကိုကို ရူးရတော့မယ် ကလေးငယ်လေးရာ..."
ကျွန်တော်တစ်ယောက်ထဲ စိုးရိမ်သောကရောက်နေတာမဟုတ်ဘူး၊ အခန်းအပြင်မှာထိုင်ပြီး တိတ်တဆိတ်မျက်ရည်ကျနေတဲ့ မိဘနှစ်ယောက်လည်းရှိသေးသည်။
ဒေါ်လေးဆို ကလေးငယ်လေးရဲ့ သတင်းကိုကြားပြီးပြီးခြင်း ရောဂါပြန်ဖောက်လို့တစ်လလောက်ဆေးရုံမှာအနားယူလိုက် ရသေးတယ်
" သား ယွန်း ဂျူတီ ရှိတယ်မလား သားလည်း အလုပ်မလုပ်တာကြာနေပြီ။ သားငယ်လေး ဘေးမှာ အန်ကယ်တို့်စောင့်နေမှာပါ"
VOCÊ ESTÁ LENDO
𝑨 𝑺𝒐𝒇𝒕 𝑳𝒖𝒗 𝑩𝒐𝒏𝒅 ( နူးညံ့သောချစ်ခြင်းနှောင်ကြိုး )
Açãoပင်ပန်းစေတဲ့အရာတွေကိုကြာကြာဆုပ်ကိုင် မထားစေချင်ဘူးကလေးငယ် Start Written date -Dec.15 Ending Date -