အပိုင်း (၂) - ဆောင်းဦးနဲ့ ဆောင်းရာသီ
Unicode (hee-fei)
တိတ်ဆိတ်နေသည့် အခန်းငယ်လေး ရဲ့ အပြင်က ရာသီဥတု အခြေအနေလေးကတော့ မိုးဖွဲဖွဲလေး ကျနေတော့ လေတိုက်ရာ ဘက်ကို ယိမ်းနေသည့် မိုးရေစက် ကလေးများကို ငေးနေမိသည်။
ကျွန်တော်လည်း သူတို့လေးလို လွှတ်လပ်ချင်တယ်။ ကျွန်တော့် ဘဝကြီးကို တစ်ခါတစ်လေ ကျွန်တော် မုန်းမိတယ်။ အားနွဲ့လွန်းသည့် ခန္တာကိုယ်၊ အမြဲတမ်း ဖြူဖတ်ဖတ် ဖြစ်နေသည့် မျက်နှာ၊ သူများတွေထက် အားငယ် တတ်သည့်စိတ် ၊ တစ်ခုခုဆို အရင်ဆုံးကျလာတတ်သည့် မျက်ရည်၊ ဒါတွေ အကုန်လုံးကို ကျွန်တော်မုန်းတယ်။ ကျွန်တော် တခြား သူတွေလို ပြေးလွှား ခုန်ပေါက်ပြီး ဆော့ကစားချင်တယ်။
မိဘတွေက ကစားဖို့ ခွင့်ပြုတောင် ကျွန်တော့် ခန္တာကိုယ်က ခွင့်မပြုဘူးဗျ။
အခုလည်း ဆေးရုံက အဖြူရောင်အခန်းလေးထဲမှာ ကျွန်တော် တစ်ယောက်ထဲ။ဆောင်းရာသီမှ မိုးဖွဲဖွဲလေး ရွာနေတော့ သူများတွေအတွက်တော့မသိဘူး ကျွန်တော်အတွက်တော့ ထူးဆန်းနေတယ်ဗျ။ ကျွန်တော် ဆောင်းရာသီကို မကြိုက်ဘူးဗျ။ အရမ်း အထီးကျန် ဆန်လွန်းလို့လေ။ ငယ်ငယ်လေးကတည်းက အဖော်မရှိသည့် ကျွန်တော် ။ ကျောင်းတောင် အလယ်တန်းလောက်ထိ အိမ်မှာ ဆရာတွေနဲ့ သင်ပြီး ဖြေခဲ့ရတာ။ အထက်တန်း ရောက်မှ ကျောင်းတက်ဖူးတယ်။
အထက်တန်းတက်တုန်းက အချိန်တွေဆို ကျွန်တော့ ဘဝရဲ့ အပျော်ရွှင်ရဆုံး အချိန်တွေပဲ့။ ကျွန်တော့်ကို အမှတ်တရတွေ အများကြီး ပေးခဲ့တယ် အထက်တန်း ကျောင်းတက်နှစ်လေးက။
ခန္တာကိုယ်လေးက အေးစိမ့်စိမ့်လေး ခံစားမိလာပြီမလို့ စားပွဲပေါ်တင်ထားပေးသည့် အဲယားကွန်း ခလုတ်ကိုယူကာ အရှိန်လျော့ လိုက်ရတယ်။ အိုမားက အိမ်ပြန်ပြီး ကျွန်တော် စားချင်တာ တွေ ပြင်ဆင်ပေးမယ်လို့ပြောပြီး ပြန်သွားတယ်။အ့ပါးကတော့ ကုမ္ပဏီ က အစည်းအဝေးကြောင့် ခဏ သွားရတယ်။ ဆရာယွန်း ကတော့ အရေးပေါ် လူနာ တစ်ယောက် အသည်းအသန်ဖြစ်နေတယ်ဆိုလို့ သူနာပြုတွေက လာခေါ်သွားတယ်။ အခု ကျွန်တော့် အနားမှာ ကျွန်တော် တစ်ယောက်လွဲရင် တစ်ခြား ဘယ်သူမှ ရှိမနေဘူး။
ŞİMDİ OKUDUĞUN
𝑨 𝑺𝒐𝒇𝒕 𝑳𝒖𝒗 𝑩𝒐𝒏𝒅 ( နူးညံ့သောချစ်ခြင်းနှောင်ကြိုး )
Aksiyonပင်ပန်းစေတဲ့အရာတွေကိုကြာကြာဆုပ်ကိုင် မထားစေချင်ဘူးကလေးငယ် Start Written date -Dec.15 Ending Date -