- UNICODE -
[အပိုင်း ၉]
အနှီမြွေများ ၎င်းကိုကြိုတင်စီစဉ်ထားခြင်းပြုထားလော မပြုထားလောကို မသိတော့ပေ ဟူ၍ ရင်ရှောင်ရှောင်လေး စိတ်မချမ်းမြေ့စွာဖြင့် တွေးမိနေသည်။ တစ်ကောင်၏မျက်လုံးများပွင့်လာပြီးသည်နှင့် နောက်တစ်ကောင်သည်ချက်ချင်းလက်ငင်းနိုးလာတတ်သည်။ အဘယ်ကြောင့်များ သူတို့အားလုံးသည် တစ်ချိန်တည်းပဲမနိုးနိုင်ကြသနည်း။ ယခုတော့ သူ့ကျောနာကျင်နေရလေပြီ။
ဤသို့ဖြင့် မနက်အရုဏ်တက်ချိန်ရောက်သော် မြွေငယ်ကလေးငါးကောင်နှင့်အတူ ရင်တာ့ပိုင်နှင့်ဟွားရှောင်ဟွားတို့သည် ရင်ရှောင်ရှောင်၏မျက်နှာကြီးဆူပုတ်နေခြင်းကို တွေ့ရတော့သည်။ သူဟာ ဘာကြောင့်များ မျက်နှာထားမဆိုးဘဲ နေမည်နည်း။ မြွေများ မနက်မိုးလင်းနိုးမလာခင်အထိ ထိုမြွေများကြားတွင် မင်းတို့ဖိချုပ်ခံကြည့်ကြပါလောလေ။
ရင်တာ့ပိုင်၊ ဟွားရှောင်ဟွားနှင့်တကွ မြွေငယ်ကလေးများသည် အလွန်ဆက်စပ်၍မရဖြစ်နေကြကာ ရင်ရှောင်ရှောင်ကိုရန်စသည့်အရာ တစ်ခုတစ်လေမျှကိုလည်း သူတို့မပြုထားမိကြပါ။ သို့စေကာမူ မနေ့၌ သူငယ်ချင်းအသစ်တစ်ကောင်နှင့်တွေ့ပြီး သူတို့အတူတူသွားရောက်ဆော့ကစားခဲ့သည်ဟု ရင်ရှောင်ရီးက ဆိုလာ၏။ မဝံမရဲဖြစ်လွန်းစွာ ရင်ရှောင်ရှောင်သည် အဖွဲ့၏အနောက်သို့ ဆုတ်သွားခဲ့သည်။ အခြားသူတို့၏ရယ်မောမှုသည် အိပ်ရေးမဝသေးသောရင်ရှောင်ရှောင်ကို ပို၍သာ စိတ်မသက်မသာဖြစ်စေလေသည်။
“ရှောင်ရီး ဖေဖေတို့ဘေးချင်းကပ်အိမ်နီးချင်း စန်းဟုန်ရဲ့မြွေကလေးလေးတွေကို ပြောတာလား”
သူငယ်ချင်းအသစ်တွေရခဲ့ပြီဟု ရင်ရှောင်ရီးပြောသည်ကိုကြားသော် သူ့ကလေးတွေထက် သုံးလကြီးသော ဘေးအိမ်ကမြွေကလေး လေးကောင်ကို ဟွားရှောင်ဟွားချက်ချင်းတွေးမိလိုက်သည်။
“?”
သူတို့ မည်သူများဖြစ်ကြကြောင်းကို မေးစမ်းရန် ရင်ရှောင်ရီး အမှန်တကယ်မေ့လျော့သွားခဲ့၏။
“ဟုတ်”
ရင်ရှောင်ရီး၏အကျဉ်းအကျပ်ကို ဖြေရှင်းပေးခြင်းအားဖြင့် ရင်ရှောင်စီအဖြေပြန်လိုက်သည်။
YOU ARE READING
Romance▪️နွေးထွေးတဲ့မေတ္တာတွေ အပြည့်သိပ်ထားတဲ့ ပုံပြင်လေးတစ်ပုဒ် ▪️ I don't own any part of this story. All credit goes to original author & eng translator. The photos,The pictures I used in this story book are not my arts. All credit goes to original art...