ကလင် ကလင် ကလင်
ရိပေါ်တို့အတန်းဆင်းချိန်ရောက်တော့...
ဟိုနှစ်ကောင်
ကျိရန်မှခေါ်လိုက်သည်ဘာလဲ....
ငါတို့ကော်ဖီဆိုင်သွားရအောင်
ဘယ်ကော်ဖီဆိုင်လဲ
ရိပေါ်မှမေးလိုက်သည်ထိုအခါကျိရန်က
ကျောင်းရဲ့မျက်စောင်းထိုးလေးမှာမနေ့ကမှအသစ်ဖွင့်ထားတာဆိုင်နာမည်ကဘာပါလိမ့်
True Love လား
ဟောက်ရွှမ်းမှဝင်ပြောလိုက်သည်အေးအေးဟုတ်တယ်ဆိုင်လေးကသပ်သပ်ရပ်ရပ်လေးနဲ့မဆိုးဘူးဟဆွဲဆောင်မှုရှိတယ်
အမလေးမွှန်းလိုက်တာလာသွားမယ်ထပြီးရင်ငါ့ကောင်မလေးရှန်းယဲ့နဲ့ဒိတ်ရဦးမယ်
ထိုအခါဟောက်ရွှမ်းနဲ့ကျိရန်လဲအမြန်လိုက်လာရသည်
ဆိုင်ရောက်သော်...ရိပေါ်တို့သုံးယောက်သားထောင့်ကျကျဝိုင်းမှာဝင်ထိုင်လိုက်သည်
အင်းးးမဆိုးပါဘူးသပ်သပ်ရပ်ရပ်လေးနဲ့သုံးထားတဲ့အရောင်လေးတေကလည်းစိတ်ကိုလန်းဆန်းစေတယ်
ရိပေါ်ကပြောလိုက်သည်ထိုအခါကျိရန်ကငါပြောသားပဲ
သူတို့စကားပြောနေတုန်းဘေးသို့လူတယောက်ရောက်လာသည်
မင်္ဂလာပါ...ဘာများသုံးဆောင်မလဲခင်ဗျ
ရိပေါ်မော့ကြည့်လိုက်တော့
ဝါးးးးချောလိုက်တာမျက်တောင်ရှည်ရှည်လေးတေရယ်ပကတိကြည်လင်နေတဲ့မျက်ဝန်းတစ်စုံရယ် ရယ်လိုက်ရင်ယုန်သွားလေးနှစ်ချောင်းရယ်အဲ နေပါဦးနှုတ်ခမ်းအောက်မှာမှည့်နက်လေးပါလား နောက်ပြီးဝတ်ထားတဲ့ရှပ်အဖြူကလဲနဂိုရှင်းသန့်နေတဲ့မျက်နှာလေးကိုရောင်ပြန်ဟပ်နေသလားလို့အင်္ကျီအဖြူနဲ့တွဲဝတ်ထားတဲ့ဂျင်းအနက်ခါးမှာစည်းထားတဲ့ပုဝါရှည်လျားတဲ့အရပ်နဲ့စမက်ကျတယ်ထင်ရပေမဲ့ကျတော့်မျက်လုံးထဲမှာတော့လှရက်လွန်းတယ်
ရိပေါ်အတော်ကြာငေးနေမိတယ်ဟောက်ရွှမ်းနဲ့ကျိရန်ကလဲရိပေါ်ကိုကြောင်ကြည့်နေကြတယ်ဟိုကမေးနေတာကိုမဖြေပဲမျက်လုံးကျွတ်မတတ်ငေးနေတာကို...ရှောင်ကျန့်အနေရခက်လာတယ်ဘယ်လိုလူလဲမသိဘူးမေးနေတာမဖြေဘူးလူကိုစိုက်ကြည့်နေတာဝါးစားတော့မယ့်အတိုင်းပဲသူကပဲစပြီးချောင်းဟန့်လိုက်တယ်...
YOU ARE READING
🌺မရုန်းထွက်နိုင်သောချစ်နှောင်ကြိုး🌺
Fanfiction"မောင့်အမှားတေကိုမောင်သိပြီမို့မောင့်ဆီတခါလောက်ဖြစ်ဖြစ်ပြန်လာပေးပါကျန့်ရယ်........" # ဝမ်ရိပေါ် # "ငါ့မှာငိုစရာမျက်ရည်ဆိုတာမကျန်တော့တဲ့ထိခံစားပြီးပြီမို့ငါ့ကိုလွှတ်ထားပေးပါဝမ်ရိပေါ်......" ...