🌺Part _ 2🌺

102 6 0
                                    

တပတ်ခန့်ကြာပီးနောက်.......

ရှောင်ကျန့်မနက်ဖြန်ပေကျင်းသွားဖို့ရန်ခရီးဆောင်အိတ်ထဲသို့အဝတ်အစားအသုံးအဆောင်များထည့်နေစဥ်......

ဒေါက် ဒေါက် ဒေါက်

ကျန့်ကျန့်ကျဲဝင်လာမယ်နော်...

ဟုတ်ကျဲ....

ယန်လီအခန်းထဲဝင်ပြီးရှောင်ကျန့်နားသွားထိုင်လိုက်သည်

ကျန့်ကျန့်ဟိုရောက်ရင်ကိုယ့်ကိုကိုယ်အစစအရာရာဂရူစိုက်နော်ကျဲစိတ်ပူတယ်

ကျဲရယ်ကျန့်ကျန့်ကလေးမဟုတ်တော့ပါဘူးဝမ်နင်လဲပါပါတယ်စိတ်မပူပါနဲ့ဟုတ်ပီလား

ဟုတ်ပါပီရှင်.....ကဲပစ္စည်းတေစုံအောင်ထည့်ဟုတ်ပီလားကျဲသွားတော့မယ်

ဟုတ်ကျဲ...

ကျဲယန်လီထွက်သွားတော့မှရှောင်ကျန့်လဲထည့်စရာရှိတာများဆက်ထည့်နေတော့သည်

ဒေါက် ဒေါက် ဒေါက်

ရိပေါ်....ဒီမှါမနက်ဖြန်ငါတို့ကုမ္မဏီနဲ့စာချုပ်ချုပ်မယ့်နာမည်ကြီးဒီဇိုင်နာရဲ့ကိုယ်ရေးအချက်အလက်.....

အင်းးး

မနက်ဖြန်မနက်သူတို့ရောက်မယ်ငါပဲသွားကြိုလိုက်ရမလား

အင်း...မင်းပဲစီစဥ်လိုက်တော့ငါကုမ္မဏီကစောင့်မယ်

အင်းပါငါသွားပြီ

ဖန်ရှင်းထွက်သွားမှရိပေါ်မနက်ဖြန်ရောက်လာမယ့်ဒီဇိုင်နာရဲ့ကိုယ်ရေးအချက်အလက်များကိုဖတ်လိုက်သည်
နာမည် _ Sean
အသက် _ 28
လိင် _ အမျိုးသား
အလုပ်အကိုင် _ Fushion designer
ပညာအရည်အချင်း _ #*":!?;;'??**#*#
အမျိုးသား??ဒီဇိုင်နာဆိုတော့အမျိုးသမီးဖြစ်မယ်ထင်တာထားလိုက်ပါလေမနက်ဖြန်လာရင်တွေ့မှာပဲ....

လေယာဥ်ဆိုက်ရောက်ချိန်......

ကျန့်ကျန့်ငါတို့ကိုလာကြိုမှာလား

အေးငါတို့စာချုပ်ချုပ်မယ့်ကုမ္မဏီကလာကြိုမယ်ပြောတာပဲ

ဟိုမှာတွေ့ပီဆိုင်းဘုတ်ကိုင်ထားတယ်

အင်းလာ...

နိဟောင်...Seanလားမသိဘူးကျွန်တော်က"W" ကုမ္မဏီကအတွင်းရေးမှုးပါ

ကျွန်တော်ကSeanပါဒါကျွန်တော့်လက်ထောက်ဝမ်နင်ပါ

ဟုတ်ကဲ့...သွားကြရအောင်ကျွန်တော်ကွန်ဒိုကိုပဲပို့ပေးရမလားဗျ

အင်းးကွန်ဒိုပဲအရင်သွားကြတာပေါ့ပစ္စည်းတေဝင်ထားပြီးမှကုမ္မဏီဆက်သွားကြမယ်

ဟုတ်...လာပါခင်ဗျ

ရှောင်ကျန့်တို့လဲကွန်ဒိုအရင်ဝင်ပစ္စည်းတေထားပြီးတာနဲ့ကုမ္မဏီပဲထွက်လာလိုက်ကြတယ်....ကုမ္မဏီရောက်တော့

ဝင်သွားလိုက်ပါဗျအထဲမှCEOစောင့်နေပါတယ်

ဟုတ်ပါပြီ....

ရှောင်ကျန့်အထဲကိုဝင်သွားလိုက်တော့ခုံမှာထိုင်ပြီးသူဝင်လာတောင်မသိသေးဘဲအလုပ်လုပ်နေတဲ့လူတယောက်လူငယ်ပဲရှိသေးတာကိုCEOဆိုတော့အသက်ကြီးမယ်ထင်တာအင်းမျက်နှာမမြင်ရသေးဘဲနဲ့တောင်ဒီလူကတော်တေည်ဆွဲဆောင်မှုရှိတာပဲလို့ရှောင်ကျန့်တွေးလိုက်တယ်သူလဲဆက်ကြည့်မနေတော့ပဲသူရာက်နေကြောင်းအသံပြုလိုက်တယ်.....

အဟမ်း.....

ဝမ်ရိပေါ်အလုပ်လုပ်နေရင်းအသံကြားလို့မော့ကြည့်လိုက်တော့သူကမ္ဘာကြီးရပ်တန့်သွားသလိုပဲသူအမြဲစောင့်နေခဲ့တဲ့သူအရမ်းချစ်ရတဲ့သူ....ငါအိမ်မက်များမက်နေတာလားအိမ်မက်ဆိုရင်ဘယ်တော့မှနိုးထမလာချင်တော့တဲ့အထိဒီလူသားကိုမျှော်နေခဲ့တာတွေးနေရင်းရင်ထဲကဝမ်းနည်းပျော်ရွှင်လာတဲ့ခံစားချက်ကရင်နဲ့မဆန်နိုင်လောက်အောင်မျက်ဝန်းမှာငွေ့ရည်ပုလဲတို့ဝေ့သီလာခဲ့တယ်......

ရှောင်ကျန့်သူအံ့သြလို့မဆုံးဘူးမောင်သူ့အရှေ့မှာရှိနေတာမောင်လားမောင်ကခန့်ပြီးကြည့်ကောင်းလာလိုက်တာခုထိမောင့်ကိုမြင်ရင် အမှတ်မရှိတဲ့နှလုံးသားကအပြင်ကိုပေါက်ထွက်မတတ်ခုန်နေတုန်းပဲရင်ခုန်မှာနဲ့တွဲလျတ်ပါလာတာကနာကျင်မှုရင်ထဲမှာဆို့တတ်လာတဲ့ခံစားမှုကိုလျစ်လျူရှုရင်းသူကစပြီးနှုတ်ဆက်လိုက်တယ်.....

ကျွန်တော်ကSeanပါဗျ......ဒီကုမ္မဏီနဲ့စာချုပ်ချုပ်ဖို့ရောက်လာတဲ့ကိုယ်စားလှယ်ပါ

ဝမ်ရိပေါငေးနေတုန်းကျန့်ကမိတ်ဆက်လာတယ်ဒါဆိုကျန့်ကသူ့ကုမ္မဏီနဲ့အလုပ်တွဲလုပ်မယ့်သူပေါ့ပျော်လိုက်တာဆိုတာထခုန်မိမတတ်ပဲသူ့အပျော်တေကိုအရှိန်ထိန်းရင်းပြန်နှုတ်ဆက်လိုက်တယ်

ကျွန်တော်ကဝမ်ရိပေါ်ပါ......

🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺

Voteလေးများမစကြပါ😁😁

🌺Tupli🌺

13.12.2021

🌺မရုန်းထွက်နိုင်သောချစ်နှောင်ကြိုး🌺Where stories live. Discover now