ည 7နာရီလောက်တော့ရှောင်ကျန့်နဲ့ဝမ်နင်ဆိုင်သိမ်းရန်အနောက်မှအရှေ့သို့ထွက်လာခဲ့သည်ဆိုင်ထဲသို့ဝေ့ကြည့်မိတော့ဝိုင်းတဝိုင်းကတော့ထိုင်နေဆဲ...
ရှောင်ကျန့်ဟိုဝိုင်းကမပြန်သေးဘူးလားမသိဘူး
မသိဘူးလေကျန်းချန်ရယ်
အဲ့ဒါရိပေါ်တို့မလား
ဝမ်နင်ကပြောလိုက်သည်မင်းကသိလို့လား
ရှောင်ကျန့်ကမေးတော့သိတာပေါ့နာမည်ကြီးပဲကိုမင်းကဒီနှစ်မှပေကျင်းမှာကျောင်းလာတတ်တာဆိုတော့ဘယ်သိမလဲ
ထိုအခါကျန်းချန်က
ဝမ်နင်...ရှောင်ကျန့်ကအသစ်မို့မသိတာထားပါတော့ငါကျတော့ဘာလို့မသိတာလဲမင်းကဘယ်သူ့အကြောင်းစိတ်ဝင်စားလို့လဲ
အဲ့ဒါလဲဟုတ်တာပဲ...ဟီးးး
နေပါဦးရိပေါ်ကဘာဖြစ်လို့နာမည်ကြီးတာလဲဝမ်နင်လဲ
ရှောင်ကျန့်မေးလိုက်မိသည်သူသိချင်သည်ဘာလို့ဆိုရိပေါ်ကိုသူစတွေ့ထဲကရင်ခုန်မိနေလို့....ရိပေါ်ကချမ်းသာတယ်နောက်ပီးတရုတ်နိုင်ငံရဲ့ Top 1 " Wang " groupရဲ့ဆက်ခံသူလေနောက်ပီးရုပ်ရည်ကလဲပြောစရာမရှိဘူးစာ/ အားကစားဘက်စုံထူးချွန်တဲ့လူတယောက်လေတခုပဲသူကပွေလွန်းရှုပ်လွန်းတယ်...
တကယ်ကြီးလားးးး
ကျန်းချန်အံ့သြတကြီးထမေးသည်အေးဆို....
ရှောင်ကျန့်ကတော့အတွေးထဲနစ်မြုပ်နေဆဲသူကပွေလွန်းရှုပ်လွန်းတယ်တဲ့လား...ရှောင်ကျန့်ခေါင်းခါလိုက်သည်သူမတွေးချင်တော့ဘူးငါ့ကိုလဲကစားဖို့ချည်းကပ်တာပဲနေမှာပါ....ပြီးနောက်ရှောင်ကျန့်ရိပေါ်တို့ဝိုင်းသို့သွားလိုက်သည်
ဆိုင်ပိတ်တော့ပါမယ်ခင်ဗျ
ပိတ်တော့မှာလား
ဟုတ်ကဲ့ခင်ဗျ
အာ...ဟောက်ရွှမ်းကျိရန်ပြန်မယ်မင်းတို့အိမ်ရောက်မှကြည့်ကြတော့
အေးပါသွားမယ်
ရိပေါ်တို့အပြင်ရောက်တော့
မင်းတို့ပြန်နှင့်
မင်းကရော
ဟောက်ရွှမ်းကမေးလိုက်တော့ယုန်ပေါက်ကိုစောင့်ဦးမယ်
ထားလိုက်ပါဟောက်ရွှမ်းရာလာပြန်မယ်
အေးပါဒါဆိုငါတို့သွားတော့မယ်
အွန်းးးး
ထို့နောက်ဟောက်ရွှမ်းနဲ့ကျိရန်အရင်ပြန်သွားကြသည်ရိပေါ်ကတော့ဟိုယုန်ပေါက်ကိုစောင့်နေဆဲ...ခဏကြာတော့ရှောင်ကျန့်တို့သုံးယောက်ဆိုင်ထဲကထွက်လာပြီးတယောက်တလမ်းပြန်သွားကြသည်ရှောင်ကျန့်ကျန်းချန်တို့ကိုနှုတ်ဆက်ပီးကားလမ်းကူးလိုက်တော့တွေ့ပါပြီဟိုမျက်နှာရူး
ယုန်ပေါက်ပြန်တော့မှာလား
ရှောင်ကျန့်ပြန်မဖြေမိကိုယ့်ကိုလာကစားနေတဲ့လူကိုစကားပြန်မပြောချင်ပါ
ကိုယ့်ကိုစကားပြန်ပြောပါဦးနော်...နော်...နော်လို့
ရှောင်ကျန့်ရပ်လိုက်ပီးရိပေါ်ဘက်လှည့်လိုက်သည်
ငါ့နာမည်ရှောင်ကျန့်ယုန်ပေါက်မဟုတ်ဘူးနောက်ပီးငါကမင်းကစားလို့ရမယ့်လူမဟုတ်ဘူး
ကိုယ်မကစားပါဘူးကိုယ်မင်းကိုတကယ်ချစ်တာပါ
ရှောင်ကျန့်ဆက်ပြောချင်စိတ်မရှိလှည့်ထွက်လာခဲ့သည်
ကျန့် ....
ရှောင်ကျန့်ရပ်တန့်မိသွားသည်သူငါ့ကိုဘယ်လိုခေါ်လိုက်တာလဲရင်ဘက်ထဲကအကောင်ကလဲအပြင်ကိုပေါက်ထွက်မတတ်ခုန်ပေါက်နေလိုက်တာ
ရိပေါ်ရှောင်ကျန့်အနားသွားလိုက်ပီး
ကိုယ်မင်းကိုမကစားပါဘူးကိုယ့်အချစ်တေကိုမင်းမြင်လာအောင်ကိုယ်ကြိုးစားမှာပါခုတော့အဆောင်လိုက်ပို့ပေးပါရစေ
ရှောင်ကျန့်ဘာမှပြန်မပြောနိုင်တော့ပဲလမ်းသာဆက်လျှောက်နေမိသည်လမ်းလျှောက်ရင်းနဲ့လည်းသူ့ရင်ခုန်သံတေရိပေါ်မကြားအောင်ဆုတောင်းနေမိတယ်ဒီလိုနဲ့နှစ်ယောက်သားအဆောင်ရှေ့ရောက်လာခဲ့သည်
ရောက်ပီ goodnight ကျန့်ကိုယ့်ကိုအိမ်မက်ထဲထည့်မက်နော်
ရိပေါ်နှုတ်ဆက်လိုက်သော်လည်းရှောင်ကျန့်ကတော့ဘာမှပြန်မပြောပဲအဆောင်ထဲသာဝင်သွားတော့သည်ရိပေါ်သူ့ကိုစကားပြန်မပြောပဲအဆောင်ထဲဝင်သွားတဲ့ယုန်ပေါက်ကိုကြည့်ပီးနှုတ်ခမ်းတဖက်ကော့တတ်သွားအောင်ပြုံးရင်းကြည့်နေလိုက်သည်ပြီးနောက်ရိပေါ်လဲအိမ်ပြန်လမ်းကိုစတင်လိုက်တော့သည်......🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺
ဖတ်မဲ့လူလဲမရှိဘူး🥺🥺
🌺Tupli🌺
21.12.2021
YOU ARE READING
🌺မရုန်းထွက်နိုင်သောချစ်နှောင်ကြိုး🌺
Fanfiction"မောင့်အမှားတေကိုမောင်သိပြီမို့မောင့်ဆီတခါလောက်ဖြစ်ဖြစ်ပြန်လာပေးပါကျန့်ရယ်........" # ဝမ်ရိပေါ် # "ငါ့မှာငိုစရာမျက်ရည်ဆိုတာမကျန်တော့တဲ့ထိခံစားပြီးပြီမို့ငါ့ကိုလွှတ်ထားပေးပါဝမ်ရိပေါ်......" ...