- unicode -
" ဟာရုတို ငါတို့ဒီလောက်နဲ့တော်လိုက်ကြရအောင် "
ဒါက နွေဦးရဲ့ ဆည်းဆာကို တိုင်တန်းပြီး ပြောလာတဲ့စကား....။
" ဟာရုတို ငါမင်းကို ဘယ်တော့မှချစ်လာမှာမဟုတ်ဘူး...။ "
ဒါက ဆောင်းလေတွေထဲ တိုးဝေ့ရင်း ပြောလာတဲ့စကား ....။
" ဟာရုတို မင်းကိုမြင်နေရရင် ငါ့စိတ်တွေမွန်းကြပ်လို့ ရူးတော့မယ် "
သူ့အနားကိုတိုးပြီး သူကြားရုံလောက်ပြောလာတဲ့စကား...။
အချိန်တွေ ၊ ဘေးကပတ်ဝန်းကျင်သာ ပြောင်းလဲသွားလိမ့်မယ် ။ သူ့အပေါ် ကင်မ်ဂျွန်ကယူရဲ့ ဒဏ်ရာပေးတတ်တဲ့စကားတွေဟာ ဘယ်တော့မှမပြောင်းလဲ....။ ကင်ဂျွန်ကယူ ဒီလို ပြောတိုင်းလည်း ဟာရုတိုက ခပ်ပြုံးပြုံးပဲ တည်ငြိမ်နေတဲ့ ပုံစံတွေနဲ့ သိပ်ဆိုးတဲ့သူ့ကင်မ့်လေးရဲ့အနမ်းကို သွဲ့ယူရင်း အမုန်းဝါကျလေးတွေကို ချိတ်ပိတ်တတ်တယ် ။
ဘေးလူတွေပြောတာကိုလည်းကြားပါရဲ့ ။ CEO ဝါတာနာဘဲ ဟာရုတိုက သူ့ယောကျာ်းကို သိပ်အလိုလိုက်တာပဲ တဲ့... ။
အရင်းနှီးဆုံး သူငယ်ချင်းတွေကတောင် မင်းရဲ့ကင်မ်ဂျွန်ကယူက မင်းအပေါ်သိပ်ဆိုးလွန်းပါတယ်ကွာ ဆိုပြီး အချစ်နွံနစ်နေတဲ့သူ့ကို အားမလိုအားမရစွာ ပြောကြတယ် ။
ဒီလိုပြောတိုင်း အချစ်နွံထဲကိုမှ ရည်ရွယ်ချက်ရှိရှိတိုးဝင်နေတဲ့ ဟာရုတိုက ခပ်ဟဟရယ်ရုံလောက်ပဲ..
သူ့ကင်မ်လေးကို သူ့ဘက်က ချစ်ပေးရုံနဲ့ ပြည့်စုံပြီဖြစ်တဲ့ အချစ်မျိုး လို့သတ်မှတ်ထားတာမို့ ကင်မ်ကဆိုးရင် သူကပိုချစ်လေပဲ ။" ကလပ်ကိုသွားတဲ့အကြောင်းအထိပါ ငါကမင်းကိုပြောပြရမှာလား မင်းလူကိုပဲပိုင်မယ် ငါ့လွတ်လပ်ခွင့်တွေကိုချုပ်ချယ်ခွင့်မပေးထားဘူးနော် "
ကင်မ်ဂျွန်ကယူ ကလပ်ကိုသွားနေရင်း လမ်းတစ်ဝက်မှာ အဟန့်တားခံလိုက်တဲ့ကားကို မင်္သကာတာနဲ့ ကြည့်လိုက်တော့ companyမှာအလုပ်များနေရမယ့် ဟာရုတိုက လူကိုယ်တိုင်ရောက်လာတာ ။ companyကိုသွားတဲ့အဝတ်အစားတွေနဲ့မဟုတ်ဘဲ သူ့လို ခပ်လန်းလန်း အဝတ်အစားတွေနဲ့ အရမ်းကိုဟော့ရမ်းပြနေလို့ ဒေါသကထောင်းခနဲ ။ သွားမယ့်လမ်းကိုပိတ်ထားပြီး တစ်ခါမှပြောင်းလဲဖူးတဲ့ပုံစံတွေကိုမြင်ရတော့ ကင်ဂျွန်ယူမှာ ဆန်းဆန်းကြယ်ကြယ်။