Six 💫

585 90 37
                                    

တဖြေးဖြေးနဲ့ ခရစ်စမတ်ရက်ကနီးလာပြီမို့ ဂျွန်မြောင်တို့ကျောင်းမှာလည်း ပွဲတော်အတွက် တက်ကြွနေကြသည် ။

ဂျွန်မြောင်တို့ကျောင်းသားကော်မတီအဖွဲ့ကတော့ အလုပ်ရှုပ်ဆုံးအချိန်ဖြစ်လေသည် ။

တစ်ခုတော်သေးသည်က December အားကစားပွဲတွေအတွက် ဆရာဆရာမတွေက အာရုံစိုက်နေရ၍ အတန်းချိန်တွေသိပ်မဝင်နိုင်တာမို့ ကျောင်းသားများ လွတ်လပ်​နေကြသည် ။

" ဂျွန်မြောင်ရေ ဒီနေ့ ခရစ်စမတ်အပင်လေးတွေကျောင်းမှာ နေရာချမယ် မီးတွေဆင်မယ် ပစ္စည်းလေးတွေအလှဆင်ကြမယ်နော် ''

" ဟုတ်ကဲ့ အစ်ကိုထယ်ယောင်း..''

စီနီယာထယ်ယောင်းရယ် ဂျွန်မြောင်ရယ် နောက်ထပ် စီနီယာ အစ်ကိုနှစ်ယောက်ရယ်က ခရစ်စမတ် အပင်လေးတွေ နေရာချဖို့နဲ့အလှဆင်ဖို့ကို တာဝန်ယူထားရသည်မို့ ကော်မတီအစည်းအဝေးပြီးသည်နှင့် လိုအပ်သည့် ပစ္စည်းများယူကာ ကျောင်းဝန်းထဲ ခြေချရတော့သည် ။

" ဂျွန်မြောင် သတိထားနော် ''

စီနီယာထယ်ယောင်းရော ကျန်တဲ့စီနီယာတွေရောက ဂျွန်မြောင့်ကို တကယ် ဂရုစိုက်ကြသည် ။

ဂျွန်မြောင်က သိပ်မလုပ်ပေးရပဲ ဘေးကနေကူရုံလောက်သာ လုပ်ရတာမို့ သိပ်မပင်ပန်းလှ ။

မီးကြိုးလေးတွေဆင်တော့ ဂျွန်မြောင်လည်း ကူကာ မီးကြိုးတွေသွယ်ပေးရသည် ။

အပင်လေးတစ်ပင်နဲ့တစ်ပင်ကြားကို မီးကြိုးတွေဆက်ဖို့ ကြိုးခွေတွေမပေးနေစဉ် ဂျွန်​မြောင့်ခြေထောက်တစ်ဖက်က မီးကြိုးတစ်ခုကို ခလုတ်တိုက်သည့်အခါ ဂျွန်မြောင်ယိုင်လဲတော့သည် ။

ရှေ့ကနေ စီနီယာထယ်ယောင်းက ထိန်းဖမ်းပေးတော့ ဂျွန်မြောင်က စီနီယာထယ်ယောင်း ရင်ခွင်ထဲ ကွက်တိရောက်လျက်သားဖြစ်သွားသည် ။

" ဂင် ဂျွန် မြောင်! "

ဂျွန်မြောင့်အနားရှိပါတ်ဝန်းကျင်တစ်ခုလုံးကို တိတ်ဆိတ်သွားစေသည့် အသံတစ်ခုက ဟိန်းထွက်လာသည် ။

အသံရှင်ကို မည်သူဆိုတာ ဂျွန်​မြောင်လှည့်မကြည့်နိုင်လိုက်ခင်မှာပင် လက်ကောက်ဝတ်ကနေ ခပ်ကြမ်းကြမ်းအဆွဲခံရလိုက်ကာ တစ်စုံတစ်ယောက်၏ ရင်ခွင်နဲ့ ခပ်ကြမ်းကြမ်းတိုက်မိရပြန်သည် ။

Your Man Where stories live. Discover now