Zhang Hospital ဆိုတဲ့ ပုဂ္ဂလိက ဆေးရုံကြီးရှေ့ကားရပ်လိုက်တဲ့အခါ ဂျွန်မြောင်စိတ်တွေဟာ ပိုတုန်လှုပ်လာသည် ။
ဆေးရုံထဲကို မပြေးရုံတမယ် ဝင်သွားတဲ့ကိုကိုက ဂျွန်မြောင့်လက်တွေကို ဆုပ်ကိုင်ထားဖို့ မမေ့ခဲ့တာကိုတော့ ဂျွန်မြောင်ကျေးဇူးတင်ရမည် ။
မဟုတ်ရင် ထိုနေရာတွင် ဂျွန်မြောင်ပြိုလဲကျသွားမိလောက်အောင်ကို ဂျွန်မြောင့်စိတ်တွေက ယဲ့ယဲ့သာ ရှိသည် ။
ဓာတ်လှေကားမှာပေါ်နေတဲ့ ကိန်းဂဏန်းတွေကို ကိုကိုဟာ စိတ်မရှည်ဖြစ်နေသည် ။
တစ်လွှာချင်းတစ်လွှာချင်းမြှင့်တက်လာသည့် ဓာတ်လှေကား၏ ရွေ့လျားမှုတွေ ရပ်တန့်သွားဖို့ ကိုကိုကမျှော်လင့်နေပေမဲ့ ဂျွန်မြောင်က ကြောက်ရွံ့လို့နေသည် ။
ကိုးလွှာ က အရေးပေါ် VVIP ဆိုတဲ့ အခန်းနံပါတ်အချို့ကို ကျော်ဖြတ်ပြီးနောက် အခန်းတစ်ခုရှေ့၌ ကိုကို့သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ စီနီယာ ဆယ်ဟွန်းနဲ့ စီနီယာ ဂျုံအင်ကို ဆရာဝန်ကြီးတစ်ယောက်နဲ့ စကားပြောနေတာတွေ့လိုက်ရသည် ။
" ပါးပါး ''
ဆရာဝန်ကြီးလက်တွေကို အားကိုးတကြီးဆုပ်ကိုင်လိုက်တဲ့ ကိုကို့နှုတ်က အခေါ်အဝေါ်ကြောင့် ဂျွန်မြောင် အံ့အားသင့်ရပြန်ပြီ ။
" သား ရှင်း ရောက်လာပြီလား ''
" ပါးပါး ဆူယွန်းအခြေအနေက ''
" လောလောဆယ် စစ်ဆေးရသလောက်တော့ ဘာမှဆိုးဆိုးဝါးဝါးဖြစ်တာမရှိဘူး လှုပ်ရှားမှုမရှိလို့ ခြေထောက်ကအကြောတွေ ခဏတုန့်ဆိုင်းတာကလွဲရင် အကုန်ကောင်းတယ် အားလုံးကိုလည်းမှတ်မိတယ် သား...''
" ဆူယွန်း မင်းကို မေးနေတယ် ရီရှင်း ''
" အင်း ''
" သား ရှင်း ''
စီနီယာချန်းယောလ် ကိုကျော်၍ ဆေးရုံခန်းထဲ ဝင်ဖို့လုပ်တဲ့ ကိုကို့ကို ဆရာဝန်ကြီးကခေါ်တော့ တံခါးဖွင့်ဖို့လုပ်နေတဲ့ ကိုကို့လက်တွေရပ်တန့်သွားသည် ။
" သူက ''
ကိုကိုဆုပ်ကိုင်ထားတဲ့ ဂျွန်မြောင့်လက်တွေကို ကြည့်ကာ မေးတော့ ဂျွန်မြောင် ကိုကို့ကို စိုးရိမ်စွာ ကြည့်မိတော့သည် ။