Five 💫

555 89 21
                                    

' ကိုယ့်ကို အရမ်းမကြောက်ပါနဲ့ '

အိမ်ပြန်ရောက်မှ ထုတ်ကြည့်မိတဲ့ ကတ်ကလေးမှာပါတဲ့ စာလေးကိုဖတ်ကာ ဂျွန်​မြောင် အပြုံးတစ်ခုကိုပါ တွဲမြင်သွားရသည် ။

" ခင်ဗျားက ဘာလဲ စီနီယာ ''

ဒီနေ့မနက်ခင်းမှာ ဒီနှစ်အတွက် ပထမဆုံးနှင်းကျတယ်...။

ဂျွန်မြောင်ပုံမှန်ထွက်နေကျအချိန်ထက် စောကာ အိမ်ကထွက်ခဲ့သည် ။

တဖွဲဖွဲကျနေသည့်နှင်းပွင့်ကလေးတွေက မနက်ခင်းအစောကြီးကလောက် မများတော့ပေမဲ့ ဂျွန်မြောင့်ဆံပင်တွေကိုတော့ ဖွေးဖွေးလှုပ်နေစေပါပြီ ။

လက်ဖဝါးသေးသေးကိုဖြန့်ကာ နှင်းပွင့်ကလေး​တွေကို ခံယူလိုက် လေဖြင့်မှုတ်ထုတ်လိုက်ဖြင့် သဘောကျစွာ ရယ်ပြုံးနေသော ဂျွန်မြောင်ကို ကြည့်ကာ တစ်စုံတစ်ယောက်ကပါ ပြုံးနေခဲ့သည် ။

" အေးနေတော့မှာပဲကွာ...''

ခပ်တိုးတိုးရေရွတ်ရင်း အဖြူရောင်နှင်းလုံးကလေးနဲ့ ခပ်ခွာခွာအနေအထားကနေ ဆိုင်ကယ်ကိုဖြေးဖြေးချင်းမောင်းရင်းလိုက်လာရာကနေ အရှိန်တင်ကာ နှင်းလုံးလေးဘေး ထိုးရပ်လိုက်တော့ လန့်သွားလေရဲ့...။

" အမေ့!...စီနီယာ ရီရှင်း ''

" အေးနေတာကို ဆော့နေရလား ''

" ဟို...ကျွန်တော်က...''

" ထားတော့...ထားတော့..''

ထစ်ထစ်အအ ထွက်လာတော့မည့် စကားသံတွေကို ကြိုမြင်နေမိတော့ လက်ကိုကာပြလိုက်ရတော့သည် ။

" ဂျွန်မြောင်...''

" ဟုတ်ကဲ့...''

" ကိုယ် ပြောထားတာမေ့နေတာလား ''

" ဗျာ..ဘာ..ဘာကို...''

" ကိုယ့်ကို အရမ်းမကြောက်ဖို့ပြောထားတယ်လေ....ကဲ ပြောပါဦး ဘာလို့ကိုယ့်ကို အဲ့လောက်ကြောက်နေရတာလဲ...''

" ဟို...ဂျွန်..ဂျွန်က..''

ရီရှင်းခေါင်းသာ ခါမိတော့သည် ။

" ဂင်ဂျွန်​မြောင် ကိုယ်မင်းကို ပြောစရာရှိတယ် သေချာနားထောင်ပေး ''

Your Man Onde histórias criam vida. Descubra agora