အာ့ သေပါပြှီ
လှေကားတတ်ရင်ပြင်လိုက်တဲ့ လူနဲ့ လှေကားပေါ်ကဆင်းလာတဲ့လူနဲ့တိုက်မိကာ လဲကျသွားသော kookie မှ အော်လိုက်မိသည် ဒီမှာ ခင်များလူတစ်ယောက်လုံးလာနေတာမမြင်ဖူးလား
ကို့ကိုဝင်တိုက်ပေမဲ့ လဲကျသွားတာကသူမို့တောင်းပန်မို့ပြင်လိုက်ပေမဲ့ လဲကျနေသောကောင်လေးဆီမှ ထွက်လာသောခက်စွာစွာအသံလေးကြောင့် တောင်းပန်ချင်စိတ်တောင်ပျောက်သွားရသည် တကယ်ဆို သူက လူတစ်ယောက်လုံးလာနေတာကိုမမြင်ဘဲဝင်တိုက်ပြီး သူကဘဲ ပြန်အော်နေသေးတယ် ဘယ်လိုဟာလေးပါလိမ့်
အဲ့လိုပြောကြေးဆို မင်းကကောငါတစ်ယောက်လုံးလာနေတာမမြင်လို့ဝင်တိုက်တာဘဲမို့လား မင်းမြင်ရင်မင်းရှောင်ပေါ့
ခပ် သြသြအသံလေးကတစ်မျိုးလေးနားထောင်ကောင်းပေမဲ့ လူကိုထူတောင်မထူပေးဘဲရန်တွေ့နေတဲ့အသံမို့နာဝင်မချိုတာတော့အမှန် ခပ်မြန်မြန်ထကာ ထိုလူ့ရဲ့မျက်နှာကိုမော့ကြည့်မိတော့ ဟင်လူမှဟုတ်ရဲ့လားချောလိုက်တာ နတ်သားများလား ယောကျာ်းလေးတစ်ယောက်ကအဲ့လောက်ချောတာရှိလို့လား
သူ့ကိုဘားမှမပြောဘဲမျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ငေးကြည့်နေတဲ့အရှေ့ကကောင်လေးက လှလိုက်တာ ယောကျာ်းလေးတစ်ယောက်ကိုလှတယ်လို့မသုံးသင့်ပေမဲ့ ဒီကောင်လေးကတကယ်ကိုလှပလွန်းတယ် ဘယ်လိုဟာလေးပါလိမ့် ရန်ပြန်တွေ့မလိုနဲ့အတင်းထပြီးတော့ခုတော့လဲကြောင်ကြည့်နေလိုက်တာများဘာစကားမှကို ထွက်မလာတော့ပါလား တကယ်ကိုဘဲ အူကြောင်ကြောင်လေးနဲ့ချစ်စရာလေး
အဟမ်း အဟမ်း ချာတိတ်
ငေးကောင်းကောင်းနဲ့ငေးနေမိတာ ဘယ်လောက်ကြာသွားမှန်းမသိ ထိုလူကချောင်းဟန့်ပြီးခေါ်မှ သတိပြန်ဝင်လာခဲ့တော့တယ်
ဘာတွေအဲ့လောက်တောင်ငေးနေတာလဲ ကို့ချော့လို့ လား
သေလိုက်ပါလား ဘာလို့ကျွန်တော်ကခင်များကိုငေးရမှာလဲ ဒီတိုင်းခင်များကိုရန်ဘယ်လိုဖြစ်ရမလဲ စဉ်းစားနေတာ
သူခိုးလူမိသည့်အတိုင်းကပ်ကပ်လန်အောင်ရန်ပြန်တွေ့နေတဲ့ကောင်လေးဘာလေ တကယ့်ကိုအသဲယားစရာလေး
ဟားဟား ဟူတ်ပါပြီ ရန်ပြန်မတွေ့ပါနဲ့တော့ကွာ ကို့ဘက်ကဘဲတောင်းပန်ပါတယ် မင်းဘယ်နားနာသွားလဲ
ရပါတယ် သိပ်တော့မနာပါဘူး ပြုတ်ကျလို့ လက်ထောင်မိတဲ့နေရာကဘဲနည်းနည်းလေးပွန်းသွားတယ်
ဟူတ်ပချာတိတ်ရဲ့လက်ဖဝါးလေးမှာအနည်းငယ်ပွန်းသွားတာဘဲ ဟူးကိုတောင်းပန်ပါတယ်နော်
အာ ရပါတယ် ကျောင်းတတ်တော့မှာမို့ကျွန်တော်သွားတော့မယ်နော် ထိုလူကြီးရှေ့ကနေ မြန်မြန်သာထွက်လာချင်မိသည် တော်ကြာ ခိုးခိုးကြည့်ရင်းအကြည့်မလွဲနိုင်မှာဆိုးလို့
ဟိတ်ခဏလေး လှေကားပေါ်တတ်နေသည့်ကျွန်တော့ကိုအနောက်မှ လှမ်းခေါ်လို့လှည့်ကြည့်မိတော့ဟိုလူဘဲ
ဘာလဲ

YOU ARE READING
Kim Love Jeon(Completed)
Romansaမတူညီတဲ့အသိုင်းအဝိုင်းနှစ်ခုကြားမှာ ကိုတို့အချစ်တွေက မြေဇာပင်ဖြစ်ပေးရမှာတဲ့လား