ep 5

1.2K 109 4
                                        

ကျော်မယ်ခွမယ်
          

           at school

    
  ကျောင်းတတ်ချိန်လိုသေးသည်မို့ အတန်းထဲမှာဆရာကမရှိတော့ ဖြစ်ချင်တိုင်းဖြစ်နေကြသည့်ကျောင်းသား ကျောင်းသူများ   jk လဲအတန်းထဲဝင်ကာ ကို့နေရာကိုဝင်ထိုင်လိုက်မိသည်  ဘေးတွင်တော့ဟိုလူကရှိမနေ   ကိုကဘဲစောနေသည်လား  သူကဘဲနောက်ကျနေလားမသိ  တွေ့ချင်ပါတယ်ဆိုမှ ခုထိကိုကျောင်းမလာသေးဘူး

jk:  ဟေ့ရောင်ပုကျိ

jm ::: မင်းမေကြီးထော်ကိုပုကျိပါလား     ယုန်အုန်းသီးရဲ့

jk  :   မင်းကလဲစွာလိုက်တာကွာ ငါကအကောင်းမေးမို့ခေါ်တာကို

jm : ဘာလဲပြော

jk : ဟိုထယ်ယောင်းကမရောက်သေးဘူးလား  ဒါမှမဟုတ်  အတန်းချိန်လိုသေးလို့  တနေရာရာထွက်သွားတာလား

jm  : မလာသေးတာထင်တယ်ကွ   ငါတို့ရောက်ထဲကမရှိတာဘဲ  တနေရာရာထွက်သွားတယ်ဆိုလဲကွာ  လွယ်အိတ်တော့ထားခဲ့မှာပေါ့သူ့နေရာမှာ

jk :: omm နော် ဒီလူကလဲနောက်ကျလိုက်တာ အတန်းတတ်မို့ နာရီဝက်ဘဲလိုတော့တာကို   ခုထိမလာသေးဘူး

jm  : ဘာလဲမင်းက တွေ့ချင်နေပြီလား

jk :ဘာ  ငါကဘာလို့တွေ့ချင်ကမှာလဲ   ဒီတိုင်းမေးကြည့်တာပါနော်   မင်းကလဲ

jm: သေချာလို့လား kookie ရာ  ငါအထင်တော့ မင်းမနေ့ကထဲက ထယ်ယောင်းကို လိုက်ငမ်းနေသလားလို့

jk  : ဘာ  သေလိုက်ပါလား  ဘာလို့ငါကငမ်းကမှာလဲ

jm  :  haha မဟုတ်ရင်လဲ ပြီးတာဘဲ  ငါတော့ကောင်လေးတစ်ယောက် လင်ရတော့မှာမြင်ယောင်နေသေးတယ်ကွာ

jk : ပတ်ပုကျိ မင်းနော် တော်ပြီ အရှေ့လှည့်တော့

ပြောလိုက်တာတောင် မျက်ခွက်ကစပ်ဖြဲ ဖြဲလုပ်ပြီးစသွားသော တကောင့်သား  တကယ်ပါ  ဒီသူငယ်ချင်းတွေဆိုတာလဲ လေ ဘာကိုမှဖုံးထားလို့မရ   ကို့အကြောင်းကိုသူတို့ကကို့ထက်တောင်ပိုသိသေး  ကျောင်းတတ်မို့ ၅ မိနစ်လောက်အလိုမှ ဟိုလူကရောက်လာခဲ့တယ်   ဒါတောင်မျက်နှာကမကောင်း  မျက်လုံးတွေကလဲ ဖောင်းအစ်နေတယ် တော်တော်ငိုထားတဲ့ပုံ ကျွန်တော်လဲသူဘာဖြစ်လဲမေးမယ်အလုပ် ခေါင်းလောင်းသံကြားရပြီမို့ ဆရာမက အတန်းဝင်လာတော့ မမေးဖြစ်တော့ အတန်းပြီးမှဘဲမေးလိုက်တော့မယ်

Kim Love Jeon(Completed)Where stories live. Discover now