ပြသနာတွေဖြစ်ပြီးထဲက ဂျောင်ကုလဲအိမ်ထဲကမထွက်ကတာ တစ်ပတ်လောက်ပင် ရှိနေပြီ အခန်းထဲမှာနေချိန်ကလွဲလို့. ခြံထဲ လမ်းဆင်းလျှောက်ရင်တောင် အစောင့် တွေကအမြဲစောင့်ကြည့်နေကြသည် appa နဲ့ ဖွားဖွားက ကျောင်းလဲသွားခွင့်မပေးတော့ ကို့နဲ့လဲအဆက်သွယ် လုပ်ခွင့်မရ. ပြသနာဖြစ်တဲ့နေ့က namjoonie hyung က ko ကို ဆေးရုံပို့ပေးခဲ့လို သက်သာနေပါပြီဆိုတာကလွဲရင် ကျန်တာဘာသတင်းမှမကြားရ ဒီကြားထဲ ဟိုလူနဲ့မင်္ဂလာဆောင် ကိစ္စကို အတင်းစီစဉ်နေသေး စိတ်ညစ်တယ် သေချင်တာဘဲသိတယ် ဒါပေမဲ့လဲ သေလို့မဖြစ်ဘူး ဘာလို့လဲဆိုတော့ ကို့ကိုပေးထားတဲ့ကတိတည်ရအုံးမယ် ကိုကပြောဖူးတယ် တစ်ချိန်ချိန် မှာ ဘာပြသနာတွေဘဲဖြစ်လာဖြစ်လာ jinne hyung က ကိုကို့ကိုထားသွားသလိုမျိုး သူ့ကိုထားသွားမို့ဘယ်တော့မှ မစဉ်းစားပါနဲ့တဲ့ ကျွန်တော်သာမရှိရင် သူလဲဒီလောကထဲမှာဆက်ရှင်သန်နိုင်မှာမဟုတ်ဘူးတဲ့ အဲ့ဒါကြောင့် ကို့အတွက် ကျွန်တော်အသက်ဆက်ရှင်နေမှဖြစ်မယ်
အိမ်တော်ထိန်းဂင် : kookie လေး
yoon သခင်လေး လာခေါ်မယ်ဆိုတဲ့အကြောင်းကို သခင်ကြီးကဖုန်းဆက်တာကြောင့် ခြံထဲက ဒန်းလေးပေါ်မှာ ထိုင်နေရှာတဲ့ kookie လေးကိုပြောပြရန် ထွက်လာခဲ့သည် အရင်ဆို အမြဲတတ်တတ်ကြွကြွ ဖြစ်နေတတ်တဲ့ ကလေးက ဟိုနားခွေ ဒီနားခွေ တမှိုင်မှိုင်အထွေထွေ ဖြစ်နေတော့ မြင်ရတဲ့လူတွေဟာလဲစိတ်မကောင်း သခင်ကြီးဟာသူ့ကလေးတွေကိုအရမ်းချစ်ပါသည် သို့သော်လဲ ထုတ်ဖော်မပြောတတ် အရင်နေ့တွေက kookie လေးထမင်းမစားတုံးကဆို သူလဲထမင်းမစား ဘဲနေခဲ့တယ် အချိန်ကြာလာတော့ ကလေးငယ်ကိုအားပြတ်မှာဆိုးတာကြောင့် အကိုလေး joon က အတင်းပြောကာကြွေးမှ ထမင်းအနည်းငယ်စားလာတဲ့ kookie လေးကြောင့် စိတ်အေးရတာအမှန် ဘယ်လိုအရာမျိုးဖြစ်ဖြစ် သားတွေကိုအလျော့ပေးတတ်တဲ့ သခင်ကြီးက ဒီကိစ္စမှာတော့ တဆက်လေးမှအလျော့ပေးချင်ပုံမပေါ် ဒါဟာလဲမယ်မယ်ကြီးရဲ့ အငြိုးအတေးတွေဟာ သခင်ကြီးအပေါ်ပါလွှမ်းမိုးနေသောကြောင့် ဖြစ်သည် သခင်မကတော့ အနေအေးသူပီပီ ဘယ်နေရာမှ ဝင်မဆုံးဖြတ် သားတွေရဲ့အဖြစ်ကိုကြည့်ပြီးသာ တငိုငိုတရီရီ မယ်တော်ကြီးကတော့ ကလေးတွေခံစားနေရတာကိုတောင်မမြင်နိုင်ဘဲ အတ္တမာနတွေဖုန်းလွှမ်းနေတုံး ခြံထဲကဒန်းလေးပေါ်မှာငြိမ်သက်စွာထိုင်နေတဲ့ kookie လေးကိုအနောက်ကနေ အသံပြုမိတော့ လှည့်ကြည့်လာတဲ မျက်ဝန်းငယ်လေးတွေမှာ မျက်ရည်ဥလေးတွေ တွဲခိုလျှက်
YOU ARE READING
Kim Love Jeon(Completed)
Roman d'amourမတူညီတဲ့အသိုင်းအဝိုင်းနှစ်ခုကြားမှာ ကိုတို့အချစ်တွေက မြေဇာပင်ဖြစ်ပေးရမှာတဲ့လား