အချိန်ကာလတွေဟာ ရက်ကိုလစား၊ လကိုနှစ်စားကာကုန်ဆုံးသွားရင်း အလယ်တန်းနောက်ဆုံးနှစ်ရဲ့ ဒီဇင်ဘာလကို ရောက်လာသည်။ ဆောင်းဟွန်းရော ဂျယ်ယွန်းရောပါ 15 နှစ်သား လူပျိုပေါက်လေးများပင် ဖြစ်လာကြပြီ။ မကြာခင် ဆောင်းဟွန်း မွေးနေ့ကို ရောက်ခါနီးလာပြီဖြစ်သည်။ ဒီဇင်ဘာလအစကို ရောက်သည်နှင့် ဆောင်းဟွန်းမွေးနေ့အတွက် အမြဲတမ်း လှုပ်လှုပ်ရှားရှားဖြစ်နေတတ်သော ဂျယ်ယွန်းကတော့ ထူးထူးဆန်းဆန်း ခါတိုင်းနဲ့မတူဘဲ ဒီအကြောင်းကို တစ်ခွန်းမှမဟဘဲ ငြိမ်နေသည်။ မွေးနေ့ကိုရော မေ့များမေ့နေသလားဟု တွေးမိကာ ဆောင်းဟွန်း စိတ်မကောင်း ဖြစ်သွားမိသည်။ သို့သော် အခုမှ 1 ရက်နေ့သာရှိသေး၍ အတွေးလွန်နေတာဖြစ်မှာပါဟုသာ ဖြေကာတွေးလိုက်သည်။
ဒီလိုနဲ့ ဒီဇင်ဘာ ၅ ရက်နေ့မနက်ကို ရောက်လာသည်။ မွေးနေ့နဲ့လည်း တဖြည်းဖြည်းနီးလာပြီ
ဖြစ်သလို ခရစ်စမတ်ကျောင်းပိတ်ရက်လည်း ရောက်လာတော့မည်ဖြစ်သည်။ ဂျယ်ယွန်းကအခုထိ မွေးနေ့အကြောင်းနဲ့ပတ်သက်၍ တုတ်တုတ်မျှမလှုပ်သေး။ကျောင်းသွားရာလမ်းတွင် ဆောင်းဟွန်းက ထူးထူးဆန်းဆန်းငြိမ်သက်နေသည်ကို ဂျယ်ယွန်းအကဲခတ်လိုက်မိသည်။ အရင်တုန်းကလည်း သူပြောသမျှကို ငြိမ်နားထောင်ပြီး လိုက်လာတာပါ။ ဒါပေမယ့် ဒီတစ်ခါငြိမ်နေသည်က မတူကြောင်းကို ဂျယ်ယွန်းကောင်းကောင်းသိသည်။ ဘာကြောင့် အခုလိုငြိမ်နေရသည်ကိုလည်း ဂျယ်ယွန်းသိသည်။ ပြောလက်စ စကားကို ရပ်လိုက်တော့ ဆောင်းဟွန်းက လှည့်ကြည့်သည်။
"ဘာလို့ရပ်လိုက်တာလဲ ဆက်ပြောလေ"
"မင်းကမှ နားထောင်မနေတာ"
"ငါ သေချာနားထောင်နေပါတယ်"
"နားမထောင်ပါဘူး"
"ဂျယ်ယွန်းရာ မရစ်ပါနဲ့"
"မရစ်ပါဘူး မင်းက နားမထောင်လို့ နားမထောင်ဘူးပြောနေတာ အခုက ဘာဖြစ်လို့
ငြိမ်နေတာလဲ ပြော""ဘာမှမဖြစ်ပါဘူးကွာ"
"မင်းတစ်ခုခုဖြစ်နေတာ သေချာပါတယ် ဒီလောက်သိသာနေတဲ့ကိစ္စကို"
YOU ARE READING
First Snow // Jakehoon(Completed)
Fanfictionကလေးတွေတုန်းကလို နှင်းတွေကြားမှာ လိုက်တမ်းပြေးတမ်းကစားရအောင်....။ မင်းရယ် ငါရယ် ဒီဇင်ဘာရဲ့နှင်းတွေရယ်။