Song recommendations
Say yes// Punch,Loco
Yours //Raiden, Chanyeol ,LeeHi, Changmo
Not spring, love or Cherry blossom//
IU,HIGH419 နှစ်အရွယ်ခန့်ရှိသည့် ကောင်လေးတစ်ယောက်သည် အလှဆင်ထားသော ခရစ်စမတ်သစ်ပင်ကြီးအောက်တွင် မတ်တပ်ရပ်ကာ စောင့်လျက်ရှိသည်။လေးနှစ်တိုင်ကြာသွားသော်လည်း
ကလေးရုပ်လေးပျောက်သွားသည်မှ လွဲ၍ ချောမောနုနယ်သော မျက်နှာထက်တွင်ရှိသည့် နှာတံစင်းစင်းပေါ်နှင့် ဘယ်ဘက်မျက်လုံးအောက်တွင် ရှိသည့် မှည့်နက်လေးနှစ်ခုမှာ မပြောင်းမလဲတည်ရှိနေဆဲ။ရိုးရိုးစင်းစင်းအနက်ရောင်ကုတ်အင်္ကျီအရှည်ကို ဝတ်ဆင်ထားသော်လည်း အရပ်ရှည်၍ ကြည့်ကောင်းသော ခန္ဓာကိုယ် အချိုးအစားကြောင့် ဘေးမှဖြတ်သွားသောသူအချို့ပင် နောက်ပြန်လှည့်ကြည့်သွားရသည်အထိပင်။~If all it is eight letters
Why is it so hard to say?~အိတ်ကပ်ထဲမှ မြည်လာသော ဖုန်းသံကြောင့် ဖုန်းကို ဆွဲထုတ်ကာ ကိုင်လိုက်သည်။
"ဟယ်လို ဂျုံဆောင်း
အင်း မင်းပြောတဲ့နေရာမှာပဲ စောင့်နေတယ်"" ငါ ဒီမှာကိစ္စလေးတစ်ခုရှိနေလို့
နောက်နာရီဝက်လောက်နေရင် လာခဲ့မယ်
ခဏလောက်ထပ်စောင့်ပေးလို့ရမလား
တကယ်အားနာပါတယ်ကွာ""ရတယ် ရတယ်
ငါလည်း အားနေတာမို့လို့ ကိစ္စမရှိဘူး
ဒါဆိုဖုန်းချလိုက်တော့မယ်နော်""အေး အေး ငါ နာရီဝက်အတွင်း သေချာပေါက်ရောက်အောင်လာခဲ့ပါ့မယ်ကွာ"
ဖုန်းကိုချလိုက်သည်နှင့်အတူ သက်ပြင်းကိုပါ တိုးတိုးချကာ ခရစ်စမတ်သစ်ပင်ကြီးနားရှိ ခုံတန်းပေါ်တွင် ထိုင်လိုက်သည်။တကယ်တမ်းပြောရလျှင် ဒီနေ့ ဂျုံဆောင်းနဲ့ တွေ့ဖို့အစီအစဉ်မရှိ။ဒီလိုပိတ်ရက်တိုင်း အိမ်ထဲမှာပဲ နေပြီး စာလုပ်ရင်လုပ် ဒါမှမဟုတ် ဂျယ်ယွန်းနဲ့တူတူသွားခဲ့သည့် cafe ဆိုင်လေးတွင် စာအုပ်ဖတ်နေတတ်သည်။သို့သော် ဂျုံဆောင်းက မနက်စောစောစီးစီးဖုန်းခေါ်လာပြီး ပြောစရာရှိသည်ဟူ၍ ချိန်းသောကြောင့် ဒီနေရာတွင် လာစောင့်နေရခြင်းဖြစ်သည်။
နေ့ခင်းမကျ ညနေမကျ အချိန်ဖြစ်၍ နှင်းမကျသေးသော်လည်း အအေးဓာတ်မှာ လျော့သွားခြင်းမရှိပဲ ပိုလို့တောင်တိုးလာသည်။ ဘေးပတ်ဝန်းကျင်ရှိ သစ်ပင်များသည်လည်း အရင်ရက်က နှင်းတွေကျထားသောကြောင့် သစ်ရွက်တို့ပင်မပေါ်တော့ဘဲနှင်းဖြူဖြူတို့နဲ့သာ ဖုံးအုပ်နေသည်။မလှမ်းမကမ်းရှိ ဘုရားကျောင်းမှ ဓမ္မတေးရွတ်ဆိုသံတိုးတိုးသဲ့သဲ့ကို ကြားနေရသည်။မကြာမီ ခရစ်စမတ်ရောက်လာတော့မည်။ သို့သော် ဒီဇင်ဘာလတွင် အရာရာတိုင်းသည် သူ့အတွက် ပျော်ရွှင်ဖို့မကောင်းပဲ လွမ်းဆွေးဖွယ်ကောင်းနေသည်။တဖွဲဖွဲကျနေတတ်သောအေးစက်စက်နှင်းတွေကအစ လမ်းဘေးတွင်
အစီအရီရှိနေတတ်သော ထင်းရှုးပင်မွဲခြောက်ခြောက်တို့ကအဆုံး တစ်ယောက်သောသူကို သတိရစေသည်။ပြီးတော့ ချောကလက်ကိတ်မုန့်တွေ.......။
YOU ARE READING
First Snow // Jakehoon(Completed)
Fanfictionကလေးတွေတုန်းကလို နှင်းတွေကြားမှာ လိုက်တမ်းပြေးတမ်းကစားရအောင်....။ မင်းရယ် ငါရယ် ဒီဇင်ဘာရဲ့နှင်းတွေရယ်။