8

19.9K 507 21
                                    

Unicode
********

ထိုနေ့က ကျေအေးမပေးခဲ့တာကြောင့် နှိုင်းသွေးနှင့် သက်လွှာနှိုင်းတို့ အချုပ်ထဲ၌ အိပ်ခဲ့ရသည်။ မဏိနှိုင်းလည်း ရဲတွေနှင့် ညှိနှိုင်းလို့ မရတဲ့အဆုံး ညီနှင့်ညီမကို နှစ်သိမ့်ကာ အိမ်သို့အရင် ပြန်ခဲ့လိုက်သည်။ သူအိမ်ပြန်ရောက်တော့ မနက် 4နာရီသာ ရှိသေးသော်လည်း တစ်အိမ်လုံး လင်းထိန်ကာ မိဘနှစ်ပါးက မျက်စိပျက် မျက်နှာပျက်ကာ ဧည့်ခန်းထဲ၌ ထိုင်နေသည်။ မဏိနှိုင်း ရင်ထဲ ထိပ်ခနဲ ဖြစ်သွားပြီး

"အဖေ..အမေ ..အစောကြီး နှိုးနေပါလား"
အမေက မျက်ရည်တွေ တွေတွေကြီး စီးကျလာကာ
"သား...အမေ ဒီတစ်ပတ်အတွင်း သိန်း (၁)သောင်း မလျော်ပေးနိုင်ရင် ထောင်ကျတော့မယ်၊ တောင်းပန်ပါတယ် သားရယ်၊ တောင်းပန်ပါတယ်.."

"ဗျာ...ဘယ်လိုဖြစ်တာလဲအမေ..၊ရုတ်တရက်ကြီး ဘာလို့လဲ"

"ဟိုးအပတ်က အမေ အာမခံပြီး ရောင်းပေးလိုက်တဲ့ လက်ဝတ်တန်ဆာ ၂စုံက အတုတွေ ဖြစ်နေလို့တဲ့သားရေ။ အမေတို့ ဒီကနေ စစ်ပြီး ရောင်းပေးလိုက်တုန်းက အစစ်တွေပါ။ ဟို ဝယ်လက်ရဲ့ လက်ထဲရောက်သွားတော့ ပြန်စစ်ကြည့်တာ အတုတွေ ဖြစ်နေလို့တဲ့၊ အခု ညတွင်းချင်းပဲ ဖုန်းဆက်လာတယ်၊ မနက်ဖြန်ကျရင် ရောင်းလက်၊ဝယ်လက် မျက်နှာခြင်းဆိုင်ပြီး ပြန်စစ်ဆေးကျမှာ။ အတုဆိုတာ မှန်ရင် အမေတော့ ထောင်ကျတော့မယ်။ ရောင်းတဲ့သူကလည်း သူနဲ့အမေနဲ့ စစ်တုန်းက အစစ်ပဲ ၊အမေ့လက်ထဲကနေ ဝယ်လက်ကို ပြောင်းတဲ့အချိန် ဖြစ်သွားတာဆိုတော့ အမေ တာဝန်ယူရမှာ....။ အမလေး...အဖြစ်ဆိုးလှချည်လား၊ ကံဆိုးမ သွားလေရာ မိုးလိုက်လို့ ရွာလေသလား.....၊အမလေး....."

မိခင်က ပြောရင်းဖြင့် ကြူကြူပါအောင် ငိုလေတော့သည်။
မဏိနှိုင်းကတော့ ညနက်သန်းခေါင်ကြီး ထပြီး ပြဿနာပေါ်လာထဲက သူ့အတွေးထဲ ပြေးဝင်လာတဲ့သူက တစ်ယောက်ထဲသာ။
"ခွေးမသား ဇေယျာ!!"

"အမေ..၊စိတ်မပူပါနဲ့ဗျာ၊ မနက်စစ်ကြည့်ရင် အစစ်ဖြစ်ချင်လည်း ဖြစ်နိုင်တာပဲ၊ အမေ စိတ်လျော့ပါဗျာ"

အဖေလည်း အမေ့ကို ရင်ခွင်ထဲ ဆွဲဖက်ကာ
"ဟန်နီရေ မငိုနဲ့တော့၊သားကြီးပြောသလိုပဲ အဆင်ပြေချင် ပြေသွားမှာပါ...မငိုနဲ့တော့နော်၊ အားလုံး အကို့အမှားတွေပါပဲ၊ ဟန်နီ မငိုပါနဲ့"

Daddy= Baby (Completed)Where stories live. Discover now